သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖင္လန္ ေနတိုးအဖြဲ႔ဝင္ျဖစ္ေရး အျမန္ဆုံးေဆာင္ရြက္မည္


ဖင္လန္သမၼတ Sauli Niinisto က Helsinki ၿမိဳ႕မွာ NATO အစည္းအေဝးအၿပီး စကားေျပာစဥ္။

[[Zawgyi/Unicode]]

ေျမာက္အတၱလန္တိတ္စာခ်ဳပ္ ေနတိုး အဖြဲ႔ဝင္ျဖစ္ေရး ဖင္လန္ႏိုင္ငံရဲ႕ ေလွ်ာက္လႊာကို ၾသဂုတ္လ လႊတ္ေတာ္အားလပ္ရက္မတိုင္ခင္ အေမရိကန္လႊတ္ေတာ္က အတည္ျပဳေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဖင္လန္ သမၼတ Sauli Niinisto နဲ႔ Helsinki ၿမိဳ႕မွာ မေတြ႔ဆုံခင္ အေမရိကန္အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell က ေျပာၾကားလိုက္ပါတယ္။

ၾသဂုတ္လအတြင္း လႊတ္ေတာ္ ပုံမွန္အားလပ္ရက္မတိုင္ခင္ အတည္ျပဳေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း Mitch McConnell က ဒီကေန႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈရဲ႕ ေနာက္ဆက္တြဲအျဖစ္နဲ႔ ဖင္လန္ႏိုင္ငံဟာ အရင္က စစ္ေရးအရ ဘက္မလိုက္ႏိုင္ငံအျဖစ္ ရပ္တည္လာရာကေန သမိုင္းတြင္မယ့္ ႏိုင္ငံျခားေရးမူဝါဒ ေျပာင္းလဲမႈကို ခ်မွတ္ခဲ့ၿပီး ေနတိုးအဖြဲ႔ဝင္အျဖစ္ ေလွ်ာက္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း ဖင္လန္သမၼတက မေန႔ တနဂၤေႏြေန႔မွာ တရားဝင္ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဖင္လန္ႏိုင္ငံ ေနတိုးအဖြဲ႔ဝင္ျဖစ္ေရးအတြက္ အေမရိကန္က ပါတီႀကီး ၂ ရပ္စလုံးက အမတ္ေတြက ေထာက္ခံၾကတယ္လို႔ McConnell က ေျပာပါတယ္။ အားလုံးက တညီတၫြတ္တည္း ေထာက္ခံၾကတာမ်ဳိးမဟုတ္ေပမယ့္ လႊတ္ေတာ္အမတ္ အမ်ားစုက ေထာက္ခံၾကမယ္လို႔ သူက ေျပာပါတယ္။

ဒါ့အျပင္ ရီပတ္ဘလီကန္ပါတီအေနနဲ႔လည္း ဒီ ေနတိုး စစ္ေရးမဟာမိတ္အဖြဲ႔မွာ အေမရိကန္ ဆက္လက္ ပါဝင္ေနေရးအတြက္ လုပ္ေဆာင္သြားမယ္ဆိုတာကို ကတိျပဳေၾကာင္း အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]


ဖင်လန် နေတိုးအဖွဲ့ဝင်ဖြစ်ရေး အမြန်ဆုံးဆောင်ရွက်မည်

မြောက်အတ္တလန်တိတ်စာချုပ် နေတိုး အဖွဲ့ဝင်ဖြစ်ရေး ဖင်လန်နိုင်ငံရဲ့ လျှောက်လွှာကို သြဂုတ်လ လွှတ်တော်အားလပ်ရက်မတိုင်ခင် အမေရိကန်လွှတ်တော်က အတည်ပြုပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဖင်လန် သမ္မတ Sauli Niinisto နဲ့ Helsinki မြို့မှာ မတွေ့ဆုံခင် အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က ပြောကြားလိုက်ပါတယ်။

သြဂုတ်လအတွင်း လွှတ်တော် ပုံမှန်အားလပ်ရက်မတိုင်ခင် အတည်ပြုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Mitch McConnell က ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ဖင်လန်နိုင်ငံဟာ အရင်က စစ်ရေးအရ ဘက်မလိုက်နိုင်ငံအဖြစ် ရပ်တည်လာရာကနေ သမိုင်းတွင်မယ့် နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲမှုကို ချမှတ်ခဲ့ပြီး နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဖင်လန်သမ္မတက မနေ့ တနင်္ဂနွေနေ့မှာ တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။

ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် အမေရိကန်က ပါတီကြီး ၂ ရပ်စလုံးက အမတ်တွေက ထောက်ခံကြတယ်လို့ McConnell က ပြောပါတယ်။ အားလုံးက တညီတညွတ်တည်း ထောက်ခံကြတာမျိုးမဟုတ်ပေမယ့် လွှတ်တော်အမတ် အများစုက ထောက်ခံကြမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရီပတ်ဘလီကန်ပါတီအနေနဲ့လည်း ဒီ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့မှာ အမေရိကန် ဆက်လက် ပါဝင်နေရေးအတွက် လုပ်ဆောင်သွားမယ်ဆိုတာကို ကတိပြုကြောင်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က ပြောပါတယ်။

=========

XS
SM
MD
LG