သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနယ်စပ် အသေခံဗုံးခွဲမှု ၂၈ ဦးထက်မနည်းသေ


ဆီးရီးယားနယ်စပ်နဲ့ကပ်လျက် တူရကီနိုင်ငံတွင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေသူများကိုတွေ့ရစဉ်။ (ဇူလိုင် ၂၀၊ ၂၀၁၅)
ဆီးရီးယားနယ်စပ်နဲ့ကပ်လျက် တူရကီနိုင်ငံတွင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေသူများကိုတွေ့ရစဉ်။ (ဇူလိုင် ၂၀၊ ၂၀၁၅)

တူရကီနိုင်ငံရဲ့အရှေ့တောင်ပိုင်း၊ ဆီးရီးယားနယ်စပ်နားက Suruc မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၂၈ ဦးမက သေဆုံးကာ တခြားလူ ၁၀၀ နီးပါးလောက်လည်း ဒဏ်ရာရရှိသွားကြပါတယ်။

ဒီတင်္နလာနေ့တိုက်ခိုက်မှုကို ဘယ်သူဘယ်ဝါက လုပ်ဆောင်ပါတယ်ဆိုပြီး ဝန်ခံပြောကြားတာမျိုးမရှိပေမယ့် IS အစ္စလမ်မစ် စစ်သွေးကြွတွေရဲ့လက်ချက်လို့ ယူဆနိုင်စရာအကြောင်းတွေ အများကြီးရှိတယ်လို့ တူရကီ အရာရှိတွေက ပြောကြပါတယ်။ အကြမ်းဖက်သမားတွေဟာ တူရကီနိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး တူရီကီပြည်သူတွေအနေနဲ့ စိုးရိမ်သောကမဖြစ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

Suruc မြို့ရဲ့ နယ်စပ်တဘက်ခြမ်းမှာ Syria နိုင်ငံမှာ တည်ရှိတဲ့ Kobani မြို့မှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် နိုင်ငံရေးအဖွဲ့တဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပနေတုန်း Surac မြို့က ယဉ်ကျေးမှုအဆောက်အဦး ဖောက်ခွဲတိုက်ခိုက်ခံရတာပါ။ Kobani မြို့ဟာ Kurdish လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ IS စစ်သွေးကြွတွေကြား အပြင်းအထန် တိုက်ပွဲတွေဖြစ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ Surac မြို့ကတော့ Syria နိုင်ငံက အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာကြသူတွေရဲ့ ဆီးရီးယားဒုက္ခသည် စခန်းကြီးတခု ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG