သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးထိပ်သီးစည်းဝေးပွဲ ပုပ္ပားအစား နေပြည်တော်မှာ ကျင်းပမည်


NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂၀၁၆)
NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ခေါင်းဆောင်တွေပါဝင်တက်ရောက်မဲ့ ထိပ်သီးအစည်းအဝေးကို ပုပ္ပားအစား နေပြည်တော်ကိုပြောင်းရွှေ့ကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပရေးနေရာ သတ်မှတ်မှုနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား ကွဲလွဲမှုတွေရှိခဲ့တာမို့၊ အပြန်အလှန် ပြန်ညှိုပြီးနောက် အခုလို သဘောတူညီချက်ရလိုက်တာပါ။ အစိုးရနဲ့တိုင်းရင်းသားလက်နက် အဖွဲ့တွေအနေနဲ့ NCAအဓိပါ္ပယ်ဖွင့်ဆိုမှု ကွဲလွဲချက်တွေကိုထပ်မံညှိနှိုင်းဖို့လိုသေးတယ်လို့ တိုင်းရင်းသားအဖွဲ့ တာ ဝန်ရှိသူတွေကပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀)ဖွဲ့ခေါင်းဆောင်တွေပါဝင်တက်ရောက်မဲ့ ထိပ်သီးဆွေးနွေးပွဲကို ပုပ္ပားအစား နေပြည်တော်ကိုပြောင်းရွှေ့ကျင်း ပသွားဖို့ သဘောတူညီမှုရရှိခဲ့တဲ့အတွက် NCA အပစ်ရပ်တိုင်းရင်းသားခေါင်းဆောင်တွေဖက်က အစည်းဝေးတက် ရောက်ဖို့ ဒီကနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး စိုင်းငိန်းက ပြောပါတယ်။

အစိုးရဘက်ကတော့ပုပ္ပားမှာလုပ်မယ်လို့အဆိုပြုထားတာရှိတာကိုး။ ကျင်းပတဲ့နေရာနဲ့ပက်သက်လို့ကတော့ ကျွန်တော်တို့ဘက်ကတော့အဆင်မပြေဘူးပေါ့နော။ အဲတာကြောင့်နေရာပြောင်းမယ်ဆိုတဲ့အနေအထားနဲ့ နောက် ဆုံးတော့အစိုးရနဲ့ညှိ ညှိတဲ့အနေအထားနဲ့ နေပြည်တော်ပြန်ဖြစ်သွားပါတယ်ခင်ဗျ။ အတည်ဖြစ်သွားပါပြီးလို့ နေပြည် တော်မှာ ပြုလုပ်ဖို့ဆိုတာလေ။

နိုင်ငံတော်အစိုးရကနေ ထိပ်သီးအစည်းအဝေးကိုပုပ္ပားမှာကျင်းပဖို့လျာထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေဖက်က သွားလာနေထိုင်ရေးအဆင်ပြေမှုမရှိတာကြောင့် နေရာပြောင်းကျင်းပဖို့ညှိနှိုင်းအပြီး အစိုးရဘက် ကနေပြည်တော်မှာကျင်းပသွားဖို့ သဘောတူညီချက်ရရှိခဲ့တာပါ။

လာမဲ့အောက်တိုဘာလ(၁၅)ရက်နေ့မှာကျင်းပမဲ့ထိပ်သီးအစည်းအဝေးမှာ ထူးခြားမှုရှိလာနိုင်မယ်လို့ မျှော်လင့် ကြောင်း ဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

အဓိကကတော့ အခုငြိမ်းချမ်းရေးဖြစ်စဉ်က နဲနဲတစ်ဆို့နေတဲ့အပိုင်းလေးရှိတယ်။ အဲဒီအပိုင်းတွေကို အောက်ခြေ အချင်းချင်းကျွန်တော်တို့မဖြေရှင်းနိုင်ဘူး။ ဒါကြောင့်ကျွန်တော်တို့ထိပ်သီး ထိပ်သီးတွေ့တဲ့အချိန်မှာ ဖြေရှင်းမယ် လို့ကျွန်တော်တို့ယုံကြည်တယ်လေ။ နောက်တခုက အစိုးရဘက်က တပ်ချုပ်နဲ့ဒီဘက်ကနိုင်ငံတော်အတိုင် ပင်ခံ နဲ့ပူးတွဲပြီးတက်မယ်ဆိုတော့ ဒါလဲထူးခြားချက်တခုပါ။

ထိပ်သီးအစည်းအဝေး တက်ရောက်ရေးမတက်ရောက်ရေးကို EAO ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်တွေက မနေ့ကအစည်းအဝေးမှာဆွေးနွေးခဲ့ကြရာမှာ ကရင်အမျိုးသား အစည်းအရုံးKNU နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က ကျင်းပမယ့်ရက်ကို ရက်ရွှေ့ဆိုင်းလိုကြောင်း တင်ပြဆွေးနွေး ခဲ့ကြ ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့အတွက် အစိုးရနဲ့တိုင်းရင်းသားလက်နက် အဖွဲ့တွေအနေနဲ့ NCAအဓိပါယ်ဖွင့်ဆိုမှု ကွဲလွဲတွေကိုထပ်မံညှိနှိုင်းဖို့လိုသေးတယ်လို့ ကရင့်အမျိုးသားအစည်းအရုံးKNUအထွေထွေအတွင်းရေးမှူး ပဒို စော တာဒိုမူး ကခုလိုပြောပါတယ်။

“NCAရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုဆိုင်ရာ မတူညီတဲ့အချက်တွေကိုသော်၎င်း၊ ကြားကာလဆိုင်ရာ မတူညီတဲ့အချက်ကို သော်၎င်း၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စ ကွဲလွဲတဲ့အယူအဆတွေသော်၎င်း၊ ဒါတွေက ဆက်ပြီးတစ်ဆို့ချင် တဲ့ကိစ္စတွေဖြစ်တယ်၊ မခွဲထွက်ရ ဆိုတဲ့ကိစ္စ နောက်ပြီးတော့ တစ်ခုတည်းသောတပ်မတော်ကို လက်ခံရမယ်ဆိုတဲ့ အခြေခံမျိုးတွေNCAထဲမပါဘူး အဲဒီအတွက်ကြောင့်အဲဒါကို ညှို့နှိုင်းဖြေရှင်းနိုင်ဖို့ အများကြီး လိုအပ်ပါတယ်”

ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ ပုပ္ပားထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းလို ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လာနိုင်ဖို့ လာမဲ့ထိပ်သီးအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ်လို့လဲ ဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

လာမဲ့ထိပ်သီးအစည်းအဝေးမှာ ခေါင်းစဉ်အကြီးအနေနဲ့ကျွန်တော်တို့ဆွေးနွေးဖို့ရှိတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးမပါဝင်နဲ့ ပြီးပြည့်စုွတယ်လို့ကျွန်တော်တို့မမြင်ဘူး။ နောင်လာမဲ့ထိပ်သီးအစည်းအဝေးမှာ လက်မှတ်မထိုးရ သေးတဲ့တခြားကျွန်တော်တို့ညီနောင်တိုင်းရင်းသားအဖွဲ့တွေပါဝင်နိုင်အောင် ပါဝင်နိုင်တဲ့အခင်းအကျင်းဖြစ်အောင် ကျွန်တော်တို့ဘက်ကကြိုးစားမယ်လို့တော့ အဲဒီလိုသဘောထားရှိပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျင်းပမယ့် ထိပ်သီးဆွေး နွေး ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း UWSA ဝ ပြည်သွေးစည်း ညီညွတ် ရေးအဖွဲ့က ပြောဆိုမှုတွေရှိနေပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရက အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ကို ဖိတ်စာတွေ ပို့ထားပြီးဖြစ်ပြီး အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကိုတော့ ဖိတ် ကြားမှာ မဟုတ်ဘူးလို့ ဦးဇော်ဌေးက ပြောထားပါတယ်။

ဒါကြောင့်မို့ နေပြည်တော်မှာကျင်းပမဲ့ထိပ်သီးအစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS မွန်ပြည်သစ်ပါတီ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသးများဒီမိုကရက်တစ်တပ်မတော်အစရှိတဲ့အပစ်ရပ်(၁၀)ဖွဲ့သာတက်ရောက်ရမှာဖြစ်ပြီး တခြားအပစ်မရပ်သေးတဲ့ UWSAဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့က တက်ရောက်ခွင့်ရရှိမှာမဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG