သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းထဲ ရုရှားစစ်သည် တထောင်ရှိနေဆဲဟု NATO ပြောဆို


ရုရှားထောက်ခံတဲ့ ယူကရိန်းသူပုန်တပ်တွေနဲ့ ရုရှားတပ်သားများ ယူကရိန်း- ရုရှ နယ်စပ် လုံခြုံရေးယူ။
ရုရှားထောက်ခံတဲ့ ယူကရိန်းသူပုန်တပ်တွေနဲ့ ရုရှားတပ်သားများ ယူကရိန်း- ရုရှ နယ်စပ် လုံခြုံရေးယူ။

ယူကရိန်းနိုင်ငံထဲမှာ ရုရှားတပ်ဖွဲ့ဝင် ၁၀၀၀ လောက် ရှိနေကြောင်း နေတိုး ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ကူညီပေးနေတဲ့ ရုရှားတပ်ဖွဲ့ဝင် အတော်များများ ရုရှားကို ပြန်သွားကြပြီလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောဆိုအပြီး နောက်တနေ့မှာ နေတိုးက အခုလို ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ယူကရိန်းအတွင်းမှာ ရှိနေခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင် ၇၀ ရာခိုင်နှုန်းလောက် ရုရှားထဲကို ပြန်ဝင်သွားကြပြီလို့ မစ္စတာ ပိုရိုရှန်းကိုးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက် တည်မြဲနေမလားဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာပါတယ်။

အပစ်အခတ်ရပ်စဲရေး ရေရှည် ခံမခံဆိုတဲ့တာကိုတော့ သူတို့အနေနဲ့ အတိအကျ မပြောနိုင်ကြောင်း နေတိုးအဖွဲ့ အရာရှိက ကြာသပတေးနေ့မှာ ပြောပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင် ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အဲဒီ အရာရှိက ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွင်းမှာ များပြားတဲ့ ရုရှားစစ်လက်နက်တွေ ရှိနေသေးပြီး တပ်ဖွဲ့အင်အား ၂ သောင်းလောက်ဟာလည်း ရုရှားဘက်အခြမ်း နပ်စပ်မှာ ရှိနေကြကြောင်း အဲဒီ အရာရှိကပဲ ပြောပါတယ်။

ယူကရိန်းကို တပ်ဖွဲ့ အင်အားတွေနဲ့ စစ်လက်နက် ပစ္စည်းတွေပို့ပေးခဲ့ခြင်းမရှိကြောင်း ရုရှားအစိုးရက ငြင်းဆိုထားပေမယ့် ခွဲထွက်ရေး သူပုန်ခေါင်းဆောင်တွေကတော့ ရုရှားတပ်ဖွဲ့တွေဟာ သူတို့အားလပ်ရက်အတွင်း သူတို့နဲ့အတူ ယူကရိန်းတပ်ဖွဲ့တွေကို ကူညီ တိုက်ခိုက်ပေးခဲ့ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG