သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရးေပၚကာလ ၂ ႏွစ္ထက္ ပိုမၾကာႏိုင္ (ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း)


ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း သတင္းစာရွင္းလင္းပြဲ (ဧၿပီလ -၉-၂၀၂၁ခုႏွစ္)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ လက္ရွိအားျဖင့္ အေရးေပၚကာလ ေၾကညာထားတာဟာ ၂ ႏွစ္အတြင္း ၿပီးရမွာျဖစ္ၿပီး ေရြးေကာက္ပြဲလုပ္ၿပီးေတာ့ အႏုိင္ရသူေတြကို အာဏာလႊဲေျပာင္းေပးမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကိုေျပာပါ တယ္။

အာဏာသိမ္းထားတာမဟုတ္တဲ့အတြက္ အေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြအတိုင္း လုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း ဆုိပါတယ္။ ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာေတြနဲ႔ပတ္သက္ၿပီး ကိုေက်ာ္ေက်ာ္သိန္းက ဆက္ေျပာျပပါမယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းခဲ့ခ်ိန္တံုးက တႏွစ္အၾကာမွာ ေရြးေကာက္ပြဲက်င္းပၿပီး အႏိုင္ရတဲ့ပါတီ ကုိ အာဏာလႊဲေျပာင္းေပးမယ္လုိ႔ စစ္ေကာင္စီကေၾကညာခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ အေရးေပၚကာလ သက္တမ္းတိုးမယ့္ အလားအလာေတြ၊ ႏွစ္ရွည္စီမံကိန္းေတြနဲ႔ပတ္သက္ၿပီး ျပင္ဆင္ေနတဲ့ပံုစံ ရည္ၫႊန္းေျပာဆိုလာေနတဲ့အတြက္ ဒါနဲ႔ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္းသိရဖို႔ ဒီကေန႔သတင္းစာရွင္းလင္းပြဲအတြင္း ဗီြအိုေအက ေမးျမန္းခဲ့တာကို ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖဆိုသြားတာပါ။

ကရင္အမ်ဳိးသားအစည္းအ႐ံုး (KNU) တပ္မဟာ ၅ အေျခစိုက္ရာေဒသကို မတ္လကုန္ပိုင္းမွာ ေလေၾကာင္းက တိုက္ခိုက္ခဲ့တာ ဟာ အေသအေပ်ာက္နည္းဖုိ႔ ျဖစ္တယ္လို႔လည္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ၿပီး ဒီမိုကေရစီေရးေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြ အျပင္းအထန္ ဆက္တိုက္ျဖစ္လာၿပီးတဲ့ ေနာက္ပိုင္း စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲခဲ့သလို ရန္ကုန္တိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္ ၆ ခုနဲ႔ မႏၲေလးတုိင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္ ၆ ခုတို႔မွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားပါတယ္။ ဒါေပမယ့္လည္း စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ ၿမိဳ႕နယ္ေတြမွာေရာ၊ ေၾကညာမထားတဲ့ၿမိဳ႕နယ္ေတြမွာပါ ဆႏၵျပပြဲေတြကို ႏွိမ္နင္းတာက ကြာျခားမႈမရွိပါဘူး။ ဒါနဲ႔ပတ္သက္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ပုဒ္မ ၁၄၄ ထုတ္ျပန္ထားတာေတြရွိတယ္ဆိုတာ ျပန္ေထာက္ျပ သြားသလို စစ္အုပ္ခ်ဳပ္ေရးအတိုင္း တကယ္တမ္း အုပ္ခ်ဳပ္ေနတာမဟုတ္ဘူးလို႔ ဗီြအုိေအရဲ႕ေမးခြန္းကို ျပန္ေျဖခဲ့ပါတယ္။

ဆႏၵျပပြဲေတြကို ပစ္ခတ္ႏွိမ္နင္းတာနဲ႔ အလားတူပဲ ဆႏၵျပသူေတြ၊ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္သူ ေတြ၊ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ေရးသားတယ္လုိ႔ သတ္မွတ္ခံရတဲ့ ထင္ရွားေက်ာ္ၾကားသူေတြအျပင္ သတင္းမီဒီယာသမားေတြကိုပါ ဖမ္းဝရမ္းထုတ္တာ၊ ဖမ္းဆီးၿပီးေတာ့ ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆိုတာေတြ ရွိပါတယ္။
ဖမ္းဆီးထားတဲ့ သတင္းေထာက္အေရအတြက္ အတိအက်ကို ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာမသြားႏုိင္ေပမယ့္ သတင္းေထာက္ဆိုတာေၾကာင့္ ဖမ္းတာမဟုတ္ဘူးလို႔ ျငင္းၿပီး ဆႏၵျပပြဲေတြနဲ႔ ဆက္စပ္ပတ္သက္တာေၾကာင့္ ဖမ္းဆီးတာလို႔ ဗီြအိုေအရဲ႕ေမးခြန္းကို ေျဖဆိုခဲ့ပါတယ္။

ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ႏွိမ္နင္းတာရပ္ဖို႔ ကုလသမဂၢနဲ႔ ႏုိင္ငံတကာက အဆက္မျပတ္ ေတာင္းဆိုထားေပမယ့္ လည္း ဒီကေန႔အခ်ိန္ထိ ပစ္ခတ္ႏွိမ္နင္းေနဆဲျဖစ္ၿပီး ဒီအေျခအေနအေပၚ အထူးစိုးရိမ္တဲ့အေၾကာင္း ေဒသတြင္းက အာဆီယံအဖြဲ႔ အပါအဝင္ ႏုိင္ငံတကာက ေျပာထားပါတယ္။ အာဆီယံအဖြဲ႔အေနနဲ႔လည္း ျမန္မာ့အေရး သီးျခားေဆြးေႏြးမယ့္ ထိပ္သီးအစည္း အေဝးတရပ္ က်င္းပဖို႔ ျပင္ဆင္ေနတာေၾကာင့္ စစ္ေကာင္စီကို ဒါနဲ႔ပတ္သက္ၿပီး တစံုတရာ အေၾကာင္းၾကားထားတာရွိၿပီလားလို႔ ဗီြအိုေအကေမးခဲ့ပါတယ္။

ဒီအစည္းအေဝးလုပ္ဖို႔ ညႇိႏိႈင္းေနၾကတယ္ဆုိတာ သိထားတဲ့အေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားၿပီး ဒါနဲ႔ပတ္သက္ တဲ့ရပ္တည္ခ်က္ကို အခုလိုေျဖဆိုပါတယ္။

အာဆီယံအဖြဲ႔က ကိုင္စြဲထားတဲ့ ကိစၥရပ္တစ္ခုအေပၚ အားလံုးသေဘာတူညီခ်က္ရမွာ လုပ္ရမယ့္ဆိုတဲ့မူ၊ အဖြဲ႔ဝင္ႏုိင္ငံတစ္ခုရဲ႕ ျပည္တြင္းေရးကို ဝင္မစြက္ရဘူးဆိုတဲ့မူနဲ႔ အာဆီယံပဋိညာဥ္စာတမ္းေတြကို ေလးစားဖို႔ လိုတယ္လုိ႔ ႏိုင္ငံျခားေရးဌာန တာဝန္ရွိသူ တစ္ဦးကလည္း ေျဖဆိုခဲ့ၿပီး ဒီအစည္းအေဝးက်င္းပေရး အားလံုးသေဘာတူညီိခ်က္ရဖို႔ ညႇိႏိႈင္းဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

ဆႏၵျပပဲြေတြအတြင္း အရပ္သားျပည္သူေတြ ထိခိုက္ေသေၾကတာနဲ႔ ပတ္သက္လို႔ လုံျခဳံေရးတပ္ဖြဲ႔၀င္ေတြရဲ႕ စိတ္ခံစားမႈအရ တုံ႔ျပန္တာ၊ မွားယြင္းပစ္ခတ္တာေတြ ရွိႏိုင္တဲ့အေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ၀န္ခံေျပာဆိုၿပီး ပစ္ခတ္မႈတခ်ဳိ႕ကို စုံစမ္းစစ္ေဆးေပးမယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့လည္း ဆႏၵျပသူေတြကို ေမာင္းျပန္႐ိုင္ဖယ္နဲ႔ ေအာ္တိုပစ္ခတ္ၿပီး ႏွိမ္ႏွင္းတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကိုေတာ့ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းဆိုပါတယ္။

ဒါ့အျပင္ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားတဲ့ ေသဆံုးသူအေရအတြက္ ၆၀၀ ေက်ာ္ဆိုတာကိုလည္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းခ်က္ထုတ္သြားၿပီး ေသဆံုး ၂၄၈ ေယာက္၊ ဒဏ္ရာရသူ ၄၀၁ ေယာက္ရွိတယ္လုိ႔ ေျပာသြားပါတယ္။

CDM လႈပ္ရွားမႈရွိေနေပမယ့္လည္း အစိုးရအေနနဲ႔ေရာ၊ ဝန္ႀကီးဌာနေတြအေနနဲ႔ေရာ လုပ္ငန္းေတြ ေကာင္းမြန္စြာလည္ပတ္ေန တယ္လုိ႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာေပမယ့္ က်န္းမာေရးက႑မွာ ခ်ဳိ႕ယြင္းခ်က္ရွိတယ္ဆုိတာကိုေတာ့ ဝန္ခံသြားပါတယ္။ တပ္မေတာ္ဆရာဝန္ေတြ၊ တပ္မေတာ္ေဆး႐ံုေတြက ဝင္ေရာက္လုပ္ေဆာင္ေပးေနၿပီး မၾကာခင္မွာ ျပန္ၿပီး အျပည့္အဝ လည္ပတ္ ႏုိင္မယ္လို႔ ယံုၾကည္တယ္ဆိုၿပီး ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီကို ႏုိင္ငံတကာက အသိအမွတ္မျပဳဘူးဆိုတဲ့ ေျပာဆိုခ်က္ေတြဟာ လုပ္ၾကံဖန္တီး ေျပာေနၾကတာလို႔ ပယ္ခ်ၿပီး ႏုိင္ငံတကာနဲ႔ မိတ္ဝတ္မပ်က္ ဆက္ဆံေနသလို အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် အရေးပေါ်ကာလ ကြေညာထားတာဟာ ၂ နှစ်အတွင်း ပြီးရမှာဖြစ်ပြီး ရွေးကောက်ပွဲလုပ်ပြီးတော့ အနိုင်ရသူတွေကို အာဏာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါ တယ်။

အာဏာသိမ်းထားတာမဟုတ်တဲ့အတွက် အခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်တုံးက တနှစ်အကြာမှာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ပါတီ ကို အာဏာလွှဲပြောင်းပေးမယ်လို့ စစ်ကောင်စီကကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရေးပေါ်ကာလ သက်တမ်းတိုးမယ့် အလားအလာတွေ၊ နှစ်ရှည်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြင်ဆင်နေတဲ့ပုံစံ ရည်ညွှန်းပြောဆိုလာနေတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရဖို့ ဒီကနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဗွီအိုအေက မေးမြန်းခဲ့တာကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေဆိုသွားတာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ အခြေစိုက်ရာဒေသကို မတ်လကုန်ပိုင်းမှာ လေကြောင်းက တိုက်ခိုက်ခဲ့တာ ဟာ အသေအပျောက်နည်းဖို့ ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ အပြင်းအထန် ဆက်တိုက်ဖြစ်လာပြီးတဲ့ နောက်ပိုင်း စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၆ ခုနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၆ ခုတို့မှာ စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။ ဒါပေမယ့်လည်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာရော၊ ကြေညာမထားတဲ့မြို့နယ်တွေမှာပါ ဆန္ဒပြပွဲတွေကို နှိမ်နင်းတာက ကွာခြားမှုမရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာတွေရှိတယ်ဆိုတာ ပြန်ထောက်ပြ သွားသလို စစ်အုပ်ချုပ်ရေးအတိုင်း တကယ်တမ်း အုပ်ချုပ်နေတာမဟုတ်ဘူးလို့ ဗွီအိုအေရဲ့မေးခွန်းကို ပြန်ဖြေခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်းတာနဲ့ အလားတူပဲ ဆန္ဒပြသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူ တွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ရေးသားတယ်လို့ သတ်မှတ်ခံရတဲ့ ထင်ရှားကျော်ကြားသူတွေအပြင် သတင်းမီဒီယာသမားတွေကိုပါ ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းဆီးပြီးတော့ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုတာတွေ ရှိပါတယ်။
ဖမ်းဆီးထားတဲ့ သတင်းထောက်အရေအတွက် အတိအကျကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောမသွားနိုင်ပေမယ့် သတင်းထောက်ဆိုတာကြောင့် ဖမ်းတာမဟုတ်ဘူးလို့ ငြင်းပြီး ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပတ်သက်တာကြောင့် ဖမ်းဆီးတာလို့ ဗွီအိုအေရဲ့မေးခွန်းကို ဖြေဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတာရပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အဆက်မပြတ် တောင်းဆိုထားပေမယ့် လည်း ဒီကနေ့အချိန်ထိ ပစ်ခတ်နှိမ်နင်းနေဆဲဖြစ်ပြီး ဒီအခြေအနေအပေါ် အထူးစိုးရိမ်တဲ့အကြောင်း ဒေသတွင်းက အာဆီယံအဖွဲ့ အပါအဝင် နိုင်ငံတကာက ပြောထားပါတယ်။ အာဆီယံအဖွဲ့အနေနဲ့လည်း မြန်မာ့အရေး သီးခြားဆွေးနွေးမယ့် ထိပ်သီးအစည်း အဝေးတရပ် ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် စစ်ကောင်စီကို ဒါနဲ့ပတ်သက်ပြီး တစုံတရာ အကြောင်းကြားထားတာရှိပြီလားလို့ ဗွီအိုအေကမေးခဲ့ပါတယ်။

ဒီအစည်းအဝေးလုပ်ဖို့ ညှိနှိုင်းနေကြတယ်ဆိုတာ သိထားတဲ့အကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသွားပြီး ဒါနဲ့ပတ်သက် တဲ့ရပ်တည်ချက်ကို အခုလိုဖြေဆိုပါတယ်။

အာဆီယံအဖွဲ့က ကိုင်စွဲထားတဲ့ ကိစ္စရပ်တစ်ခုအပေါ် အားလုံးသဘောတူညီချက်ရမှာ လုပ်ရမယ့်ဆိုတဲ့မူ၊ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရဘူးဆိုတဲ့မူနဲ့ အာဆီယံပဋိညာဉ်စာတမ်းတွေကို လေးစားဖို့ လိုတယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူ တစ်ဦးကလည်း ဖြေဆိုခဲ့ပြီး ဒီအစည်းအဝေးကျင်းပရေး အားလုံးသဘောတူညီချက်ရဖို့ ညှိနှိုင်းဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲတွေအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေကြေတာနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ခံစားမှုအရ တုံ့ပြန်တာ၊ မှားယွင်းပစ်ခတ်တာတွေ ရှိနိုင်တဲ့အကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုပြီး ပစ်ခတ်မှုတချို့ကို စုံစမ်းစစ်ဆေးပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြသူတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ အော်တိုပစ်ခတ်ပြီး နှိမ်နှင်းတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားတဲ့ သေဆုံးသူအရေအတွက် ၆၀၀ ကျော်ဆိုတာကိုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းချက်ထုတ်သွားပြီး သေဆုံး ၂၄၈ ယောက်၊ ဒဏ်ရာရသူ ၄၀၁ ယောက်ရှိတယ်လို့ ပြောသွားပါတယ်။

CDM လှုပ်ရှားမှုရှိနေပေမယ့်လည်း အစိုးရအနေနဲ့ရော၊ ဝန်ကြီးဌာနတွေအနေနဲ့ရော လုပ်ငန်းတွေ ကောင်းမွန်စွာလည်ပတ်နေ တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပေမယ့် ကျန်းမာရေးကဏ္ဍမှာ ချို့ယွင်းချက်ရှိတယ်ဆိုတာကိုတော့ ဝန်ခံသွားပါတယ်။ တပ်မတော်ဆရာဝန်တွေ၊ တပ်မတော်ဆေးရုံတွေက ဝင်ရောက်လုပ်ဆောင်ပေးနေပြီး မကြာခင်မှာ ပြန်ပြီး အပြည့်အဝ လည်ပတ် နိုင်မယ်လို့ ယုံကြည်တယ်ဆိုပြီး ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုဘူးဆိုတဲ့ ပြောဆိုချက်တွေဟာ လုပ်ကြံဖန်တီး ပြောနေကြတာလို့ ပယ်ချပြီး နိုင်ငံတကာနဲ့ မိတ်ဝတ်မပျက် ဆက်ဆံနေသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG