သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်အနီး ၅.၃ ပြင်းအား မြေငလျင်လှုပ်


နေပြည်တော်ရဲ့ အနောက်မြောက်ဖက် မြေအောက်အနက် ၁၀ ကီလိုမီတာ ကနေ ပြင်းအားပမာဏ ၅.၃ ရှိတဲ့ ငလျင်လှုပ်ခတ်- ဓါတ်ပုံ USGS
နေပြည်တော်ရဲ့ အနောက်မြောက်ဖက် မြေအောက်အနက် ၁၀ ကီလိုမီတာ ကနေ ပြင်းအားပမာဏ ၅.၃ ရှိတဲ့ ငလျင်လှုပ်ခတ်- ဓါတ်ပုံ USGS

မတ်လ ၇ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ၁၃ မိနစ်မှာ နေပြည်တော်ရဲ့ အနောက်မြောက်ဖက် မြေအောက်အနက် ၁၀ ကီလိုမီတာ ကနေ ပြင်းအားပမာဏ ၅.၃ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ USGS အမေရိကန်ဘူမိစူးစမ်း ရှာဖွေရေးအဖွဲ့က တိုင်းတာရရှိခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကို နေပြည်တော်အပြင် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေကပါ ခံစားသိရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဇန်နဝါရီလတုန်းက ဖြူးမြို့ရဲ့ အနောက်ဖက် ၂၄မိုင်အကွာ ပဲခူးရိုးမထဲမှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ ပြင်းအား ၆.၀ ရှိတဲ့ ငလျင်အပါအဝင် အခု ၂၀၁၈ခုနှစ်ရဲ့ ပထမနှစ်လအတွင်း မြန်မာနိုင်ငံတဝှမ်း ဒေသအတော်များများမှာ ပြင်းအားသိပ်မများတဲ့ ငလျင်ပေါင်း ၃၀ကျော် လှုပ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ငလျင်ကော်မတီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စတဲ့မြို့ကြီးတွေရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့တလျောက် အင်အား ပြင်းတဲ့ ငလျင်လှုပ်နိုင်ခြေ အထူးသတိပြုဖို့ သတိပေးထားပါတယ်။

ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေဟာ ပြတ်ရွေ့တခုတည်းရဲ့ အနီးဝန်းကျင်မှာလှုပ်တာမဟုတ်ဘဲ မြန်မာနိုင်ငံ တဝှမ်း ဒေသပေါင်းစုံမှာ လှုပ်ခတ်နေတာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်သဘော မျိုးဖြစ်တာမို့ အလွန်အမင်း စိုးရိမ်စရာမလိုပေမယ့် လျစ်လျူရှုလို့တော့ မရဘူးလို့ မြေငလျင်ပညာရှင် တွေကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံ တလွှားမှာ ကွန်ယက်တခုအဖြစ် ငလျင်တိုင်းတာရေးစခန်းပေါင်း ၃၀ ကျော်ကို ချထားခဲ့တာဖြစ်ပြီး တနေ့ကို ငလျင်ငယ်လေးပေါင်း ၄ ခု ၅ ခုလောက် အမြဲတိုင်းတာရရှိခဲ့တယ်လို့ စင်္ကာပူ မြေကမ္ဘာစူးစမ်းလေ့လာရေးအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG