သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး


မန္တလေးတိုင်း၊ နေပြည်တော် သာဝတ္တိတိုက်နယ်ထဲမှာ ရေကြီးနေတဲ့အတွက် ကျေးရွာပေါင်း ၈ ရွာက အိမ်ခြေ ထောင်ကျော် ရေနှစ်မြုပ်နေပါတယ်။
ရေဘေးဒုက္ခရောက်နေသူပေါင်းလည်း ထောင်နဲ့ချီရှိနေပါတယ်။

နေအိမ်တွေအပြင် လယ်မြေနဲ့ ယာမြေပေါင်းများစွာခဲ့ ပျက်စီးဆုံးရှုံးနေတယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ “ဗြဟ္မစိုရ် နှလုံးလှ” လူမှုကူညီရေးအသင်းက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဒုက္ခသည်တွေအတွက် တာဝန်ရှိသူတွေက ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ခဲ့ပေးပေမဲ့ ရက်ပိုင်းအကြာမှာပဲ နေရပ်ပြန်ခိုင်းခဲ့တဲ့အတွက် ရေမြုပ်နေတဲ့ နေအိမ်တွေဆီပြန်သွားဖို့ ဒုက္ခသည်တွေမှာ အခက်တွေ့ကြရတယ်လို့လည်း ဆိုပါတယ်။ တချို့ကလည်း ပြန်ဖို့
ငြင်းဆန်ခဲ့ကြပါတယ်။

လယ်ယာမြေတွေ ရေလွှမ်းကုန်တာကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထိခိုက်ပြီး စိုက်ပျိုးသီးနှံတွေဆုံးရှုံးကြရတဲ့ တောင်သူလယ်သမားတွေ အရေးကို အာဏာပိုင်တွေဘက်က ကိုင်တွယ်ဖြေရှင်းပေးစေချင်တယ်လို့ ရေဘေးသင့် တောင်သူတွေကလည်း ပြောပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ရေကြီး ရေလျှံမှုတွေ ဖြစ်နေပါတယ်။
XS
SM
MD
LG