သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါအတွက် ဒေါ်လာ သန်း ၁၂၀ တရုတ်ကူညီ


နီပေါအတွက် ဒေါ်လာ သန်း ၁၂၀ တရုတ်ကူညီ

နီပေါနိုင်ငံက အတိမ်းအစောင်းမခံနိုင် ဖြစ်နေရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေးဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အကူအညီအဖြစ် တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၂၀ ကျော် အကူအညီပေးဖို့ စနေနေ့မှာပဲ သဘောတူလိုက်ပါတယ်။ နီပေါနိုင်ငံ ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) က နီပေါဝန်ကြီးချုပ် ဘာဘူရမ် ဘက်တာရိုင် (Baburam Bhattarai) နဲ့ တွေ့ဆုံခဲ့ပြီး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုလည်း အတူတက်ရောက်ခဲ့ကြတာပါ။

၂၀၀၆ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကြာ ပြည်တွင်းစစ်ဒဏ် ခံခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာမှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးအတွက် ငွေကြေး ပံ့ပိုးကူညီသွားမယ်လို့လည်း တရုတ်ဝန်ကြီးချုပ်က ကတိပေးခဲ့တာပါ။

တရုတ်နိုင်ငံ လက်အောက်က လွတ်မြောက်ဖို့ လိုလားကြသူ တိဘက်လူမျိုး ထောင်ဂဏန်းချီပြီး နီပေါနိုင်ငံမှာ ခိုလှုံနေတာကလည်း တရုတ် အစိုးရအတွက် အဓိက စိုးရိမ်ပူပမ်နေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဟိမ၀န္တာတောင်တန်းဒေသ နိုင်ငံတစ်ခုဖြစ်တဲ့ နီပေါမှာ လတ်တလော အဝေးရောက် တိဘက်လူမျိုး ၂ သောင်းလောက် နေထိုင်နေကြတာဖြစ်ပြီး နေရပ်ရင်းကို စွန့်ခွာထွက်ပြေးနေတဲ့ တိဘက်လူမျိုးတွေ ၀င်ရောက် နေတာတွေကို ဟန့်တားဖို့ အတွက်လည်း နီပေါအစိုးရ ဖိအားပေးခံနေရတာပါ။

ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို ဆက်လက် မထွက်ခွာမီ တရုတ်ဝန်ကြီးချုပ်က နီပေါသမ္မတ ရမ်ဘရမ် ယာဒဲ့ဖ် (Ram Baran Yadav) နဲ့လည်း ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်ဟာ နီပေါနိုင်ငံကို ပြီးခဲ့တဲ့လမှာ ကတည်းက သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ လုံခြုံရေး ပြဿနာကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG