သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အပစ်ရပ်ရေး သမ္မတ ပူတင် အကြံ NATO သံသယဖြစ်


Newport မှာ ကျင်းပနေတဲ့ မြောက်အတ္တလန္တိတ် စစ်စာချုုပ် NATO မဟာမိတ် အစည်းအဝေး။
Newport မှာ ကျင်းပနေတဲ့ မြောက်အတ္တလန္တိတ် စစ်စာချုုပ် NATO မဟာမိတ် အစည်းအဝေး။

ယူကရိန်း ပဋိပက္ခဖြေရှင်းနိုင်မယ့် ငြိမ်းချမ်းတဲ့ အဖြေတခုရဖို့ အားထုတ် ကြိုးပမ်းမှု အားလုံးကို ကြိုဆိုပေမဲ့၊ ရုရှားရဲ့ ကြိုးပမ်းမှုတွေမှာ ရိုးသားမှု ရှိမရှိ ဆိုတာကို သံသယရှိကြောင်း NATO မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ပြောဆိုလိုက်ပါတယ်။ ယူကရိန်းမှာ အခြေအနေ တိုးတက်မှု ရှိမရှိ ဆိုတာကို တကယ်ဖြစ်နေတဲ့ အခြေအနေပေါ်မှာသာ ကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်ပြီး ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်နေဆဲပဲဆိုပြီးတော့လည်း မစ္စတာ Rasmussen က ပြောပါတယ်။

Newport မှာ ကျင်းပနေတဲ့ မြောက်အတ္တလန္တိတ် စစ်စာချုုပ် NATO မဟာမိတ် အစည်းအဝေးအတွင်း ဥရောပအရှေ့ဖက်က ပဋိပက္ခတွေဖြစ်ပွါးနေတဲ့ ရုရှား ယူကရိန်း နယ်စပ်မှာ အချိန်တိုအတွင်း တိုက်ခိုက်ရေးတပ်တွေ လျင်လျင်မြန်မြန် ဘယ်လို ဖြန့်ကျက် ချထားနိုင်မလည်း ဆိုတာနဲ့ ပါတ်သတ်ပြီး ဆွေးနွေးမှာ ဖြစ်တဲ့ အကြောင်း မျှော်လင့်ထားကြတာပါ။ ဒါပေမယ့် ရုရှားနယ်စပ်မှာ နေတိုး မဟာမိတ်တပ်တွေ လာရောက် တပ်ဖြန့်ချထားမှာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ ရုရှားက အဲ့ဒီအစီအစဉ်အပေါ် ကန့်ကွက်ပါတယ်။

NATO မဟာမိတ်အဖွဲ့တွေ လာပြီး တပ်ဖြန့် ချထားမယ်ဆိုလျင် အရှေ့ဥရောပက သူတို့ရဲ့ စစ်ရေး သေနင်္ဂဗျူဟာအပေါ် ပြန်ပြီး သုံးသပ်ရမယ်ဆိုပြီး ရုရှားက အခုအပါတ် အစောပိုင်းတုန်းက ပြောခဲ့တာပါ။ ယူကရိန်းမှာ ရုရှားတပ်ဖွဲ့ဝင်တွေ ၁၀၀၀ လောက်ရှိမယ်ဆိုပြီး NATO က ခန့်မှန်းထားပေမယ့် ရုရှားကတော့ ဒီလိုစွပ်စွဲချက်တွေအပေါ် တောက်လျှောက် ငြင်းဆန်လာခဲ့တာပါ။

XS
SM
MD
LG