သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ကာကြယ္ေရးအသံုးစရိတ္ထဲ ျမန္မာ့အေရးကူညီဖို႔ထည့္သြင္း 


အေမရိကန္အမ်ိဳးသားကာကြယ္ေရးအသံုးစရိတ္မူၾကမ္းမွာေတြ႔ရတဲ့ ျမန္မာ့အေရးထည့္သြင္းခ်က္တခု

အေမရိကန္ျပည္ေထာင္စု ေအာက္လႊတ္ေတာ္မွာ ဗုဒၶဟူးေန႔က အတည္ျပဳလိုက္တဲ့ အမ်ဳိးသားကာကြယ္ေရး အသံုးစရိတ္ဥပေဒၾကမ္းမွာ ျမန္မာႏိုင္ငံက တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ေတြ၊ ျပည္သူ႔ကာကြယ္ေရး PDF တပ္ေတြနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားတဲ့အဖဲြ႕ေတြကို ကၽြမ္းက်င္မႈပိုင္းနဲ႔ လက္နက္မဟုတ္တဲ့ ကူညီေထာက္ပံ့မႈေတြေပးေရး ထည့္သြင္းထားပါတယ္။ ျမန္မာႏိုင္ငံထဲက တိုင္းရင္းသားျပည္နယ္ေတြနဲ႔ တိုင္းရင္းသားေတြၾကားမွာ ဖယ္ဒရယ္စနစ္ ခိုင္မာေစေရး အေထာက္အကူျဖစ္မယ့္ အစီအစဥ္ေတြေပးဖို႔လည္း ပါဝင္ပါတယ္။ စစ္တပ္အာဏာသိမ္းမႈကို အျပစ္တင္ၿပီး အရပ္သားအုပ္ခ်ဳပ္ေရးျပန္လည္ေပၚေပါက္ေစေအာင္ ထုတ္ေဖာ္ေျပာတဲ့ စစ္တပ္ဖဲြ႕ဝင္ေဟာင္းေတြကို ကူညီေထာက္ပံ့ဖို႔လည္း ျမန္မာႏိုင္ငံနဲ႔ဆိုင္တဲ့ အသံုးစရိတ္ထဲမွာ ထည့္ထားပါတယ္။ ျမန္မာႏိုင္ငံတဝန္း ရက္စက္ ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို စံုစမ္းေဖာ္ထုတ္ မွတ္တမ္းတင္တဲ့ လူထုအေျချပဳအဖဲြ႕ေတြနဲ႔ အေျခခံလြတ္လပ္မႈအတြက္ ေတာင္းဆိုလႈပ္ရွားလို႔ မတရား ဖမ္းဆီးခံရသူေတြကို ကူညီေပးေနတဲ့ အဖြဲ႔အစည္းေတြကို ေထာက္ပံ့ကူညီသြားေရးကိုလည္း အသံုးစရိတ္ထဲမွာ ထည့္သြင္းထားပါတယ္။ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးကို ဦးစားေပးေဆာင္ရြက္ေနတဲ့ အရပ္ဖက္အဖဲြ႕ေတြ၊ တိုင္းရင္းသားအဖဲြ႕ေတြကိုကူညီဖို႔ အစီအစဥ္ေတြလည္း ထည့္သြင္းထားပါတယ္။ ဒီဇင္ဘာ ၇ ရက္ ဗုဒၶဟူးေန႔က ေအာက္လႊတ္ေတာ္မွာ အတည္ျပဳလိုက္တ့ဲ အေမရိကန္ကာကြယ္ေရး အသံုးစရိတ္ထဲမွာ ခုလို ျမန္မာႏိုင္ငံ ဒီမိုကေရစီေရးအတြက္ သံုးစြဲမယ့္ အသံုးစရိတ္ေတြကို ထည့္သြင္းထားတာျဖစ္ပါတယ္။ ဒီဥပေဒၾကမ္းကို အထက္လႊတ္ေတာ္မွာ အတည္ျပဳဖို႔လိုပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

=======================================

[Unicode]

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်းမှာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှုတွေပေးရေး ထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံထဲက တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်စနစ် ခိုင်မာစေရေး အထောက်အကူဖြစ်မယ့် အစီအစဉ်တွေပေးဖို့လည်း ပါဝင်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို အပြစ်တင်ပြီး အရပ်သားအုပ်ချုပ်ရေးပြန်လည်ပေါ်ပေါက်စေအောင် ထုတ်ဖော်ပြောတဲ့ စစ်တပ်ဖွဲ့ဝင်ဟောင်းတွေကို ကူညီထောက်ပံ့ဖို့လည်း မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အသုံးစရိတ်ထဲမှာ ထည့်ထားပါတယ်။ မြန်မာနိုင်ငံတဝန်း ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ် မှတ်တမ်းတင်တဲ့ လူထုအခြေပြုအဖွဲ့တွေနဲ့ အခြေခံလွတ်လပ်မှုအတွက် တောင်းဆိုလှုပ်ရှားလို့ မတရား ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီသွားရေးကိုလည်း အသုံးစရိတ်ထဲမှာ ထည့်သွင်းထားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေကိုကူညီဖို့ အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အမေရိကန်ကာကွယ်ရေး အသုံးစရိတ်ထဲမှာ ခုလို မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် သုံးစွဲမယ့် အသုံးစရိတ်တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုဖို့လိုပါသေးတယ်။

XS
SM
MD
LG