သုံးရလွယ်ကူစေသည့် Link များ

တနင်္သာရီတိုင်းလူ့အခွင့်အရေး နိုးကြားမှုရှိစေရေး ဆောင်ရွက်ပေးနေသူ နော်ပီသလော


ကရင်တိုင်းရင်းသူ နော်ပီသလော

ကရင်တိုင်းရင်းသူ နော်ပီသလောဟာ သူ့ဇာတိ တနင်္သာရီတိုင်းမှာ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်ရေး ကာကွယ် စောင့်ရှောက်မှု တွေကို ဆောင်ရွက်နေတဲ့ တနင်္သာရီ မိတ်ဆွေများအဖွဲ့ ဒါရိုက်တာလည်းဖြစ်၊ တာကပေါ လူငယ်အဖွဲ့ရဲ့ အကြံပေးလည်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ ပြည်ပက သတ္တုတွင်း တူးဖေါ်မှု၊ စားအုံးဆီပင် စိုက်ပျိုးမှုတွေ၊ လာရောက် ရင်းနှီး မြှုပ်နှံကြရာမှာ သူတို့အဖွဲ့က ဒေသခံတွေရဲ့ နစ်နာမှုတွေသတိရှိရှိနဲ့ နိုးကြားမှု ရှိစေဖို့ လဲသူတို့အဖွဲ့အစည်းတွေက လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်မှာ တင်ပြဖို့ ဝါရှင်တန်ဒီစီ ကို ရောက်နေတဲ့ နော်ပီသလော ကို မေးမြန်းချက် ပထမပိုင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG