သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်လ်ဆင်မန်ဒဲလား ဆေးရုံကဆင်း


နယ်လ်ဆင်မန်ဒဲလား ဆေးရုံကဆင်း

တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ အသက်ရှူလမ်းကြောင်းမှာ အအေးမိ အဆုတ်ယောင်ရောဂါပိုး တွေ့ရှိတယ်လို့ သံသယရှိတဲ့အတွက်ကြောင့် ဆေးကုသခံယူခဲ့တာမှာ မကြာခင်မှာတော့ မစ္စတာ မန်ဒဲလား ဆေးရုံကဆင်းတော့မယ်လို့ ဂျိုဟန်းနက်စဘက်မြို့ မေပက် ဆေးရုံက တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အသက် ၉၂ နှစ်အရွယ် မစ္စတာ မန်ဒဲလား ဆေးရုံတက်တဲ့သတင်းဟာ သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ ကျန်းမာရေးအတွက် အထူးတလည် စိုးရိမ်ပူပန်စရာ ဘာအကြောင်းမှမရှိပါဘူးလို့ တောင်အာဖရိက ဒုသမ္မတ ခါလီမာမွန်လာတဲလ် က ပြောကြားလိုက်ပြီး မေပက် ဆေးရုံတာဝန်ခံတွေက မစ္စတာ မန်ဒဲလားဟာ ကျန်းမာရွှင်လန်းစွာနဲ့ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မစ္စတာ မန်ဒဲလားမှာ နှလုံး၊ အဆုတ်နဲ့ပတ်သက်ပြီးတော့ ဝေဒနာတွေ ခံစားခဲ့ရဖူးပါတယ်။ ဆူဒန်နိုင်ငံ ဒါဖောမြို့က ကမ္ဘာ့စီးပွားရေး ညီလာခံ တက်ရောက်နေတဲ့ တောင်အာဖရိကသမ္မတ ဂျေကော့ဖ် ဇူးမားက မစ္စတာမန်ဒဲလားရဲ့ ကျန်းမာရေးဆိုင်ရာသတင်းတွေကို အချိန်တိုင်းမှာ သူရရှိနေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG