သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ ေနတိုးနဲ႔႐ုရွားစစ္ျဖစ္ရင္ ႀကီးမားတဲ့ဆုံးရႈံးမႈရွိမယ္” ေနတိုးအႀကီးအကဲသတိေပး


NATO-SUMMIT/

[[Zawgyi/Unicode]]

တကယ္လို႔ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO အဖြဲ႔နဲ႔ ႐ုရွားၾကား စစ္ပြဲေတြျဖစ္လာခဲ့မယ္ဆိုရင္ ႀကီးမားတဲ့ ထိခိုက္ ဆံုး႐ႈံုးမႈေတြ ျဖစ္လာမယ္လို႔ NATO အဖဲြ႕အႀကီးအကဲက ေျပာၾကားလိုက္ပါတယ္။ စပိန္ႏိုင္ငံ Madrid ၿမိဳ႕ေတာ္မွာျပဳလုပ္ေနတဲ့ NATO အဖဲြ႔ ထိပ္သီးစည္းေဝးပြဲ ေနာက္ဆံုးေန႔မွာ အဖြဲ႔ အႀကီးအကဲ Jens Stotenberg ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ကေတာ့ NATO အဖဲြ႕ထဲဝင္ေရာက္ဖို႔ေလွ်ာက္ထားတဲ့ Sweden နဲ႔ Finland ႏိုင္ငံတို႔ကို NATO ေခါင္းေဆာင္ေတြ တရားဝင္ႀကိဳဆိုခဲ့ၾကပါတယ္။ ႐ုရွားဟာ NATO အတြက္ တိုက္႐ိုက္ၿခိမ္းေျခာက္မႈျဖစ္တယ္လို႔ NATO ေခါင္းေဆာင္ေတြက ေျပာၾကားခဲ့ပါတယ္။

႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ဒဏ္ခံေနရတဲ့ ယူကရိန္းအေနနဲ႔ ေငြေၾကးေရာ စစ္ေရးအရပါ ေထာက္ပံ့မႈေတြ လိုအပ္ေနတယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က NATO ထိပ္သီးစည္းေဝးပြဲမွာ Video call ကေန ေျပာၾကားတဲ့ မိန္႔ခြန္းထဲမွာ ထပ္ၿပီး ေတာင္းဆိုသြားပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ဆိုင္တဲ့ သတင္းကေတာ့ ယူကရိန္းႏိုင္ငံ Snake ကၽြန္းကေန ႐ုရွားတပ္ေတြ ႐ုတ္သိမ္းခဲ့ၿပီလို႔ ႐ုရွားကာကြယ္ေရးဌာနက ေၾကညာပါတယ္။ ေဖေဖာ္ဝါရီလကုန္ပိုင္း ႐ုရွားတို႔ က်ဴးေက်ာ္စစ္ စတိုက္ခ်ိန္က Odesa ဆိပ္ကမ္းၿမိဳ႕နားက ပင္လယ္နက္ထဲမွာရွိတဲ့ Snake ကၽြန္းမွာ ႐ုရွားတပ္ေတြ ေျခကုပ္ယူတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

႐ုရွားတပ္ေတြအေပၚ ယူကရိန္းတပ္ေတြ တိုက္ခိုက္ခဲ့ၿပီးေနာက္မွာ သူတို႔တပ္ေတြ ဆုတ္သြားၿပီလို႔ ႐ုရွားက ေၾကညာတာျဖစ္ပါတယ္။ ေသာင္တင္ေနတဲ့ ယူကရိန္း ေကာက္ပဲ သီးႏွံေတြကို Odesa ဆိပ္ကမ္းၿမိဳ႕ကေန လိုရာႏိုင္ငံေတြတင္ပို႔ႏိုင္ဖို႔ ကုလသမဂၢရဲ႕ အားထုတ္မႈမွာ အေႏွာင့္အယွက္မျဖစ္ေအာင္ စိတ္ေကာင္ ေစတနာနဲ႔ တပ္ေတြ႐ုပ္သိမ္းလိုက္တာျဖစ္တယ္လို႔ ႐ုရွားတို႔က ဆိုပါတယ္။ ႐ုရွားတပ္ေတြ Snake ကၽြန္းေပၚမွာ မရွိေတာ့ဘူးလို႔ ယူကရိန္းသမၼတရံုး အႀကီးအကဲက အတည္ျပဳပါတယ္။

႐ုရွားတို႔ဖမ္းဆီးထားတဲ့ တိုက္ခိုက္ေရးသမား ၁၄၄ ေယာက္ကိုလည္း ႐ုရွားတို႔ျပန္လႊတ္ေပးခဲ့တယ္လို႔ ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔က ေၾကညာပါတယ္။ အက်ဥ္းသားလဲလွယ္ေရးအစီအစဥ္အရ လြတ္ေျမာက္လာသူေတြထဲမွာ ၁၀၀ နီးပါးက Mariupol ၿမိဳ႕က တိုက္ခိုက္ေရးသမားေတြျဖစ္ၾကတယ္လို႔ ေျပာပါတယ္။ Mariupol ၿမိဳ႕က Azovstal သံမဏိစက္ရံုမွာ ေျခကုပ္ယူတိုက္ခိုက္ခဲ့ၾကတဲ့ တိုက္ခိုက္ေရးသမားေတြကို ေနာက္ဆံုး လက္နက္ခ်ထြက္လာခ်ိန္ ႐ုရွားထိန္းခ်ဳပ္နယ္ေျမေတြမွာ ဖမ္းဆီးခံခဲ့ၾကရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

“နေတိုးနဲ့ရုရှားစစ်ဖြစ်ရင် ကြီးမားတဲ့ဆုံးရှုံးမှုရှိမယ်” နေတိုးအကြီးအကဲသတိပေး

တကယ်လို့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့နဲ့ ရုရှားကြား စစ်ပွဲတွေဖြစ်လာခဲ့မယ်ဆိုရင် ကြီးမားတဲ့ ထိခိုက် ဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ NATO အဖွဲ့အကြီးအကဲက ပြောကြားလိုက်ပါတယ်။ စပိန်နိုင်ငံ Madrid မြို့တော်မှာပြုလုပ်နေတဲ့ NATO အဖွဲ့ ထိပ်သီးစည်းဝေးပွဲ နောက်ဆုံးနေ့မှာ အဖွဲ့ အကြီးအကဲ Jens Stotenberg ကပြောကြားခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ NATO အဖွဲ့ထဲဝင်ရောက်ဖို့လျှောက်ထားတဲ့ Sweden နဲ့ Finland နိုင်ငံတို့ကို NATO ခေါင်းဆောင်တွေ တရားဝင်ကြိုဆိုခဲ့ကြပါတယ်။ ရုရှားဟာ NATO အတွက် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တယ်လို့ NATO ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းအနေနဲ့ ငွေကြေးရော စစ်ရေးအရပါ ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က NATO ထိပ်သီးစည်းဝေးပွဲမှာ Video call ကနေ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထပ်ပြီး တောင်းဆိုသွားပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ဆိုင်တဲ့ သတင်းကတော့ ယူကရိန်းနိုင်ငံ Snake ကျွန်းကနေ ရုရှားတပ်တွေ ရုတ်သိမ်းခဲ့ပြီလို့ ရုရှားကာကွယ်ရေးဌာနက ကြေညာပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်း ရုရှားတို့ ကျူးကျော်စစ် စတိုက်ချိန်က Odesa ဆိပ်ကမ်းမြို့နားက ပင်လယ်နက်ထဲမှာရှိတဲ့ Snake ကျွန်းမှာ ရုရှားတပ်တွေ ခြေကုပ်ယူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရုရှားတပ်တွေအပေါ် ယူကရိန်းတပ်တွေ တိုက်ခိုက်ခဲ့ပြီးနောက်မှာ သူတို့တပ်တွေ ဆုတ်သွားပြီလို့ ရုရှားက ကြေညာတာဖြစ်ပါတယ်။ သောင်တင်နေတဲ့ ယူကရိန်း ကောက်ပဲ သီးနှံတွေကို Odesa ဆိပ်ကမ်းမြို့ကနေ လိုရာနိုင်ငံတွေတင်ပို့နိုင်ဖို့ ကုလသမဂ္ဂရဲ့ အားထုတ်မှုမှာ အနှောင့်အယှက်မဖြစ်အောင် စိတ်ကောင် စေတနာနဲ့ တပ်တွေရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ရုရှားတို့က ဆိုပါတယ်။ ရုရှားတပ်တွေ Snake ကျွန်းပေါ်မှာ မရှိတော့ဘူးလို့ ယူကရိန်းသမ္မတရုံး အကြီးအကဲက အတည်ပြုပါတယ်။

ရုရှားတို့ဖမ်းဆီးထားတဲ့ တိုက်ခိုက်ရေးသမား ၁၄၄ ယောက်ကိုလည်း ရုရှားတို့ပြန်လွှတ်ပေးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အရ လွတ်မြောက်လာသူတွေထဲမှာ ၁၀၀ နီးပါးက Mariupol မြို့က တိုက်ခိုက်ရေးသမားတွေဖြစ်ကြတယ်လို့ ပြောပါတယ်။ Mariupol မြို့က Azovstal သံမဏိစက်ရုံမှာ ခြေကုပ်ယူတိုက်ခိုက်ခဲ့ကြတဲ့ တိုက်ခိုက်ရေးသမားတွေကို နောက်ဆုံး လက်နက်ချထွက်လာချိန် ရုရှားထိန်းချုပ်နယ်မြေတွေမှာ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။

XS
SM
MD
LG