သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိကမ္ဘာအခြေအနေနဲ့စိန်ခေါ်ချက်များ နေတိုးခေါင်းဆောင်တွေဆွေးနွေး


Spain NATO Summit
Spain NATO Summit

[[Zawgyi/Unicode]]


လက်ရှိကမ္ဘာအခြေအနေနဲ့စိန်ခေါ်ချက်များ နေတိုးခေါင်းဆောင်တွေဆွေးနွေး

စပိန်နိုင်ငံ Madrid မြို့တော်မှာကျင်းပနေတဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲကို ကူညီရေးနဲ့ လက်ရှိနဲ့အနာဂါတ် စိန်ခေါ်မှုတွေကို NATO အဖွဲ့အနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံကို နောက်ထပ် ပံ့ပိုးကူညီဖို့ ခေါင်းဆောင်တွေ သဘောတူကြလိမ့်မယ့်လို့ မျှော်လင့်ရပါတယ်။ ဥရောပမှာ ပြောင်းလဲနေတဲ့ လုံခြုံရေးအခြေအနေအရ လုံခြုံရေးကို စုပေါင်းအားဖြည့်တဲ့အနေနဲ့ အမေရိကန်တပ်တွေထပ်ဖြည့်မယ်အစီအစဉ်ကို အမေရိကန်သမ္မတ Joe Biden က Madrid မြို့တော်မှာ ဒီနေ့ ကြေညာခဲ့ပါတယ်။

“ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းစတဲ့ ဘက်ပေါင်းစုံကလာတဲ့ ရန်တွေကို NATO အဖွဲ့အနေနဲ့ ကာကွယ်နိုင်ဖို့ မဟာမိတ်တွေနဲ့အတူ အမေရိကန်က အသေအချာ အသင့်ပြင်ထားမယ်” လို့ သမ္မတ Joe Biden က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဥရောပမှာ ငြိမ်းချမ်းရေးပျက်ပြားအောင် ရုရှားသမ္မတ Putin ကလုပ်နေပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေက လုံခြုံတည်ငြိမ်အောင် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။ NATO အဖွဲ့ဝင်နိုင်ငံတွေမှာ အမေရိကန် တိုက်လေယဉ်တွေ၊ ဖျက်သင်္ဘောတွေအပြင် တပ်သားအင်အားကို တိုးမြှင့်သွားမယ်လို့လည်း သမ္မတ Biden ကကြေညာခဲ့ပါတယ်။

စပိန်နိုင်ငံမှာကျင်းပနေတဲ့ NATO ခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က Video call ကတဆင့် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ NATO အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့ Finland နဲ့ Sweden ခေါင်းဆောင်တွေလည်း NATO ထိပ်သီးစည်းဝေးပွဲကို တက်ရောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







XS
SM
MD
LG