သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အပူလှိုင်း လူ (၁၀၀) ခန့်သေဆုံး


အပူရှိန်ပြင်းတဲ့နယူးဒေလီမြို့မှလူတချို့ လမ်းဖြတ်ကူးနေပုံ၊ မေ ၁၄၊ ၂၀၁၀။
အပူရှိန်ပြင်းတဲ့နယူးဒေလီမြို့မှလူတချို့ လမ်းဖြတ်ကူးနေပုံ၊ မေ ၁၄၊ ၂၀၁၀။

အိန္ဒိယနိုင်ငံမှာ အလွန်အမင်းအပူပြင်းထန်တာကြောင့် လူဦးရေထူထပ်တဲ့ မြောက်ပိုင်း Utter Pradesh နဲ့ အရှေ့ဖက် ​Biha​r ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူ ၉၆ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေ ပြောပါတယ်။

အသက် ၆၀ အထက်နဲ့ ကျန်းမာရေးမသန်စွမ်းသူတွေအနေနဲ့ နေပိုင်းအချိန် အမိုးအကာအောက်မှာပဲ နေကြဖို့ အာဏာပိုင်တွေက သတိပေးနေချိန်မှာပဲ၊ အခုလို အပူကြောင့် သေဆုံးစာရင်းကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တာပါ။ သေဆုံးသူအများစုဟာ အသက် ၆၀ အထက်တွေနဲ့ မူလကျန်းမာရေးပြဿနာရှိသူတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Utter Pradesh ပြည်နယ် နေရာတချို့မှာ ဇွန်လ ၁၉ ရက်နေ့အထိ အပူလှိုင်းဒဏ်ရှိနေဦးမယ်လို့ အိန္ဒိယမိုးလေဝသနဲ့ဇလဗေဒဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ Utter Pradesh ပြည်နယ်က Ballia မြို့မှာ ပြီးခဲ့တဲ့သုံးရက်အတွင်း လူ ၃၀၀ လောက်ကို အပူကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ခရိုင်ဆေးရုံကို တင်ထားရတယ်လို့ အဲဒီက ကျန်းမာရေးအရာရှိတဦးက ပြောပါတယ်။

အခုလို အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်နေတာကြောင့်လည်း Ballia မြို့မှာ ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ ကြိုတင်ခွင့်တောင်းခံမှုတွေကို ပယ်ဖျက်ထားရပြီး လူနာတွေတိုးလာတာကိုဖြေရှင်းဖို့ အရေးပေါ် အခြေအနေအရ ဆေးရုံကုတင်တွေ ထပ်တိုးထားရပါတယ်။ ဆေးရုံပေါ်ရောက်လာသူ လူနာအများစုဟာ အသက် ၆၀ အထက်တွေဖြစ်ပြီး၊ ကိုယ်ပူချိန်မြင့်မားတာ၊အော့အန်တာ၊ ဝမ်းသွားတာ၊ အသက်ရှုခက်ခဲတာနဲ့ နှလုံးနဲ့ပတ်သက်လို့ ရောဂါတွေနဲ့ ရောက်လာကြသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG