ကချင်ပြည်နယ်တွင်း စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အတွက် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မေလဆန်းမှာ တွေ့ဆုံကြမယ့်အစီအစဉ်ကို NCCT ဘက်က ပြန်လည် သုံးသပ်နေတယ်လို့ NCCT ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဘက်ကတော့ (MPC) မှာ မေလတွင်း တွေ့ဆုံကြမယ့် ဆွေးနွေးပွဲအတွက် အသင့်ရှိပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆက် အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး အနေအထားတွေကို NCCT ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းမှာပဲ တွေ့ဆုံ ဆွေးနွေးသွားကြဖို့ ရှိတဲ့အကြောင်းသတင်းအပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်နိုင်ဖို့ အစိုးရနဲ့လက်နက်ကိုင်အဖွဲ့တွေ ကြိုးပမ်းနေကြချိန်မှာပဲ ကချင်ပြည်နယ်တွင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေဖြစ်လာခဲ့တဲ့အတွက် NCCT (Nationwide Ceasefire Coordination Team) အဖွဲ့က တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ လာမယ့် မေလမှာ တွေ့ဆုံဖို့ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး NCCT ခေါင်းဆောင် နိုင်ဟံသာက အခုလို ပြောဆိုလိုက်ပါတယ်။
“ဖြစ်နေတဲ့ကိစ္စက ကျနော်တို့ အဖွဲ့ဝင် တဖွဲ့ဖွဲ့ကို စစ်ရေးနည်းနဲ့တိုက်လာတဲ့အပေါ်မှာ ကျနော်တို့ကလည်း ဒါကို ပြန်လည် စဉ်းစား သုံးသပ်ဖို့ လိုတယ်လေ။ အခုက နည်းနည်းတော့ ပြဿနာရှိနေတယ်။ အခု ကချင်ဘက်မှာ ထိုးစစ်ဆင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အတွင်းမှာ လာမယ့် တွေ့ဆုံဆွေးနွေးပွဲကို ရွှေ့ရဖို့ လိုကောင်းလိုပါလိမ့်မယ်။ တချို့ကတော့ အဲဒီတိုက်ပွဲကြောင့် အမြင်တမျိုး ဖြစ်နေကြပါတယ်။”
တနိုင်ငံလုံး အပစ်ရပ်နိုင်ဖို့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းပါ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ရေးဆွဲထားတဲ့ အပြန်အလှန် တင်ပြချက်တွေ၊ သဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေအနေနဲ့ကတော့ ငြိမ်းချမ်းရေး မူ စာချုပ်ချုပ်နိုင်ဖို့ နှစ်ဖက် ဆွေးနွေးကြမယ့် အချက်တွေကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်လို လာမယ့် မေလဆန်းမှာ တွေ့ဆုံဖို့ရှိတဲ့ ဆွေးနွေးပွဲအတွက့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ဘက်က အသင့်ပါပဲလို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေကပြောပါတယ်။
“ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်ကလည်း မေလဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကျနော်တို့ဘက်ကတော့ ပထမပတ် အကုန်လောက်မှာပဲ တွေ့နိုင်မယ်လို့ မျှော်လင့်ထားတယ်ဗျ။ ကျနော်နားလည်တာကတော့ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး။ ကျနော်တို့ ပထမဆုံးဆွဲတဲ့ မူကြမ်းကတော့ အရင်ရှေ့မှာ NCCT နဲ့ ကျနော်တို့ တွေ့ခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ တဘက်နဲ့တဘက်က သူ့မူ ကိုယ့်မူဆိုတဲ့ မူတွေနဲ့ ကျနော်တို့ paper တွေ ယူလာပါတယ်။ အဲဒါကို အခု နောက်ဆုံးဆွေးနွေးပွဲမှာတော့ Paper ကတော့ တစ်စောင်ထဲ ဖြစ်သွားတယ်။
"အဲဒိတော့ Paper ၂ စောင် မဟုတ်တော့ဘူး။ ဒါပေမယ့် အဲဒီ Paper က draft ပဲ ရှိသေးတယ်။ အဲဒီ Paper ထဲမှာ ၂ ဘက် တူ (သဘောတူ) ထားတာတွေတော့ အများကြီးပဲ။ ဒါပေမယ့် တချို့ဟာလေးတွေကိုတော့ နှစ်ဘက် ညှိနှိုင်းစရာ တချို့တော့ ကျန်ပါတယ်။ အဲဒီအတွက်ကို နှစ်ဘက်လုံးက ပြင်ဆင်နေပါတယ်။ လာမယ့်မေလဆန်းပေါ့လေ။ ၂ ဘက် သဘောတူတဲ့ရက်မှာ ဆွေးနွေးပွဲပြန်စတဲ့အခါကျရင်တော့ ကျနော်တို့ ထပ်ညှိစရာတွေကို ညှိနိုင်လိမ့်မယ်ပေါ့နော်။ ဒီတခေါက်တော့လည်း ပြီးကောင်းလည်း ပြီးသွားနိုင်ပါတယ်။”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးမူဘောင်တွေ ချမှတ်နိုင်ဖို့နဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့ NCCT ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၂၆၊ ၂၇၊ ၂၈ သုံးရက် တွေ့ဆုံကြဖို့ရှိတယ်လို့ NCCT Vice Chairman ဖြစ်တဲ့ ဦးနိုင်ဟံသာကပြောပါတယ်။
“ပြီးခဲ့တဲ့တွေ့ဆုံဆွေးနွေးပွဲ အနေအထားတွေကို ပြန်ပြီးတော့ သုံးသပ်ဖို့ပေါ့လေ အဲဒီလို ချိန်းထားတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းကြရာမှာ သဘောမတူနိုင်တဲ့အချက်အလက်တွေ အများကြီး ရှိတယ်လေ။ အဲဒါကို ဘယ်လိုနည်းနဲ့ ကျနော်တို့ လုပ်ကြမလဲဆိုတာ အတွင်းထဲမှာ ပြန်လည် ဆွေးနွေးကြမယ်လေ။ နောက်ပြီးတော့ လိုအပ်ရင် ကျနော်တို့ကတော့ အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်တွေကို တင်ပြရမလား၊ စသဖြင့်ပေါ့လေ လုပ်ချင်တဲ့ နည်းနာတွေကို အဲဒီမှာ သုံးသပ်ကြရမှာပေါ့။”
ငြိမ်းချမ်းရေးအနေအထားတွေကို သုံးသပ်ကြမယ့် NCCT ဆွေးနွေးပွဲကနေ ရလာမယ့် ဆုံးဖြတ်ချက်တွေကို တိုင်းရင်းသားခေါင်းဆောင်တွေက ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဦးနိုင်ဟံသာကပြောပါတယ်။
NCCT အဖွဲ့ကို တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်တို့က ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆) ဖွဲ့နဲ့ ပေါင်းစည်းထားတာဖြစ်ပြီး လက်ရှိ တနိုင်ငံလုံးအပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးမူဘောင်တွေ ချမှတ်နိုင်ဖို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။