သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် NBA ဘတ်စကက်ဘောသမား Enes Freedom မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်


အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)
အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကြီး NBA ဘတ်စကက်ဘော ကစားသမား Enes Kanter Freedom ဟာ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ဖိနပ်ဒီဇိုင်းပုံ လေးပုံတင်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း #WhatsHappeningInMyanmar ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင် စစ်အာဏာရှင် (ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှှိုင်ဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်ဖြတ်နေတယ်။ မြန်မာပြည်မှာ အခုဖြစ်ပျက်နေတာတွေဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးလူ့အခွင့်အရေးချိုးဖောက် မှုတွေထဲက တခုဖြစ်တယ်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူပြည်သူ ၁,၆၀၀ ကျော် အသတ်ဖြတ်ခံရတယ်၊ မြန်မာစစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ဆက်ကျူးလွန်နေတယ်။ မြန်မာပြည်ကြီး လွတ်မြောက်ပါစေလို့ Enes Kanter Freedomက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖိနပ်ပုံလေးနဲ့ ဖော်ပြခဲ့တာပါ။

အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)
အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)

ဖိနပ်ပုံရဲ့ တဘက်တချက်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူတွေရဲ့ ပုံတွေကို ဖော်ပြထားပြီး ဦးခေါင်းတွေကို ပစ်တယ်။ တော်လှန်ရေးဟာ နှလုံးသားထဲမှာ ရှိတာ သူတို့မသိဘူး-ဆိုတဲ့စာသား၊ နောက် ဖိနပ်ရဲ့ တခြားတဘက်မှာတော့ လူ့ဦးခေါင်းတွေရဲ့အထက်မှာ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှှိုင်ကို ရေးဆွဲထားတဲ့ပုံ ဖော်ပြထားပြီး စစ်လက်နက်ပစ္စည်းတွေ မရောင်းချဖို့- စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့- လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့-အာဏာရှင်တော်လှန်ရေး အောင်မြင်ရမယ်ဆိုတဲ့ စာသားတွေ ဖော်ပြပါရှိတာပါ။

၁၉၉၂ခုနှစ်ဖွား နာမည်ကြီး NBA ဘတ်စကက်ဘော ကစားသမား Enes Kanter Freedom ဟာ ဆွစ်ဇလန်နိုင်ငံဖွား တူရကီမိဘနှစ်ပါးက မွေးဖွားခဲ့သူဖြစ်ပါတယ်။ တူရကီမှာ ကြီးပြင်းခဲ့ပြီး ဆယ်ကျော်သက်အရွယ်အရွယ်မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ နာမည်ကြီး NBA ဘတ်စကက်ဘော ကစားသမား Enes Kanter Freedom ဟာ တရားမျှတမှု တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးတောင်းဆိုတဲ့ လှု့ပ်ရှားမှုတွေကို သူ့ရဲ့တွစ်တာစ်စာမျက်နှာမှာ မကြာခဏ ဖော်ပြလေ့ရှိသူလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]



အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)
အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)



အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)
အမေရိကန် NBA ဘတ်စကက်ဘောသမား Enes Freedom က မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း Twitter မှာတင်ထားတဲ့ ဖိနပ်ဒီဇိုင်း။ (ဓာတ်ပုံ - Enes Freedom's Twitter)


=================

XS
SM
MD
LG