သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ် အမေရိကန်ခရီးစတင်


ပါကစ္စတန်ဝန်ကြီးချုပ် nawaz sharif
ပါကစ္စတန်ဝန်ကြီးချုပ် nawaz sharif
ပါကစ္စန်ဝန်ကြီးချုပ် Nawaz Sharif ဟာ အမေရိကန် အစိုးရနဲ့ pkaistan အစိုးရကြား ဒီနှစ်ပိုင်းတွေအတွင်းမှာ ဆက်ဆံရေးအဖုအထစ်တွေ ရှိနေစေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး ဆွေးနွေးကြဖို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိနေပါတယ်။

Mr Sharif ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ဒီကနေ့တွေ့ဆုံပြီး ဗုဒ္ဓဟူးနေ့ကျရင်တော့ သမ္မတ Barack Obama နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ Pakistan နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ပြဿနာတွေ ဆက်တိုက်ကြုံခဲ့ပြီးမှ ဒီနှစ်မှာတော့ အဆင်ပြေစပြုလာတာပါ။

အစိုးရနှစ်ရပ်ကြား ဆက်ဆံရေးပြန်ပြီးတော့ တိုးတက်လာတဲ့ လက္ခဏာအဖြစ်နဲ့ ၂၀၁၁ ခုနှစ်မှာ Al- Qaida ခေါင်းဆောင် Osama Bin Laden ကို Pakistan နိုင်ငံအတွင်း အမေရိကန်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် ဆက်ဆံရေးတင်းမာကုန်တဲ့ အချိန်ကစလို့ ဖြတ်တောက်ထားတဲ့ နိုင်ငံရေးနဲ့စီးပွားရေး အကူအညီ ဒေါ်လာ သန်းတသောင်းခွဲကျော်ကို ပြန်ပေးအပ်ဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယဝန်ကြီးချုပ် MamoHan Singn ကတော့ Russia နဲ့ တရုတ်နိုင်ငံတွေကို ၄ ရက်တာ ခရီးစဉ်အဖြစ်နဲ့ ဒီကနေ့ပဲ နိုင်ငံကနေ စတင်ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနိုင်ငံတွေနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ တရုတ်အစိုးရနဲ့ ကာလ ကြာရှည် ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခကို ပြောဆိုအဖြေရှာဖို့ အခုလို ခရီးစဉ်သွားရောက်တာဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ မော်စကိုမြို့တော်မှာ Russia ဝန်ကြီးချုပ် Vladimir Putin နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး လက်နှက်ဝယ်ယူရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမှာပါ။ အင်္ဂါနေ့မှာတော့ Mr Singh ဟာ တရုတ်နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပြီး စီးပွားရေးဆောင်ရွက်မှုတွေ ပိုနီးနီးကပ်ကပ် လုပ်ဆောင်ဖို့နဲ့ ၂ နိုင်ငံကြား ဆယ်စုနှစ်တခုကြာ ပြဿနာဖြစ်လာတဲ့ နယ်စပ်အရေးကိစ္စ သဘောတူညီမှုတခုရဖို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
XS
SM
MD
LG