မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ အမြန်ဆုံး ငြိမ်းချမ်းရေးရရှိဖို့ တရုတ်နိုင်ငံက အကူအညီပေးမှာ ဖြစ်တဲ့အကြောင်း တရုတ်အစိုးရ ကိုယ်စားလှယ်က ကတိပြုလိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်တို့ ဒီကနေ့ မနက်က ပထမဆုံးအကြိမ်ဖြစ် သီးသန့်တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT က အဖွဲ့ဝင် ၁၀ ယောက်လောက်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အာရှရေးရာ အထူးသံတမန်အဖွဲ့က မစ္စတာ ဝမ်ယင်ဖန်းနဲ့ ရုံးအဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက် ၉ နာရီလောက်မှာ မြစ်ကြီးနားမြို့က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရုံးမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရ ကိုယ်စားလှယ်နဲ့ အဓိက ဆွေးနွေးတာတွေကို NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုလို ပြောပါတယ်။
“သူ့ဘက်ကတော့ ကျနော်တို့နိုင်ငံမှာ မြန်မြန်အေးချမ်းစေချင်တယ်ဆိုတဲ့ အကြောင်းတွေပေါ့ဗျာ။ သူတို့ဘက်က အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီချင်တယ်။ ဒီ မြန်မာပြည်ရဲ့ အေးချမ်းမှုက သူတို့ရဲ့ အကျိုးစီးပွားနဲ့လည်း ဆက်စပ်မှု ရှိတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ။ အဲ့ဒီမှာ အပစ်အခတ် ရပ်စဲရေးကို မြန်မြန် ဖြစ်စေချင်တယ်ဆိုတဲ့ အကြောင်းပေါ့လေ။ သူကတော့ အဲ့လို တိုက်တွန်းတာပါ။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ရဲ့ အခက်အခဲ၊ ကျနော်တို့ရဲ့ အခြေခံရပ်တည်ချက်၊ ကျနော်တို့ရဲ့အမြင်၊ နောက် ဒီညှိနှိုင်းတဲ့နေရာမှာ ဘာတွေ အခက်အခဲ ရှိသလဲဆိုတဲ့ဟာတွေကိုလည်း ကျနော်တို့ကို တင်ပြပါတယ်။”
မြန်မာပြည်ငြိမ်းချမ်းရေးအတွက်လည်း မြန်မာအစိုးရဘက်ကို ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုကြောင်း နိုင်ဟံသာက အခုလို ဆက်ပြောပါတယ်။
“သူတို့လည်း အတတ်နိုင်ဆုံး ကြိုးစားပေးမယ်။ အခုလိုမျိုး ကျနော်တို့နဲ့ ဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ရဲ့ အခြေခံ သဘောထားအမြင်တွေ သူရပြီးတော့ သူက နေပြည်တော်ကို သွားပြီးတော့မှ သက်ဆိုင်ရာ ဒီ ထိပ်သီးခေါင်းဆောင်တွေနဲ့ပေါ့ဗျာ အစိုးရရော၊ တပ်မတော်ရော အဲ့ဒီ အရေးကြီးတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံပြီးတော့မှ သူလည်း တိုက်တွန်းနိုင်တဲ့ အပိုင်းကပေါ့ဗျာ။ သူလည်း တိုက်တွန်းဆွေးနွေးပေးမယ်လို့ အဲ့လိုတော့ ပြောပါတယ်။”
လတ်တလောဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကိုလည်း တရုတ်အစိုးရက ကူညီဖို့ကို စဉ်းစားဆောင်ရွက်မှာဖြစ်ကြောင်းလည်း တရုတ်ကိုယ်စားလှယ်ဘက် ပြောဆိုပါတယ်။ တရုတ်နိုင်ငံဘက်က အခုလို ပါဝင် ဆောင်ရွက်လာတဲ့ အပေါ်မှာတော့ နိုင်ဟံသာက အခုလို သုံးသပ်ပါတယ်။
“တရုတ်ပြည်ဆိုတာက ဒီကမ္ဘာမှာလည်း အင်အားကြီး နိုင်ငံတခုဖြစ်တယ်။ အာရှမှာလည်း အင်အားကြီးနိုင်ငံဖြစ်တယ်။ ကျနော်တို့နိုင်ငံနဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ နောက် ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီးပွားရေးလုပ်ငန်းတွေကလည်း တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အနေအထားမျိုးမှာ ကနေ့ ကျနော်တို့နိုင်ငံရဲ့ ဒီအေးချမ်းဖို့ပေါ့ဗျာ ဒီငြိမ်းချမ်းရေး ရနိုင်ဖို့အတွက်ကို တရုတ်ပြည်ကနေ အခုလို ပါဝင်ပြီးတော့မှ ကူညီတယ်၊ တိုက်တွန်းတယ်၊ နည်းလမ်းရှာတယ် ဆိုတဲ့အပေါ်မှာတော့ အများကြီးကို အလားအလားအားဖြင့်တော့ ကောင်းတယ်လို့ ကျနော် မြင်တယ်ခင်ဗျ။”
NCCT အဖွဲ့ဟာ မနက်ဖြန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်မှာတော့ လတ်တလော ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့ KIO ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နည်းလမ်းရှာ ဆွေးနွေးသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အင်္ဂါနေ့ကတော့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေမယ့် ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ ဆွေးနွေးခဲ့သလို၊ နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့အတွက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ပူးပေါင်းဖွဲ့စည်းဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားက မကြာခင်က တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားကနေ ဆွေးနွေးကျင်းပနိုင်တဲ့အတွက် ကြိုဆိုကြောင်း သဘောထား ထုတ်ပြန်ပါတယ်။ ပဋိပက္ခဖြေရှင်းရေး ပူးတွဲကော်မတီ ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာ အပါအဝင် ပဋိပက္ခကို လျှော့ချဖို့ ရည်ရွယ်တဲ့ အရင် သဘောတူညီချက်တွေအပေါ် နှစ်ဘက်စလုံးက သန္ဓိဋ္ဌာန်ခိုင်မာတဲ့အပေါ် အထူးအကြံပေးပုဂ္ဂိုလ်က အားတက်မိကြောင်း ပြောပါတယ်။
နောက်ထပ်ပဋိပက္ခ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တရပ်ရပြီး နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖို့ အဆက်မပြတ်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားကြပါလို့လည်း မစ္စတာ နမ်ဘီးယား က သက်ဆိုင်သူ အားလုံးကို တိုက်တွန်းထားပါတယ်။