သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်မှာ Drone အသုံးပြုမှုကြောင့် ပြင်သစ်နိုင်ငံသား အဖမ်းခံရ


နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦးနားမှာ ဒရုံးယာဉ်လွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား Arthur Desclaux ကို မြို့နယ်ရဲစခန်းက ဖမ်းဆီးထားတယ်လို့ ပြင်သစ်သံရုံးက တနင်္လာနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ လက်ရှိတည်ဆဲ ဥပဒေအရ အခုလို ဒရုံးယာဉ်လွှတ်တင်လို့ အဖမ်းခံရသူ ဟာ ထောင်ဒဏ်ပြစ်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ခြေရှိပါတယ်။

အသက် ၂၇ နှစ်အရွယ် ပြင်သစ်အမျိုးသား Arthur ကို ဖေဖေါ်ဝါရီလ ၇ ရက် ကြာသပတေးနေ့က လွှတ်တော်အဆောက်အဦး ပေါ်ကို ဖြတ်ပျံဖို့ ဒရုံးယာဉ်ကို လွှတ်တင်ခဲ့တာဖြစ်ပြီး အခုထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ပြင်သစ်သံရုံးက ပြောပါတယ်။ သူ့ရဲ့ မိသားစု ဝင်တွေဆီကို အကျိုးအကြောင်း ဆက်သွယ်ပြောဆို ထားတယ်လို့လည်း ပြောပါတယ်။

သူဟာ နေပြည်တော်ဝင်းအတွင်းက ကြိုးတံတား အမှတ် ၂ နားကနေ ဒရုံးယာဉ် လွှတ်တင်ခဲ့တာ ဖြစ်ပြီး သူ့ကို ဥတ္တရသီရိမြို့နယ်ရဲစခန်း၊ ဘုရားကုန်း မြို့မရဲစခန်းတို့က ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

သူလွှတ်တင်ခဲ့တဲ့ ဒရုန်းဟာ တရားမဝင် DJI အမှတ်တံဆိပ်ပါ အမျိုးအစားဖြစ်ကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ တုန်းကလည်း စင်ကာပူသတင်းထောက် Lau Hon Meng နဲ့ မလေးရှားသတင်းထောက် Mok Choy Lin တို့ဟာ မြန်မာသတင်းထောက် ဦးအောင်နိုင်စိုးနဲ့ အတူ တူရကီက TRT သတင်းဌာန အတွက် မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ ဒရုံးယာဉ် လွှတ်တင်မှုနဲ့ အဖမ်းခံခဲ့ရတဲ့အပြင် သူတို့ရဲ့ ကားမောင်သမား ဦးလှတင်ပါ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

တားမြစ်မှုတွေရှိနေတဲ့ကြားက ပြင်သစ်နိုင်ငံသား အနေနဲ့ အခုလို ဘာကြောင့် ဒရုံးလွှတ်တင်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG