သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်သဘောတူညီမှု ငြိမ်းချမ်းရေးပြန်စဖို့ လမ်းစအဖြစ် PPST လက်မှတ်ထိုးအဖွဲ့ယူဆ


စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ပေါင်းစု- PPST အွန်လိုင်းအစည်းအဝေး (ယခင်မှတ်တမ်း ဓာတ်ပုံ-NCA S-EAO/fb)
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ပေါင်းစု- PPST အွန်လိုင်းအစည်းအဝေး (ယခင်မှတ်တမ်း ဓာတ်ပုံ-NCA S-EAO/fb)

[[Zawgyi/Unicode]]

NCA အပစ်ရပ်စာချုပ်ဟာ လက်ရှိအကြမ်းဖက်ပဋိပက္ခကို ရပ်စဲပြီး ငြိမ်းချမ်းရေးပြန်စဖို့ လမ်းစပါလို့ လက်မှတ်ထိုးတပ်ပေါင်းစုက ပြောလိုက်ပါတယ်။

NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကိုဦးတည်နေတဲ့ အခုပဋိပက္ခတွေရပ်ပြီး ငြိမ်းချမ်းရေး ပြန်အစပျိုးတည်ဆောက်ဖို့ လမ်းစလို့ ယုံကြည်ကြာင်း လက်မှတ်ထိုးအဖွဲ့ပေါင်းစု PPST က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ပင်လုံစာချုပ်အပြီး ဒုတိယအရေးပါဆုံးဖြစ်တဲ့ NCA စာချုပ်ဖြစ်ရေးစခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ အထိ (၁၀) နှစ်တာ တည်ငြိမ်အေးချမ်းခဲ့ပေမယ့် အခုအာဏာသိမ်းပြီးမှာတော့ မတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ တနေ့ထက်တနေ့ ပိုကြီးထွားလာနေတယ်လို့ ထောက်ပြထားပါတယ်။

ဒီအကြပ်အတည်းကို NCA အခြေခံမူတွေဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါ အဓိပ္ပါယ်ပြည့်တဲ့ ဆွေးနွေးပွဲဖြစ်ရေးနဲ့ အရပ်သားအကာအကွယ်ပေးရေးမူတွေကို ကိုင်စွဲကြိုးပမ်းနေပါတယ်လို့ PPST ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၁၅ ရက်မှာကျရောက်မယ့် NCA အပစ်ရပ်စာချုပ် နှစ်ပတ်လည် အခမ်းအနားကျင်းပတာအပေါ် PPST က ထုတ်ပြန်တဲ့ ဒီ ကြေညာချက်ထဲမှာပဲ လိုအပ်ရင် အခမ်းအနားတက်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီ NCA နှစ်ပတ်လည်ပွဲကို နေပြည်တော်မှာလုပ်ဖို့ပြင်နေတဲ့ မြန်မာစစ်ကောင်စီကတော့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဗွီဒီယိုကတဆင့်ပြောမယ့် အခမ်းအနားမိန့်ခွန်းကို မနက် ၉ နာရီမှာ TV ကလည်း တပြိုင်တည်းလွှင့်သွားမယ်လို့ ကြေညာထားပါတယ်။

NCA အပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့နဲ့ မြန်မာအစိုးရအကြား စတင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ နောက်ထပ် တိုင်ရင်းသား ၂ ဖွဲ့ ထပ်မံ ပါဝင်ခဲ့ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]








XS
SM
MD
LG