သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အေးခေတ်ကို NATO ပြန်လှည့်နေပြီဟု ရုရှားဝေဖန်


ရုရှားရဲ့ နေတိုးအဖွဲ့ အထူးကိုယ်စားလှယ် Alexander Grushko
ရုရှားရဲ့ နေတိုးအဖွဲ့ အထူးကိုယ်စားလှယ် Alexander Grushko
ယူကရိန်း ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းယူခဲ့တဲ့အတွက် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းဖို့ နေတိုးအဖွဲ့က စဉ်းစားတာဟာ စစ်အေးကာလကို ပြန်သွားနေတာပဲလို့ ရုရှားက စွပ်စွဲပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ twitter လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရုရှားရဲ့ နေတိုးအဖွဲ့ အထူးကိုယ်စားလှယ် Alexander Grushko က နေတိုးရဲ့ စစ်အေးခေတ် စရိုက်လက္ခဏာတွေ ထကြွနေတယ်လို့ဆိုပြီး ဒီကနေ့ ရေးသားထားပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်းအရေး ကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့ Brussels မြို့မှာ ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပနေတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ အရပ်ဘက်ရော စစ်ဘက်ပါ ပူးပေါင်းဆောင်ရွက်မှု အားလုံး တရားဝင် ရပ်ဆိုင်းဖို့ နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေ အင်္ဂါနေ့က ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ခရိုင်းမီးယား ကျွန်းဆွယ်ဒေသ ယူကရိန်းနိုင်ငံက ခွဲထွက်မှုကို သူ့အနေနဲ့ လက်မခံကြောင်းနဲ့ ရုရှားအနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဖို့လည်း သူတို့က တိုက်တွန်းပါတယ်။ နေတိုး အဖွဲ့ဝင်တွေနဲ့ ရုရှားနိုင်ငံကြား သံတမန် ဆက်ဆံရေးကိုတော့ ဆက်လက် လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG