သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပအေရွ႕ဘက္ ေနတိုးအင္အားတိုးခ်ဲ႕မႈ ႐ုရွားသမၼတအျပစ္တင္


Verificado Vladimir Putin Engañoso

[[Zawgyi/Unicode]]

ယူကရိန္းနဲ႔ပတ္သက္ၿပီး ႐ုရွားက ဘာပဲလုပ္လုပ္ အေနာက္ႏိုင္ငံေတြက ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ႐ုရွားသမၼတပူတင္က တနလၤာေန႔က ေျပာလိုက္ပါတယ္။

ေနတိုးက အေရွ႕ဘက္ကိုခ်ဲ႕လာတာကို ေျမပုံမွာ ၾကည့္ႏိုင္တယ္လို႔ ႐ုရွားသမၼတပူတင္က ဆိုပါတယ္။ က်ေနာ္တို႔ကို သူတို႔က အ႐ူးလုပ္ခဲ့ၾကတာပါ။ ေနတိုးက အဆင့္ ၅ ဆင့္နဲ႔ တဆင့္ၿပီးတဆင့္တိုးခ်ဲ႕ခဲ့တာ က်ေနာ္တို႔မွာ ရွိပါတယ္လို႔ ႐ုရွားတႏိုင္ငံလုံးကို ေျပာတဲ့ သူ႔ရဲ႕ မိန႔္ခြန္းမွာ ေျပာၾကားခဲ့တာပါ။ အဲဒီ မိန႔္ခြန္းမွာ အေမရိကန္က ပိတ္ဆို႔အေရးယူမွာ နဲ႔ ႐ုရွားရဲ႕လုံၿခဳံေရးအေၾကာင္းကို သူက ေျပာခဲ့တာ ျဖစ္ပါတယ္။

ရလာဒ္ကေတာ့ ေနတိုးရဲ႕ စစ္ေရးအေျခခံအေဆာက္အအုံေတြက ႐ုရွားရဲ႕နယ္စပ္ကို ေရာက္ရွိလာခဲ့တယ္လို႔ သူက ဆိုပါတယ္။ ဥေရာပလုံၿခဳံေရး အက်ပ္အတည္းျဖစ္ရတဲ့အေၾကာင္းေတြထဲက ဒါဟာ အေၾကာင္းတေၾကာင္း ျဖစ္ပါတယ္လို႔လည္း သူက ေျပာသြားခဲ့ပါတယ္။ ႐ုရွားက လုံၿခဳံေရးစိုးရိမ္ခ်က္ေတြကို ေျပာခဲ့ေပမယ့္ အေမရိကန္နဲ႔ ေနတိုးက မေျဖၾကားခဲ့ၾကဘူးလို႔ သမၼတပူတင္က ဆိုပါတယ္။ က်ေနာ္တို႔ ရဲ႕လုံၿခဳံေရးကိုကာကြယ္မယ့္ ေဆာင္႐ြက္ခ်က္ေတြကို ဆုံးျဖတ္ပိုင္ခြင့္ရွိသလို မိမိရဲ႕လုံၿခဳံေရးကို ကာကြယ္ပိုင္ခြင့္လည္း ရွိတယ္။ က်ေနာ္တို႔ လုပ္မွာ ဒါပါပဲ လို႔ သူက အဲဒီ မိန႔္ခြန္းမွာ ေျပာသြားခဲ့ပါတယ္။

အေမရိကန္နဲ႔ ေနတိုး မဟာမိတ္ေတြကေတာ့ ႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္ဖို႔ အေၾကာင္းရွာေနတာသာ ျဖစ္တယ္လို႔ ေျပာၾကပါတယ္။

#NATORussia #UkraineCrisis #VOABurmese #႐ုရွား #ေနတိုး #ယူကရိန္း #အေမရိကန္ #ပူတင္ #ဗီြအိုေအ
=================

[[Unicode]]

ဥရောပအရှေ့ဘက် နေတိုးအင်အားတိုးချဲ့မှု ရုရှားသမ္မတအပြစ်တင်

ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားက ဘာပဲလုပ်လုပ် အနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူလိမ့်မယ်လို့ ယုံကြည်ကြောင်း ရုရှားသမ္မတပူတင်က တနင်္လာနေ့က ပြောလိုက်ပါတယ်။

နေတိုးက အရှေ့ဘက်ကိုချဲ့လာတာကို မြေပုံမှာ ကြည့်နိုင်တယ်လို့ ရုရှားသမ္မတပူတင်က ဆိုပါတယ်။ ကျနော်တို့ကို သူတို့က အရူးလုပ်ခဲ့ကြတာပါ။ နေတိုးက အဆင့် ၅ ဆင့်နဲ့ တဆင့်ပြီးတဆင့်တိုးချဲ့ခဲ့တာ ကျနော်တို့မှာ ရှိပါတယ်လို့ ရုရှားတနိုင်ငံလုံးကို ပြောတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။ အဲဒီ မိန့်ခွန်းမှာ အမေရိကန်က ပိတ်ဆို့အရေးယူမှာ နဲ့ ရုရှားရဲ့လုံခြုံရေးအကြောင်းကို သူက ပြောခဲ့တာ ဖြစ်ပါတယ်။

ရလာဒ်ကတော့ နေတိုးရဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေက ရုရှားရဲ့နယ်စပ်ကို ရောက်ရှိလာခဲ့တယ်လို့ သူက ဆိုပါတယ်။ ဥရောပလုံခြုံရေး အကျပ်အတည်းဖြစ်ရတဲ့အကြောင်းတွေထဲက ဒါဟာ အကြောင်းတကြောင်း ဖြစ်ပါတယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။ ရုရှားက လုံခြုံရေးစိုးရိမ်ချက်တွေကို ပြောခဲ့ပေမယ့် အမေရိကန်နဲ့ နေတိုးက မဖြေကြားခဲ့ကြဘူးလို့ သမ္မတပူတင်က ဆိုပါတယ်။ ကျနော်တို့ ရဲ့လုံခြုံရေးကိုကာကွယ်မယ့် ဆောင်ရွက်ချက်တွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိသလို မိမိရဲ့လုံခြုံရေးကို ကာကွယ်ပိုင်ခွင့်လည်း ရှိတယ်။ ကျနော်တို့ လုပ်မှာ ဒါပါပဲ လို့ သူက အဲဒီ မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။

အမေရိကန်နဲ့ နေတိုး မဟာမိတ်တွေကတော့ ရုရှားက ယူကရိန်းကိုကျူးကျော်ဖို့ အကြောင်းရှာနေတာသာ ဖြစ်တယ်လို့ ပြောကြပါတယ်။

#NATORussia #UkraineCrisis #VOABurmese #ရုရှား #နေတိုး #ယူကရိန်း #အမေရိကန် #ပူတင် #ဗွီအိုအေ
=================

XS
SM
MD
LG