သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ကာကြယ္ေရးအသံုးစရိတ္ ဥပေဒ ျမန္မာႏိုင္ငံအေပၚသက္ေရာက္ႏိုင္ေျခ


Zawgyi

ကန္ကာကြယ္ေရးအသံုးစရိတ္ ဥပေဒ ျမန္မာႏိုင္ငံအေပၚသက္ေရာက္ႏိုင္ေျခ

NDAA အေမရိကန္ကာကြယ္ေရး၀န္ႀကီးဌာနအသုံးစားရိတ္ဥပေဒမွာျမန္မာႏုိင္ငံဆုိင္ရာ အခ်က္အလက္တခ်ိဳ့ထည့္သြင္းျပင္ဆင္ခ်က္ကုိ ဒီဇင္ဘာလ ၂၇ ရက္ေန့က သမတ ဘုိင္ဒင္လက္မွတ္ေရးထုိးခဲ့တဲ့အတြက္ အတည္ျဖစ္လာပါတယ္။ ဒီ ဥပေဒ အရျမန္မာႏုိင္ ငံပတ္သက္လုိ့လုပ္ေဆာင္ရမယ့္ လုပ္ထုံးလုပ္နည္းအဆင့္ေတြနဲ့ ဒီဥပေဒရဲ့သက္ေရာက္ ႏုိင္မွုေတြအေပၚ အျမင္တခ်ိဳ့ကုိ Woodrow Wilson Center မွာ Public Policy ဆုိင္ရာ သုေတသီ ကုိရဲမ်ိဳးဟိန္းနဲ့၊ CSIS မဟာဗ်ဴဟာနဲ့ႏုိင္ငံတကာေလ့လာေရး ဌာနက အာရွေရးရာကၽြမ္းက်င္သူMichael Martin ကုိ-ကုိေဇာ္မုိးေက်ာ္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

##

ဒီဇင္ဘာ ၂၇ ရက္ေန့က သမတ ဘုိင္ဒင္လက္မွတ္ေရးထုိးခဲ့တဲ့ NDAA ဥပေဒျပင္ဆင္ ခ်က္မွာ ျမန္မာႏုိင္ငံနဲ့ပတ္သက္ၿပီး စာမ်က္ႏွာ ၅ မ်က္ႏွာပါ၀င္ပါတယ္။ NDAA ဥပေဒဟာ ၁၉၆၁ ခုႏွစ္ကျပဌာန္းခဲ့တဲ့အေမရိကန္ကာကြယ္ေရးအသုံးစားရိတ္ဆုိင္ရာ ဥပေဒျဖစ္ၿပီး စာမ်က္ႏွာ ၁၀၀၀ ေက်ာ္ရွိပါတယ္။ ဒီဥပေဒကုိႏွစ္စဥ္ ေဆြးေႏြးျပင္ ဆင္တာသတ္မွတ္တာေတြ လုပ္ေလ့ရွိပါတယ္။ ဒီျပင္ဆင္ခ်က္ေတြအရ အေမရိကန္ အစိုးရတာ၀န္ရွိသူေတြအေနနဲ့ ျမန္မာႏုိင္ငံနဲ့ပတ္သက္ၿပီး လုပ္ေဆာင္ေနတာေတြကုိ သက္ဆုိင္ရာလႊတ္ေတာ္ ေကာ္မတီေတြမွာတင္ျပအစီရင္ခံမွာျဖစ္တဲ့အေၾကာင္း ဒီျပင္ဆင္ခ်က္ဥပေဒနဲ့ပတ္သက္ၿပီး ကုိရဲမ်ိဳးဟိန္းကရွင္းျပခဲ့ပါတယ္။ ဒီ NDAA ဥပေဒျပင္ဆင္ခ်က္အတည္ျပုလုိက္တဲ့အေပၚ ျမန္မာ့အေရးနဲ့ပတ္သက္လုိ့ ေမွ်ာ္လင့္ခ်က္ ေတြလည္းျဖစ္လာပါတယ္။ ဒါေၾကာင့္ ဒီျပင္ဆင္ခ်က္နဲ့ပတ္သက္ၿပီး လုပ္ေဆာင္ရမယ့္အဆင့္ေတြကုိ သုေတသီ ကုိရဲမ်ိဳးဟိန္းကုိေမးၾကည့္ပါတယ္။

ကုိေဇာ္မုိးေက်ာ္။ ။ ဟုတ္ကဲ့ အခုေမွ်ာ္လင့္ခ်က္ေတြလည္း ျဖစ္လာၾကတယ္ေလ၊ တခ်ိဳ့ကလည္း ဒီ NDAA ျပင္ဆင္ခ်က္ကိုအတည္ျပဳလုိက္တဲ့အတြက္ေၾကာင့္ NUG ကုိ ဒီအေမရိကန္အစုိးရက အသိအမွတ္ျပုေတာ့မယ္ ဆုိတာေတြအထိထင္လာတာေတြရွိတယ္ေလ၊ အဲဒိေတာ့ ဒီဥပေဒနဲ့ပတ္သက္ၿပီးေတာ့၊ လႊတ္ေတာ္မွာ ျမန္မာႏုိင္ငံဆုိင္ရာ ကိစၥေတြကုိ တင္ျပခြင့္ ရတယ္လုိ့က်ေနာ္တုိ့ အၾကမ္းဖ်ဥ္းနားလည္ထားတယ္ေလ၊ အဲဒါဟုတ္ပါ သလား၊ ဒီခုနေျပာသလုိ အမ်ားေမွ်ာ္လင့္သလုိ အသိအမွတ္ျပုေရး ေတြဘာေတြျဖစ္လာမလား ဘယ္လုိသက္ေရာက္မွုမ်ိဳးေတြရွိႏုိင္မလဲ။

ကုိရဲမ်ိဳးဟိန္း။ ။ အဲဒိေတာ့အဲလုိမ်ိဳးတင္ျပတဲ့အခါမွာ အဓိက အခ်က္ ၄ ခ်က္ပါရမယ္လုိ့ အဲဒိဥပေဒထဲမွာျပဌာန္းထားတယ္ေပါ့၊ ပထမဆုံးအခ်က္ကေတာ့ ျမန္မာႏုိင္ငံနဲ့ပတ္သက္ၿပီးေတာ့ အေမရိကန္ရဲ့ မူ၀ါဒနဲ့ လုံၿခုံေရးဆုိင္ရာရည္ရြယ္ခ်က္ေပါ့၊ ဒုတိယအခ်က္ကေတာ့ ျမန္မာႏုိင္ငံနဲ့ပတ္သက္ၿပီးေတာ့ အေမရိကန္အစိုးရအဖဲြ့ကေနၿပီးေတာ့ ေဆာင္ရြက္ေနတဲ့အခ်က္ေတြ၊ သတင္းအခ်က္လက္ေတြကုိထည့္သြင္းေဖၚျပရမယ္လုိ့ပါတယ္။ အဲဒိေတာ့ အဲဒိသတင္းအခ်က္အလက္ေတြမွာဘာပါသလဲဆုိေတာ့၊ အဓိက အဲဒိလုိမ်ိဳးေဆာင္ရြက္ ေနတဲ့အေမရိကန္အစိုးရ ေဆာင္ရြက္ေနတဲ့အခ်က္ေတြသည္ နံပတ္ ၁ တခ်က္NUG ၊ CDM နဲ့ ဒီမုိကေရစီကုိေထာက္ခံေပးေနတဲ့ အဖဲြ့အစည္းေတြကုိေထာက္ပံ့ေပးတာျဖစ္ရမယ္၊ တရား၀င္မွုျဖစ္ေအာင္လုပ္ေပးတာျဖစ္ ရမယ္ ဆုိတဲ့အခ်က္ပါလာတာေတြ့ရတယ္၊ SAC ေပါ့ စကစ နဲ့ပတ္သက္လုိ့ ပတ္သက္ၿပီးေတာ့ တရား၀င္မွု မေပးတဲ့ဟာ စကစကုိအရင္းအျမစ္ေတြ ေပးတဲ့ဟာမ်ိဳး ျဖစ္ကုိျဖစ္ရမယ္ ဆုိတာမ်ိဳးပါလာတယ္ေပါ့။ ေနာက္တတိယတခ်က္ကေတာ့ လက္ရွိအေမရိကန္အစိုးရအေနနဲ့ ျမန္မာႏုိင္ငံနဲ့ပတ္သက္ၿပီးေတာ့ ဘယ္လုိမ်ိဳး အေထာက္အပံ့ေတြေပးေနလဲ၊ ဆုိတဲ့ဟာကုိ တင္ျပေပးတာမ်ိဳးျဖစ္ရမယ္။ ေနာက္တ ခ်က္ကေတာ့ တရုတ္နဲ့ရုရွားရဲ့ ျမန္မာႏုိင္ငံ မဟာဗ်ဴဟာ အက်ိဳးစီးပြားေတြဟာဘာေတြ ရွိလဲဆုိတဲ့ အခ်က္ကုိက်ေနာ္တို့ ေဖၚျပတာမ်ိဳးျဖစ္ရမယ္လုိ့ပါပါတယ္။ ဒုတိယအခ်က္ ျဖစ္တဲ့ အေမရိကန္အစိုးရက ျမန္မာႏုိင္ငံနဲ့ပတ္သက္ၿပီးေဆာင္ရြက္ေနတဲ့ အခ်က္အလက္ေတြကုိေဖၚျပတဲ့ ေနရာမွာ NUG၊ CDM နဲ့ အျခားဒီမုိကေရစီ ကုိေထာက္ပံေပးေနတဲ့ အဖဲြ့ေတြကုိ တရား၀င္မွုျဖစ္ေအာင္ အားေပးေထာက္ခံ တာမ်ိဳးျဖစ္ရမယ္ဆုိတဲ့အခ်က္အေပၚမွာမူတည္ ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ား ကေတာ့ ဒါ NUG ကုိအသိအမွတ္ျပုတဲ့ ဥပေဒျဖစ္တယ္ဆုိၿပီးေတာ့ေျပာတဲ့ဟာမ်ိဳးလုိ့ က်ေနာ္ေတာ့ျမင္ပါတယ္။

NDAA ျပင္ဆင္ခ်က္ကုိအတည္ျပုလုိက္တဲ့အတြက္ ဘယ္လုိအက်ိဳးသက္ေရာက္မွုေတြ ရွိလာႏုိင္ပါလဲ အမ်ားေမွ်ာ္လင့္သလုိ့ NUG အစုိးရကုိတရား၀င္အသိအမွတ္ ျပုတာမ်ိဳးျဖစ္လာႏုိင္ပါသလားလုိ့ CSIS က ပညာရွင္ Michael Martin ကုိေမးၾကည့္ပါ တယ္။

Michael Martin: သမတဂ်ိဳးဘုိင္ဒင္လက္မွတ္ထုိးၿပီးအတည္ျဖစ္လာတဲ့ ဒီ NDAA ျပင္ဆင္ခ်က္ဟာ NUG ကုိတရား၀င္အစုိးရအျဖစ္တရား၀င္သတ္မွတ္တာမ်ိဳးမပါ၀င္ပါဘူး၊ ဒီလုိဘဲ NUG ကုိ တရား၀င္အစုိးရအျဖစ္အသိအမွတ္ျပုေအာင္လုပ္ေဆာင္ဖုိ့ျပဌာန္းတာလည္း မဟုတ္ပါဘူး။ ဒီဥပေဒဟာ သမတ ဘုိင္ဒင္အစိုးရအေနနဲ့ NUG တင္ကမဘဲ CDM လုပ္ေဆာင္ေနသူေတြအပါအ၀င္၊ ဒီမုိကေရစီရရွိေရးလုပ္ေဆာင္ေနတဲ့ အဖဲြ့ေတြကုိ အသိအမွတ္ျပုၿပီး ဘယ္လုိကူညီလုပ္ေဆာင္ေပးေန တယ္ဆုိတာေတြကုိ လႊတ္ေတာ္မွာ အစီရင္ခံတင္ျပဖုိ့ျပဌာန္းတဲ့ဥပေဒဘဲျဖစ္ပါတယ္။ NUG ရဲ႕တရား၀င္မွုအဆင့္ အတန္းနဲ့ပတ္သက္လုိ့ သမတဘုိင္ဒင္အစိုးရဆုံးျဖတ္ခ်က္အတုိင္းသာ ျဖစ္ၿပီးဒီဥပေဒအရ လႊတ္ေတာ္ကေန အစိုးရရဲ့ဆုံးျဖတ္ခ်က္ကုိဘာမွအေျပာင္းအလဲျဖစ္ေစမွာမဟုတ္ပါဘူး။ အဓိကကေတာ့ ျမန္မာျပည္နဲ့ပတ္သက္လုိ့လုပ္ေဆာင္ေနတာေတြကုိ လႊတ္ေတာ္မွာ တင္ျပအစီရင္ခံဖုိ့ဘဲ ဒီဥပေဒက ျပဌာန္းထားတာပါ။

ကုိေဇာ္မုိးေက်ာ္။ ။ ဒီ NDAA ဥေဒျပင္ဆင္မွုဟာ ျမန္မာႏုိင္ငံဆုိင္ရာအေမရိကန္ မူ၀ဒါမွာထူးျခားတဲ့ တုိးတက္မွုတရပ္လုိ့ထင္ပါသလား၊ လက္ရွိ ျမန္မာႏုိင္ငံအတြက္ခ်မွတ္ေဆာင္ရြက္ေနတဲ့ အေမရိကန္မူ၀ါဒေတြဟာလုံေလာက္မွုရွိတယ္လုိ့ထင္ပါသလားလုိ့ Michael Martin ကုိ ဆက္ေမးခဲ့ပါတယ္။

Michael Martin။ ။ဒီဥပေဒျပဌာန္းလုိက္တဲ့အတြက္ ထူးထူးျခားျခားေျပာင္းလဲမွုေတြမျဖစ္ႏုိင္ပါဘူး။ ဒါဟာ အျပုသေဘာေဆာင္တဲ့လုပ္ေဆာင္မွုတခုျဖစ္ပါတယ္။ ဥပမာ လႊတ္ေတာ္မွာ အစီရင္ခံ တင္ျပဖုိ့ျပဌာန္းတာ၊ ဒါေတြဟာ အေထာက္အကူေတာ့ျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိ ျမန္မာႏုိင္ငံနဲ့ပတ္သက္လုိ့ သမတ ဘုိင္ဒင္အစိုးရအေနနဲ့သူတုိ့သေဘာနဲ့သူတုိ့ဆုံး ျဖတ္လုပ္ေဆာင္ရမွသာျဖစ္ပါတယ္။ ဒီျပဌာန္းခ်က္ထဲက ပုဒ္ကမခဲြ ၅၁၁၄ အရ လႊတ္ေတာ္က ျမန္မာႏုိင္ငံနဲ့ပတ္သက္တဲ့အေမရိကန္အစိုးရမူ၀ါဒေတြမွာ လုပ္ေစ့ ခ်င္တာေတြရွိရင္လည္း ျပဌာန္းေပးႏုိင္ေပမယ့္၊ ဒါေတြကုိ သမတ ဘုိင္ဒင္အစုိးရအေနနဲ့ အတိအက်လုိက္နာလုပ္ေဆာင္ရမယ္ဆုိတာမ်ိဳးမဟုတ္ဘဲ non biding မလုိက္နာလည္း ေနလုိ့ရတဲ့ ျပဌာန္းခ်က္ေတြဘဲ ျဖစ္ပါတယ္။

ကုိေဇာ္မုိးေက်ာ္။ ။ အဓိက စုိးရိမ္မိတဲ့အခ်က္ကေတာ့ သမတ ဘုိင္ဒင္အစိုးရထဲမွာ အခုအ ခ်ိန္အထိ ျမန္မာႏုိင္ငံနဲ့ပတ္သက္တဲ့မူ၀ါဒေတြကုိ တာ၀န္ခံၿပီး ညွိုင္းေဆာင္ရြက္ ေပးမယ့္သူတဦးတေယာက္ကုိ မူ၀ါဒညွိႏုိင္းေရးမွုးအျဖစ္ တိတိက်က်တာ၀န္ ေပးထားတာ မရွိေသးပါဘူး။ ဒီအခ်က္ကုိ က်ေနာ့္အေနနဲ့ေတာ့ ပူပန္မိတယ္လုိ့ Micahel Martin ကေျပာဆုိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


##

Unicode

ကန်ကာကွယ်ရေးအသုံးစရိတ် ဥပဒေ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ခြေ

NDAA အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအသုံးစားရိတ်ဥပဒေမှာမြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တချို့ထည့်သွင်းပြင်ဆင်ချက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က သမတ ဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အတည်ဖြစ်လာပါတယ်။ ဒီ ဥပဒေ အရမြန်မာနိုင် ငံပတ်သက်လို့လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းအဆင့်တွေနဲ့ ဒီဥပဒေရဲ့သက်ရောက် နိုင်မှုတွေအပေါ် အမြင်တချို့ကို Woodrow Wilson Center မှာ Public Policy ဆိုင်ရာ သုတေသီ ကိုရဲမျိုးဟိန်းနဲ့၊ CSIS မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေး ဌာနက အာရှရေးရာကျွမ်းကျင်သူMichael Martin ကို-ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

##

ဒီဇင်ဘာ ၂၇ ရက်နေ့က သမတ ဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့တဲ့ NDAA ဥပဒေပြင်ဆင် ချက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါဝင်ပါတယ်။ NDAA ဥပဒေဟာ ၁၉၆၁ ခုနှစ်ကပြဌာန်းခဲ့တဲ့အမေရိကန်ကာကွယ်ရေးအသုံးစားရိတ်ဆိုင်ရာ ဥပဒေဖြစ်ပြီး စာမျက်နှာ ၁၀၀၀ ကျော်ရှိပါတယ်။ ဒီဥပဒေကိုနှစ်စဉ် ဆွေးနွေးပြင် ဆင်တာသတ်မှတ်တာတွေ လုပ်လေ့ရှိပါတယ်။ ဒီပြင်ဆင်ချက်တွေအရ အမေရိကန် အစိုးရတာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို သက်ဆိုင်ရာလွှတ်တော် ကော်မတီတွေမှာတင်ပြအစီရင်ခံမှာဖြစ်တဲ့အကြောင်း ဒီပြင်ဆင်ချက်ဥပဒေနဲ့ပတ်သက်ပြီး ကိုရဲမျိုးဟိန်းကရှင်းပြခဲ့ပါတယ်။ ဒီ NDAA ဥပဒေပြင်ဆင်ချက်အတည်ပြုလိုက်တဲ့အပေါ် မြန်မာ့အရေးနဲ့ပတ်သက်လို့ မျှော်လင့်ချက် တွေလည်းဖြစ်လာပါတယ်။ ဒါကြောင့် ဒီပြင်ဆင်ချက်နဲ့ပတ်သက်ပြီး လုပ်ဆောင်ရမယ့်အဆင့်တွေကို သုတေသီ ကိုရဲမျိုးဟိန်းကိုမေးကြည့်ပါတယ်။

ကိုဇော်မိုးကျော်။ ။ ဟုတ်ကဲ့ အခုမျှော်လင့်ချက်တွေလည်း ဖြစ်လာကြတယ်လေ၊ တချို့ကလည်း ဒီ NDAA ပြင်ဆင်ချက်ကိုအတည်ပြုလိုက်တဲ့အတွက်ကြောင့် NUG ကို ဒီအမေရိကန်အစိုးရက အသိအမှတ်ပြုတော့မယ် ဆိုတာတွေအထိထင်လာတာတွေရှိတယ်လေ၊ အဲဒိတော့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့၊ လွှတ်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေကို တင်ပြခွင့် ရတယ်လို့ကျနော်တို့ အကြမ်းဖျဉ်းနားလည်ထားတယ်လေ၊ အဲဒါဟုတ်ပါ သလား၊ ဒီခုနပြောသလို အများမျှော်လင့်သလို အသိအမှတ်ပြုရေး တွေဘာတွေဖြစ်လာမလား ဘယ်လိုသက်ရောက်မှုမျိုးတွေရှိနိုင်မလဲ။

ကိုရဲမျိုးဟိန်း။ ။ အဲဒိတော့အဲလိုမျိုးတင်ပြတဲ့အခါမှာ အဓိက အချက် ၄ ချက်ပါရမယ်လို့ အဲဒိဥပဒေထဲမှာပြဌာန်းထားတယ်ပေါ့၊ ပထမဆုံးအချက်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ မူဝါဒနဲ့ လုံခြုံရေးဆိုင်ရာရည်ရွယ်ချက်ပေါ့၊ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန်အစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်နေတဲ့အချက်တွေ၊ သတင်းအချက်လက်တွေကိုထည့်သွင်းဖေါ်ပြရမယ်လို့ပါတယ်။ အဲဒိတော့ အဲဒိသတင်းအချက်အလက်တွေမှာဘာပါသလဲဆိုတော့၊ အဓိက အဲဒိလိုမျိုးဆောင်ရွက် နေတဲ့အမေရိကန်အစိုးရ ဆောင်ရွက်နေတဲ့အချက်တွေသည် နံပတ် ၁ တချက်NUG ၊ CDM နဲ့ ဒီမိုကရေစီကိုထောက်ခံပေးနေတဲ့ အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးတာဖြစ်ရမယ်၊ တရားဝင်မှုဖြစ်အောင်လုပ်ပေးတာဖြစ် ရမယ် ဆိုတဲ့အချက်ပါလာတာတွေ့ရတယ်၊ SAC ပေါ့ စကစ နဲ့ပတ်သက်လို့ ပတ်သက်ပြီးတော့ တရားဝင်မှု မပေးတဲ့ဟာ စကစကိုအရင်းအမြစ်တွေ ပေးတဲ့ဟာမျိုး ဖြစ်ကိုဖြစ်ရမယ် ဆိုတာမျိုးပါလာတယ်ပေါ့။ နောက်တတိယတချက်ကတော့ လက်ရှိအမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး အထောက်အပံ့တွေပေးနေလဲ၊ ဆိုတဲ့ဟာကို တင်ပြပေးတာမျိုးဖြစ်ရမယ်။ နောက်တ ချက်ကတော့ တရုတ်နဲ့ရုရှားရဲ့ မြန်မာနိုင်ငံ မဟာဗျူဟာ အကျိုးစီးပွားတွေဟာဘာတွေ ရှိလဲဆိုတဲ့ အချက်ကိုကျနော်တို့ ဖေါ်ပြတာမျိုးဖြစ်ရမယ်လို့ပါပါတယ်။ ဒုတိယအချက် ဖြစ်တဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့ အချက်အလက်တွေကိုဖေါ်ပြတဲ့ နေရာမှာ NUG၊ CDM နဲ့ အခြားဒီမိုကရေစီ ကိုထောက်ပံပေးနေတဲ့ အဖွဲ့တွေကို တရားဝင်မှုဖြစ်အောင် အားပေးထောက်ခံ တာမျိုးဖြစ်ရမယ်ဆိုတဲ့အချက်အပေါ်မှာမူတည် ပြီးတော့ တော်တော်များများ ကတော့ ဒါ NUG ကိုအသိအမှတ်ပြုတဲ့ ဥပဒေဖြစ်တယ်ဆိုပြီးတော့ပြောတဲ့ဟာမျိုးလို့ ကျနော်တော့မြင်ပါတယ်။

NDAA ပြင်ဆင်ချက်ကိုအတည်ပြုလိုက်တဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ အများမျှော်လင့်သလို့ NUG အစိုးရကိုတရားဝင်အသိအမှတ် ပြုတာမျိုးဖြစ်လာနိုင်ပါသလားလို့ CSIS က ပညာရှင် Michael Martin ကိုမေးကြည့်ပါ တယ်။

Michael Martin: သမတဂျိုးဘိုင်ဒင်လက်မှတ်ထိုးပြီးအတည်ဖြစ်လာတဲ့ ဒီ NDAA ပြင်ဆင်ချက်ဟာ NUG ကိုတရားဝင်အစိုးရအဖြစ်တရားဝင်သတ်မှတ်တာမျိုးမပါဝင်ပါဘူး၊ ဒီလိုဘဲ NUG ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုအောင်လုပ်ဆောင်ဖို့ပြဌာန်းတာလည်း မဟုတ်ပါဘူး။ ဒီဥပဒေဟာ သမတ ဘိုင်ဒင်အစိုးရအနေနဲ့ NUG တင်ကမဘဲ CDM လုပ်ဆောင်နေသူတွေအပါအဝင်၊ ဒီမိုကရေစီရရှိရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေကို အသိအမှတ်ပြုပြီး ဘယ်လိုကူညီလုပ်ဆောင်ပေးနေ တယ်ဆိုတာတွေကို လွှတ်တော်မှာ အစီရင်ခံတင်ပြဖို့ပြဌာန်းတဲ့ဥပဒေဘဲဖြစ်ပါတယ်။ NUG ရဲ့တရားဝင်မှုအဆင့် အတန်းနဲ့ပတ်သက်လို့ သမတဘိုင်ဒင်အစိုးရဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပြီးဒီဥပဒေအရ လွှတ်တော်ကနေ အစိုးရရဲ့ဆုံးဖြတ်ချက်ကိုဘာမှအပြောင်းအလဲဖြစ်စေမှာမဟုတ်ပါဘူး။ အဓိကကတော့ မြန်မာပြည်နဲ့ပတ်သက်လို့လုပ်ဆောင်နေတာတွေကို လွှတ်တော်မှာ တင်ပြအစီရင်ခံဖို့ဘဲ ဒီဥပဒေက ပြဌာန်းထားတာပါ။

ကိုဇော်မိုးကျော်။ ။ ဒီ NDAA ဥဒေပြင်ဆင်မှုဟာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် မူဝဒါမှာထူးခြားတဲ့ တိုးတက်မှုတရပ်လို့ထင်ပါသလား၊ လက်ရှိ မြန်မာနိုင်ငံအတွက်ချမှတ်ဆောင်ရွက်နေတဲ့ အမေရိကန်မူဝါဒတွေဟာလုံလောက်မှုရှိတယ်လို့ထင်ပါသလားလို့ Michael Martin ကို ဆက်မေးခဲ့ပါတယ်။

Michael Martin။ ။ဒီဥပဒေပြဌာန်းလိုက်တဲ့အတွက် ထူးထူးခြားခြားပြောင်းလဲမှုတွေမဖြစ်နိုင်ပါဘူး။ ဒါဟာ အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုတခုဖြစ်ပါတယ်။ ဥပမာ လွှတ်တော်မှာ အစီရင်ခံ တင်ပြဖို့ပြဌာန်းတာ၊ ဒါတွေဟာ အထောက်အကူတော့ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သမတ ဘိုင်ဒင်အစိုးရအနေနဲ့သူတို့သဘောနဲ့သူတို့ဆုံး ဖြတ်လုပ်ဆောင်ရမှသာဖြစ်ပါတယ်။ ဒီပြဌာန်းချက်ထဲက ပုဒ်ကမခွဲ ၅၁၁၄ အရ လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အမေရိကန်အစိုးရမူဝါဒတွေမှာ လုပ်စေ့ ချင်တာတွေရှိရင်လည်း ပြဌာန်းပေးနိုင်ပေမယ့်၊ ဒါတွေကို သမတ ဘိုင်ဒင်အစိုးရအနေနဲ့ အတိအကျလိုက်နာလုပ်ဆောင်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ non biding မလိုက်နာလည်း နေလို့ရတဲ့ ပြဌာန်းချက်တွေဘဲ ဖြစ်ပါတယ်။

ကိုဇော်မိုးကျော်။ ။ အဓိက စိုးရိမ်မိတဲ့အချက်ကတော့ သမတ ဘိုင်ဒင်အစိုးရထဲမှာ အခုအ ချိန်အထိ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မူဝါဒတွေကို တာဝန်ခံပြီး ညှိုင်းဆောင်ရွက် ပေးမယ့်သူတဦးတယောက်ကို မူဝါဒညှိနိုင်းရေးမှုးအဖြစ် တိတိကျကျတာဝန် ပေးထားတာ မရှိသေးပါဘူး။ ဒီအချက်ကို ကျနော့်အနေနဲ့တော့ ပူပန်မိတယ်လို့ Micahel Martin ကပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG