သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၁၀၀ နီးပါးရှိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ၈ ထပ် အဆောက်အဦး ပြိုကျပြီးနောက် ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးတွေ ရှာဖွေနေစဉ် (၂၄ ဧပြီ ၂၀၁၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ၈ ထပ် အဆောက်အဦး ပြိုကျပြီးနောက် ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးတွေ ရှာဖွေနေစဉ် (၂၄ ဧပြီ ၂၀၁၃)
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ မြို့တော် ဒါကာ အပြင်ဘက်မှာ ၈ ထပ်ရှိတဲ့ ကုန်သွယ်ရေး အဆောက်အဦးတခု ပြိုကျတာကြောင့် လူ ၉၆ ဦးထက်မနည်း သေဆုံးပြီး၊ ၁ ထောင်လောက်ကို ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ် ကူညီရေးလုပ်သားတွေ က ပြောပါတယ်။

Savar အရပ် Rana Plaza ပြိုကျသွားပြီး အဲ့ဒီက အပျက်အစီးတွေ ကြားထဲမှာ ညပ်ပြီး ကျန်သူတွေကို ဆက်လက် ရှာဖွေမှုတွေ လုပ်နေတယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။

အဲ့ဒီအဆောက်အဦးထဲမှာတော့ ဘဏ်တခု၊ ဈေးဆိုင်တွေနဲ့ အထည်စက်ရုံတရုံလည်း အနည်းဆုံး ရှိနေတာပါ။ အဆောက်အဦး ပြိုကျတဲ့အချိန်မှာ အထပ်မြင့်ပေါ်မှာ လူ ၂ ထောင်လောက်ကို ရှိနေတယ်လို့ မီးသတ်သမားတဦးက ရိုက်တာသတင်းဌာန ကို ပြောပါတယ်။

မိနစ်ပိုင်းအတွင်းမှာ အဆောက်အဦး တခုလုံး ပြိုကျသွားတာလို့ အသက်ရှင် ကျန်ရစ်သူတွေကလည်း ပြောပါတယ်။ အင်္ဂါနေ့ကပဲ အဆောက်အဦးမှာ အက်ကွဲကြောင်းတွေ တွေ့ရတာကြောင့်၊ အဆောက်အဦးပေါ်မှာ အလုပ်သမားတွေ မတက်ကြဖို့ သတိပေးချက် ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီက စက်ရုံပိုင်ရှင်ကနေ အဲ့ဒီ သတိပေးချက်ကို လျစ်လျူပြုခဲ့ပုံ ရတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG