သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ထောက်ပံ့လမ်းကြောင်း ပါကစ္စတန် ပြန်ဖွင့်မည်

အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်လုပ်ငန်းတွေကို တိုက်ဖျက်ကြရင်းနဲ့ NATO တပ်ဖွဲ့တွေရဲ့ မတော်တဆ မှားယွင်းမှုကြောင့် ပါကစ္စတန်စစ်သား ၂၄ ဦး သေဆုံးခဲ့ရပြီးကတည်းက ပိတ်ထား ခဲ့တဲ့ ပါကစ္စတန်မြေကို ဖြတ်ပြီးတော့ သယ်ယူရတဲ့ NATO ထောက်ပံ့ရေးလမ်းကြောင်းကို ပြန်ဖွင့်တော့မှာဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

ဝန်ကြီး ဟီလာရီ ကလင်တန်က ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာ ရပ်ဘ်ဘနီ ခါး (Hina Rabbani Khar) နဲ့ တိုက်ရိုက် ဖုန်းဆက်သွယ်ပြီးတော့ ပါကစ္စတန်စစ်သား ၂၄ ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီးတော့ မတော်တဆမှားယွင်းမှုကို အသိပေး တောင်းပန်စကား ပြောကြားပါတယ်။ နှစ်ဘက်စလုံးရဲ့ ချို့ယွင်းမှုတွေကို အင်္ဂါနေ့က ပြောခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဘက်စလုံးက ဝမ်းနည်းကြောင်း ပြောကြပါတယ်။

အရင်တုန်းကတော့ အပြည့်အ၀ တောင်းပန်ရမယ်လို့ ပါကစ္စတန်အစိုးရက တောင်းဆိုခဲ့ပါ တယ်။ အမေရိကန်အာဏာပိုင်တွေက အလွန်ဝမ်းနည်းပါကြောင်းသာ ပြောခဲ့ကြတာပါ။

ပါကစ္စတန်နယ်မြေကို NATO ရဲ့ ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်သန်းရာမှာလည်း အကောက် အခွန် ကောက်ယူမှာမဟုတ်ဘူးလို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ ဝမ်းနည်းကြောင်းနဲ့ ရှင်းလင်း ပြောပြချက်တွေ ကို ပါကစ္စတန်အစိုးရက ကျေနပ်တဲ့အကြောင်း၊ အမေရိကန်-ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေး ကို ဆက်လက် ထိန်းသိမ်းသွားကြမှာ ဖြစ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး ရှယ်ရီ ရယ်မန် (Sherry Rehman) က ပြောကြားသွားပါတယ်။

This item is part of
XS
SM
MD
LG