သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Paris မြို့လယ် ဆန္ဒပြပွဲ အထိအခိုက်များပြား


ပြင်သစ်ကားသမားတွေရဲ့လောင်စာဆီဈေးမြင့်တက်မှုဆန့်ကျင်မှုသင်္ကေတအဖြစ် ဆန္ဒပြသူတွေက အဝါရောင်အပေါ်ဝတ်အင်္ကျီတွေဝတ်ဆင်ပြီး ပဲရစ်မြိ့တွင်းမှာ မီးရှို့ဖျက်ဆီးနေကြစဉ်။

ပဲရစ်မြို့လယ်က ဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရဲအရာရှိ ၁၆ ဦး အပါအ၀င် လူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရသွားတဲ့အပြင် ၂၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

ပဲရစ်မြို့က နာမည်ကြီး Champ Elysees လမ်းမကြီးပေါ်မှာ ဆန္ဒပြသူတွေဟာ ၃ ပတ်မြောက် ဆက်တိုက် ဆန္ဒပြနေကြတာပါ။ စနေနေ့ အစောပိုင်းက Arc de Triomphe ဆိုတဲ့ နေရာမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြတာမှာ ညဘက်အထိ ဆက်တိုက် ဖြစ်နေခဲ့တာကြောင့် အာဏာပိုင်တွေအနေနဲ့ အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ အတော်လေး ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လုပ်နေကြခြင်းဖြစ်ကြောင်းနဲ့ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က ပြောပါတယ်။ ဆန္ဒပြပွဲတွေကို ဘယ်လို အကောင်းဆုံး တုံ့ပြန်နိုင်မလဲဆိုတာကို အစိုးရအဖွဲ့အတွင်းက အကြီးတန်း ၀န်ကြီးတွေနဲ့ ပြင်သစ်ကို ပြန်ရောက်ရောက်ခြင်း ညှိနှိုင်း တိုင်ပင်သွားမယ်လို့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့မှာ ကျင်းပနေတဲ့ G-20 ထိပ်သီး စည်းဝေးပွဲကို တက်နေတဲ့ သမ္မတ Macron က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ လမ်းတချို့ကို ပိတ်ပစ်ခဲ့ပြီး စတိုးဆိုင်တွေက မှန်တွေကို ရိုက်ခွဲပစ်တာ၊ ကားတာယာတွေကို မီးရှို့တာနဲ့ ရဲတွေကို ခဲနဲ့ ပစ်ပေါက်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ လူတွေ မှင်သက်မိစေတဲ့ ဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအတွင်းက တခြားနေရာတွေမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကတော့ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။

please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG