သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါဝန်ကြီးချုပ်အသစ် ရွေးချယ်တင်မြှောက်


Nepal နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရသူ Sushil Koirala (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
Nepal နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရသူ Sushil Koirala (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
Nepal နိုင်ငံမှာ ဝန်ကြီးချုပ်တဦးကို လွှတ်တော်က ရွေးချယ်လိုက်တာမို့လို့ ပြီးခဲ့တဲ့ ၂ လမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတည်းက ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေတဲ့ အခြေအနေ အဆုံးသတ်သွားပါပြီ။

Nepali Congress party အကြီးအကဲ Sushil Koirala ကို UML ကွန်မြူနစ်ပါတီက ထောက်ခံပေးပြီး လွှတ်တော်အဖွဲ့ဝင် ၆၀၅ ဦးထဲကနေ ထောက်ခံမဲ ၄၀၅ မဲနဲ့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ကျန်တဲ့ ပါတီတွေလည်း ညွန့်ပေါင်းအစိုးရကို ပူးပေါင်း မပေါင်းဆိုတာ ချက်ချင်းသေချာမသိရသေးပါဘူး။ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ Mr. Koirala ဟာ သူ့ရဲ့မိသားစုဝင်တွေထဲကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ (၄) ယောက်မြောက် ဖြစ်ပါတယ်။

သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲတာကို ကြီးကြပ်ပေးရမှာ ဖြစ်ပါတယ်။ Nepal နိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကြာ မော်ဝါဒီသူပုန်တွေနဲ့ ရာစုနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ ဘုရင်စနစ်အဆုံးသတ်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်မှာ အဲဒီတုံးက လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်တွင်း မညီညွတ်မှုတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။

Nepal နိုင်ငံရဲ့ ပင်မနိုင်ငံရေးစီးကြောင်းထဲကို ဝင်ရောက်လာကတည်းက လွှမ်းမိုးထားနိုင်တဲ့ မော်ဝါဒီသူပုန်ဟောင်းတွေကတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ အံ့အားသင့်စရာကို ရှုံးနိမ့်ခဲ့တာပါ။
XS
SM
MD
LG