သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သင်္ဘောသားများသတ်မှု စွပ်စွဲခံရသူနော်ခမ်းကို မြန်မာအရာရှိများစစ်ဆေး


25일 시리아 내전으로 인해 폐허가 된 홈스시 전경.
25일 시리아 내전으로 인해 폐허가 된 홈스시 전경.
မြန်မာဘက်က စစ်ဘက် အရာရှိတွေဟာ တရုတ်က ဖမ်းဆီးမိထားတဲ့ နော်ခမ်း ကို ယူနန်ပြည်နယ်ကို လာရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေ က မနေ့က ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနဲ့ ဆက်လျဉ်းပြီး ရှမ်းအမျိုးသား နော်ခမ်းကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံအတော်များများက အလိုရှိနေကြတာပါ။ သူ့အပါအဝင် ဖမ်းမိထားသူတွေကို တရုတ် သင်္ဘောသားတွေကို သတ်ဖြတ်မှုနဲ့ တရားစီရင်စစ်ဆေးတော့မယ်လို့လည်း တရုတ် အာဏာပိုင်တွေ က ပြောပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု လူသတ်မှုတွေနဲ့ စပ်လျဉ်းပြီး မြန်မာ၊ တရုတ်၊ ထိုင်း၊ လော နိုင်ငံတို့က အလိုရှိနေတဲ့ နော်ခမ်းကို မြန်မာအရာရှိတွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို သွားရောက်ပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို တရုတ် ရုပ်သံကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။

မနှစ် အောက်တိုဘာလ ၅ ရက်နေ့ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု မှာ နော်ခမ်းဟာ အဓိက တာဝန်ရှိသူလို့ တရုတ်အာဏာပိုင်တွေဘက်က ယူဆထားကြတာ ပါ။ နော်ခမ်းဟာ ဒီနှစ် ဧပြီလ ၂၅ ရက်နေ့ လောနိုင်ငံတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တရုတ်နိုင်ငံကို လွဲှပြောင်းပေးအပ်တာ ခံရပါတယ်။ တရုတ်နိုင်ငံအနေနဲ့တာ့ သူ့ကို ရှေ့လထဲ တရားစီရင်ကြားနာဖို့ ရှိတယ်လို့ ယူနန်ပြည်နယ် ရဲဌာန ဒုတိယအကြီးအကဲ Xian Yanming က ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ၅ ရက် အမှုကိစ္စနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့မှာ ပတ်သက်နေ တဲ့ နော်ခမ်း၊ ရှော်ခမ်း၊ ယင်းလန် နဲ့ အခြားသံသယရှိသူတွေကို နောက်လကျရင် တရုတ်နိုင်ငံထဲမှာ တရားစီရင်ကြားနာသွားမှာ ဖြစ်ပါတယ်။”

အသက် ၄၈ နှစ်အရွယ် နော်ခမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အလိုရှိတဲ့စာရင်းမှာပါ ထည့်သွင်းဖော်ပြထား တာဖြစ်ပါတယ်။ နော်ခမ်းဟာ မဲခေါင်မြစ်အတွင်း သင်္ဘောတွေကို တိုက်ခိုက်တာ၊ သင်္ဘောသားတွေကို သတ်ဖြတ်တာတွေကြောင့် ရွှေတြိဂံဒေသမှာ ပြီးခဲ့တဲ့နှစ် ကာလက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

မြန်မာဘက်က အဲဒီ လူသတ်မှုတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင် ရွက်ခဲ့ပြီး မဲခေါင်မြစ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ နယ်စပ်တကြောဖြစ်နေတဲ့ ရာဇဝတ်မှု နှိမ်နင်းရေး ကိစ္စ ရပ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်ကို ရောက်နေတဲ့ မြန်မာ စစ်အရာရှိတွေက ပြော ခဲ့ပါတယ်။

တရုတ် သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာတော့ နော်ခမ်းအပါအဝင် သူ့ရဲ့အမာခံ အဖွဲ့ဝင်တွေနဲ့ ထိုင်းစစ်သားအချို့ပူးပေါင်းပတ်သက်နေတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါ တယ်။ နော်ခမ်း ဖမ်းဆီး ခံရပြီးတဲ့နောက်တော့ သူ့ရဲ့လက်ထောက် စိုင်းအောင်မြတ်နဲ့ နောက်ပါ အဖွဲ့ဝင်အတော်များများဟာ တာချီလိတ်အခြေစိုက် မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့ကြပါ တယ်။ နောက်လိုက်အဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ခဲ့ပေမယ့်၊ စိုင်းအောင်မြတ်ကိုတော့ ကျိုင်းတုံအကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာ စိုင်းအောင်မြတ်လည်း ပတ်သက်တယ်ဆိုပြီး တရုတ် နိုင်ငံဘက်က လွဲှပြောင်းပေးအပ်ဖို့ မြန်မာဘက်ကိုတောင်းခံပေမယ့် မြန်မာ အာဏာပိုင်တွေ က ငြင်းပယ်ခဲ့ပါတယ်။ စိုင်းအောင်မြတ်ဖမ်းမိပြီးနောက် မြန်မာနယ်စပ်မှာရှိတဲ့ နော်ခမ်းရဲ့ ပိုင်ဆိုင်မှု အချို့ကိုလည်း မြန်မာစစ်တပ်က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

စိုင်းအောင်မြတ်ကိစ္စနဲ့ပဲ စပ်လျဉ်းပြီး တရုတ်နိုင်ငံရဲ့ အများပြည်သူလုံခြုံမှုဆိုင်ရာဝန်ကြီး Meng Jianzhu ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ တရုတ်သင်္ဘောသားတွေကို သတ်ဖြတ် မှု ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးရာမှာ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်း ဆောင်ရွက်ပေးဖို့ တရုတ်ဝန်ကြီးက တိုက်တွန်းသွားခဲ့ပါတယ်။ နော်ခမ်းနဲ့အဖွဲ့ဟာ ၂၀၀၈ ခုနှစ် ကတည်းကဆိုရင် တရုတ် သင်္ဘောတွေ၊ တရုတ်နိုင်ငံသားတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လက်နက်ကိုင် ရာဇဝတ်မှု ၂၈ မှုကို ကျူးလွန်ခဲ့တယ်လို့ တရုတ်ဝန်ကြီးက ပြောပါတယ်။ အဲဒီ အမှုတွေအတွင်းမှာပဲ ၁၆ ဦးသေဆုံးပြီး၊ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

မနှစ် အောက်တိုဘာလ ကုန်ပိုင်းကတော့ နိုင်ငံ လေးနိုင်ငံက အဆင်မြင့်ဝန်ကြီးတွေဟာ တရုတ်နိုင် ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံပြီး နယ်စည်းဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့နဲ့ မဲခေါင်မြစ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုံခြုံရေးကိစ္စရပ်တွေအတွက် ဆွေးနွေး သဘောတူညီမှုတွေ ရခဲ့ပါတယ်။ မဲခေါင်းမြစ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ လောနိုင်ငံတွေဟာ အခုအခါ ထောက်လှမ်းရေး သတင်းအချက်အလက်ဖလှယ်တာ၊ မဲခေါင် မြစ်ကြောင်းတလျှောက် လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်တာနဲ့ နယ်စည်းဖြတ်ကျော် ရာဇဝတ် မှုနှိမ်နင်းရေးကိစ္စတွေကို ပူးတွဲဆောင်ရွက်နေပါတယ်။
XS
SM
MD
LG