သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်


အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင် Nelson Mandela
အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင် Nelson Mandela
တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်သူ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင် Nelson Mandela ဟာ ကြာသာပတေးနေ့မှာ ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပါပြီ။

မစ္စတာ မန်ဒဲလား ကွယ်လွန်သွားပြီဆိုတာကို တောင်အာဖရိကသမ္မတ Jocob Zuma က ကြေညာခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ လူနည်းစုအုပ်ချုပ်မှုနဲ့ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ ဦးဆောင်ခဲ့မှုကြောင့်၊ မစ္စတာ မန်ဒဲလားဟာ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်သုံးစုကြာ ထိမ်းသိမ်းခံခဲ့ရပါတယ်။

လွတ်မြောက်လာပြီးတဲ့နောက်မှာလည်း ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထွဋ်အမြတ် သင်္ကေတရပ်အနေနဲ့ သူ့ကို တန်ဖိုးထားခဲ့ကြပါတယ်။

မစ္စတာမန်ဒဲလားဟာ အသားအရောင် ခွဲခြားမှုဆန့်ကျင်ရေးအတွက် အကြမ်းမဖက်လှုပ်ရှားမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရပါတယ်။ အဲဒီ့နောက်နှစ်မှာတော့ သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်လာခဲ့ပါတယ်။
XS
SM
MD
LG