သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်ပြည့် နီပေါငလျင် အကူညီလိုအပ်ဆဲ


တနှစ်ပြည့် နီပေါငလျင် အောက်မေ့ဖွယ်အခမ်းအနား
တနှစ်ပြည့် နီပေါငလျင် အောက်မေ့ဖွယ်အခမ်းအနား

ထောင်ပေါင်းများစွာသော နီပေါနိုင်ငံသားတွေဟာ ငလျင်ဒဏ်ကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ပြီး ယာယီ တဲတွေမှာ နေထိုင်နေရသူ ၄ သန်းလောက် ရှိနေပေမယ့် ပြန်လည် ထူထောင်ရေး အတွက် လုံလောက်တဲ့ အကူအညီတွေ မရနိုင်ပဲဖြစ်နေတဲ့ အချိန်မှာပဲ သေဆုံးခဲ့သူပေါင်း လူပေါင်း ၉,၀၀၀ နီးပါးအတွက် ဝမ်းနည်း ကြေကွဲဖွယ် ၁ နှစ်ပြည့် နှတ်ပတ်လည် အခမ်းအနားကို တနင်္ဂနွေနေ့က ကျင်ပခဲ့ကြပါတယ်။

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဓူမြို့လယ်က ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ Dharahar မျှော်စင်ပျက်ကြီးနေရာမှာ ဝန်ကြီးချုပ် Khadga Prasad Oli က လွမ်းသူ ပန်းခွေချခဲ့ပါတယ်။ အဲဒီ မျှော်စင်ကြီးဟာ ဧပြီလ ၂၅ ရက်နေ့က လှုပ်သွားခဲ့တဲ့ ငလျင်အတွင်း ပြိုကျခဲ့တာဖြစ်ပြီး အဲဒီမှာ လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့ပါတယ်။

မျှော်စင်နဲ့ အနီးနားမှာရှိတဲ့ Durbar ရင်ပြင်အတွင်းမှာလည်း သေဆုံးသွားသူတွေရဲ့ ဓါတ်ပုံတွေကို ရှေ့မှာထောင်ပြီး တင်ပြင်ခွေထိုင်နေကြတဲ့ ဆွေမျိုးသားချင်းတွေအတွက် သံဃာတော် ၁၂ ပါးက ပရိတ်တရားတော်တွေကို ရွတ်ဖတ်ပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် Khadga Prasad Oli ရဲ့ရုံး အပြင်မှာတော့ ပြန်လည် ထူထောင်ရေးလုပ်းတွေ နှေးကွေးနေတာကို ကန့်ကွက်တဲ့ ဆန္ဒပြသူ ၁၀၀ လောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နီပေါနိုင်ငံမှာ လှုပ်သွားခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြောင့် အိမ်ခြေပေါင်း ၆ သိန်းကျော် ပျက်ဆီး သွားခဲ့သလို၊ လမ်းတွေလည်း ပြောင်းပြန် လှန်တဲ့အထိ ပျက်ဆီးသွားခဲ့ပြီး တောင်တန်းတွေကြားမှာရှိတဲ့ ကျေးရွာတွေလည်း ပျိုကျ ပျက်ဆီးသွားခဲ့တာပါ။

နိုင်ငံတကာက နီပေါငလျင် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ အကူအညီပေးဖို့ ကတိပြုခဲ့ကြပေမယ့် အခုချိန်ထိ ၁.၃ ဘီလီယံပဲ နီပေါနိုင်ငံကို ပို့ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG