သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 အေမရိကန္ ကာကြယ္ေရး ဥပေဒၾကမ္းကို သမၼတ Biden လက္မွတ္ထိုးလိုက္ၿပီ


အေမရိကန္ျပည္ေထာင္စုမွာ ကာကြယ္ေရးဆိုင္ရာ ၂၀၂၃ ခုႏွစ္အတြက္ ေဒၚလာ ၈၅၈ ဘီလ်ံသုံးစြဲမယ့္ NDAA ဥပေဒကို သမၼတ Joe Biden ေသာၾကာေန႔က လက္မွတ္ေရးထိုး ျပဌာန္းလိုက္ပါတယ္။ ဒီဥပေဒအရ အေမရိကန္ ကာကြယ္ေရးဌာနအတြက္ ေဒၚလာ ၈၁၆.၇ ဘီလ်ံသုံးစြဲခြင့္ျပဳထားပါတယ္

အေမရိကန္ ကာကြယ္ေရး ဥပေဒၾကမ္းကို သမၼတ Biden လက္မွတ္ထိုးလိုက္ၿပီ

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုမွာ ကာကြယ္ေရးဆိုင္ရာ ၂၀၂၃ ခုႏွစ္အတြက္ ေဒၚလာ ၈၅၈ ဘီလ်ံသုံးစြဲမယ့္ NDAA ဥပေဒကို သမၼတ Joe Biden ေသာၾကာေန႔က လက္မွတ္ေရးထိုး ျပဌာန္းလိုက္ပါတယ္။ ဒီဥပေဒအရ အေမရိကန္ ကာကြယ္ေရးဌာနအတြက္ ေဒၚလာ ၈၁၆.၇ ဘီလ်ံသုံးစြဲခြင့္ျပဳထားပါတယ္။ ဒါေၾကာင့္ ကာကြယ္ေရးဌာနရဲ႕ စစ္ဘက္ အရပ္ဘက္ ဝန္ထမ္းေတြကို လစာ ၄.၆% အထိ တိုးျမႇင့္ေပးသြားမွာ ျဖစ္ပါတယ္။

အမ်ိဳးသားကာကြယ္ေရး မဟာဗ်ဴဟာကို အရွိန္ျမန္ျမန္ အေကာင္အထည္ေဖာ္ဖို႔နဲ႔ ေငြေၾကးေဖာင္းပြမႈ ျပႆနာကို ထိထိေရာက္ေရာက္ ေျဖရွင္းႏိုင္ဖို႔ ကာကြယ္ေရးဌာနက မူလ တင္ျပတဲ့ အသုံးစရိတ္ထက္ကို ၄၅ ဘီလ်ံပိုၿပီး သတ္မွတ္ေပးထားပါတယ္။

NDAA ကာကြယ္ေရးဆိုင္ရာ ဥပေဒမွာ ျမန္မာႏိုင္ငံ ဒီမိုကေရစီေရးကို ျမႇင့္တင္ဖို႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ၊ PDF ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားတဲ့အဖြဲ႕ေတြကို ကြၽမ္းက်င္မႈပိုင္းနဲ႔ လက္နက္မဟုတ္တဲ့ ကူညီေထာက္ပံ့မႈေတြေပးေရး ထည့္သြင္းထားပါတယ္။

ျမန္မာႏိုင္ငံထဲက တိုင္းရင္းသားျပည္နယ္ေတြနဲ႔ တိုင္းရင္းသားေတြၾကားမွာ ဖယ္ဒရယ္စနစ္ ခိုင္မာေစေရး အေထာက္အကူျဖစ္မယ့္ အစီအစဥ္ေတြေပးဖို႔လည္း ပါဝင္ပါတယ္။ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာက္စီ NUCC၊ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH နဲ႔ CDM လႈပ္ရွားသူေတြရဲ႕ စစ္အုပ္ခ်ဳပ္ေရး အဆုံးသပ္ေစေရး အားထုတ္ေဆာင္႐ြက္မႈေတြကို ေထာက္ခံပံ့ပိုးသြားဖို႔လည္း ဥေပဒထဲမွာ ပါဝင္ပါတယ္။

ယူကရိန္းစစ္ပြဲ၊ ထိုင္ဝမ္၊ ေျမာက္ကိုရီးယားနဲ႔ အီရန္ႏိုင္ငံတို႔နဲ႔ ပတ္သက္လို႔ အေမရိကန္တို႔ တုံ႔ျပန္ေဆာင္႐ြက္ဖို႔ စရိတ္ေတြကိုလည္း NDAA အသုံးစရိတ္ ဥပေဒထဲမွာ ထည့္သြင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

အမေရိကန် ကာကွယ်ရေး ဥပဒေကြမ်းကို သမ္မတ Biden လက်မှတ်ထိုးလိုက်ပြီ

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ရေးဆိုင်ရာ ၂၀၂၃ ခုနှစ်အတွက် ဒေါ်လာ ၈၅၈ ဘီလျံသုံးစွဲမယ့် NDAA ဥပဒေကို သမ္မတ Joe Biden သောကြာနေ့က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါတယ်။ ဒီဥပဒေအရ အမေရိကန် ကာကွယ်ရေးဌာနအတွက် ဒေါ်လာ ၈၁၆.၇ ဘီလျံသုံးစွဲခွင့်ပြုထားပါတယ်။ ဒါကြောင့် ကာကွယ်ရေးဌာနရဲ့ စစ်ဘက် အရပ်ဘက် ဝန်ထမ်းတွေကို လစာ ၄.၆% အထိ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေး မဟာဗျူဟာကို အရှိန်မြန်မြန် အကောင်အထည်ဖော်ဖို့နဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ကာကွယ်ရေးဌာနက မူလ တင်ပြတဲ့ အသုံးစရိတ်ထက်ကို ၄၅ ဘီလျံပိုပြီး သတ်မှတ်ပေးထားပါတယ်။

NDAA ကာကွယ်ရေးဆိုင်ရာ ဥပဒေမှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို မြှင့်တင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှုတွေပေးရေး ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံထဲက တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်စနစ် ခိုင်မာစေရေး အထောက်အကူဖြစ်မယ့် အစီအစဉ်တွေပေးဖို့လည်း ပါဝင်ပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောက်စီ NUCC၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ CDM လှုပ်ရှားသူတွေရဲ့ စစ်အုပ်ချုပ်ရေး အဆုံးသပ်စေရေး အားထုတ်ဆောင်ရွက်မှုတွေကို ထောက်ခံပံ့ပိုးသွားဖို့လည်း ဥပေဒထဲမှာ ပါဝင်ပါတယ်။

ယူကရိန်းစစ်ပွဲ၊ ထိုင်ဝမ်၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့နဲ့ ပတ်သက်လို့ အမေရိကန်တို့ တုံ့ပြန်ဆောင်ရွက်ဖို့ စရိတ်တွေကိုလည်း NDAA အသုံးစရိတ် ဥပဒေထဲမှာ ထည့်သွင်းထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG