သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထားဖို့ G7 ကို မြန်မာ CSO ၄၀၀ နီးပါး တောင်းဆို


G7
G7

G7 စက်မှုထိပ်သီး ၇ နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တဦးခန့်အပ်ပြီး မြန်မာ့အရေး ထဲထဲဝင်ဝင် ဆောင်ရွက်ပေးဖို့ မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၄၀၀ နီးပါးက ဇွန်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

G7 အဖွဲ့ဝင် နိုင်ငံတွေက အခု နောက်ဆုံးဗြိတိန်မှာ ကျင်းပတဲ့အစည်းအဝေးကနေ ကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလေးပေးဖေါ်ပြတာကို ကြိုဆိုကြောင်း ဒါပေမယ့် မြန်မာ့အကြပ်အတည်းအတွက် အာဆီယံက အဓိကနေရာကနေ ချဉ်းကပ်လုပ်ဆောင်ဖို့ ပြောကြားချက်ဟာ မှားယွင်းတယ်လို့ ယုံကြည်ကြောင်း ဖေါ်ပြထားပါတယ်။

အာဆီယံအဖွဲ့ကြီးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သေသေချာချာ လုပ်ဆောင်နိုင်စွမ်း မရှိတဲ့အတွက် G7 အဖွဲ့ဝင် နိုင်ငံတွေက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို G7 နိုင်ငံတွေက အထူးကိုယ်စားလှယ် တဦး ချက်ချင်းစေလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgene နဲ့ အတူ G7 အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ သံတမန်ဆွေးနွေးမှုတွေ လုပ်ပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မယ့် အစီစဉ်တခု ချမှတ်ဖို့ လိုလားကြောင်း ပြောပါတယ်။

ကုလအထူးကိုယ်စားလှယ်နဲ့ G7 အထူးကိုယ်စားလှယ်တို့ အနေနဲ့ စစ်အုပ်စုနဲ့သာမက NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စစ်အာဏာဖီဆန်ရေး CDM လုပ်နေသူတွေ အပြင် အကြမ်းမဖက် လှုပ်ရှားမှုကို ရှေ့တန်းကဦးဆောင်နေတဲ့ လူငယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် G7 အထူူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးအတွက် ထိုင်း၊ အိန္ဒိယနဲ့ တရုတ်အပါအဝင် မြန်မာ့အိမ်နီးချင်း တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီး နယ်စပ်ဒေသ ပဋိပက္ခဖြစ်ပွါးရာနေရာတွေမှာ လူသားချင်းစာနာမှု အကူညီတွေ ပေးဖို့ပါ ပန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်


--------------------------------------------------








XS
SM
MD
LG