သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧဝရတ်တောင်သွား ခရီးသည်လေယာဉ် ပျက်ကျ၊ ၁၉ ဦးသေ


ဧဝရတ်တောင်သွား ခရီးသည်လေယာဉ် ပျက်ကျ၊ ၁၉ ဦးသေ
ဧဝရတ်တောင်သွား ခရီးသည်လေယာဉ် ပျက်ကျ၊ ၁၉ ဦးသေ

နီပေါနိုင်ငံအတွင်းမှာရှိတဲ့ ဧဝရတ်တောင်ကြည့်ဖို့ ကမ္ဘာလှည့် ခရီးသည်တွေ တင်လာတဲ့ လေယာဉ် ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ် ပါလာသူ ၁၉ ယောက်စလုံး သေဆုံးသွားတယ်လို့ နီပေါ လေကြောင်းဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က အဲဒီလေယာဉ် ပျက်ကျတဲ့ အချိန်မှာ ခရီးသည်တယောက် အသက်ရှင် ကျန်နေခဲ့ပေမဲ့လည်း နောက်ပိုင်း ဆေးရုံရောက်ပြီးနောက်မှာ သေဆုံးသွားခဲ့ပါတယ်။

ဗုဒ္ဓလေကြောင်းလိုင်းပိုင် အဲဒီ လေယာဉ်ပေါ် ပါလာသူ ခရီးသည်တွေထဲ အိန္ဒိယနိုင်ငံသား ၁၀ ယောက်၊ အမေရိကန် ၂ ယောက်၊ ဂျပန်တယောက်နဲ့ နီပေါ ၃ ယောက်တို့အပြင် နီပေါနိုင်ငံသား လေယာဉ်ဝန်ထမ်း ၃ ယောက်တို့ လိုက်ပါသွားခဲ့ကြတာပါ။

မြို့တော် ခတ္တမန္ဒူနဲ့ ကီလိုမီတာ အနည်းငယ်အကွာ မြူတွေ ထူထပ်တဲ့နေရာမှာ အဲဒီလေယာဉ် ပျက်ကျသွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေကို ဧဝရတ်တောင် အပါအဝင် အဲဒီပတ်ဝန်းကျင်က တခြား မြင့်တဲ့တောင်တွေကို လေယာဉ်နဲ့ လိုက်လံပြသပြီး ခတ္တမန္ဒူမြို့ကို ပြန်အလာမှာ ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။

နီပေါနိုင်ငံက ဧဝရတ်တောင်နဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်တန်းတွေမှာ ပါဝင်တဲ့ တခြားတောင်တွေကို အခုလို လေယာဉ်နဲ့ လိုက်ပြတဲ့ အစီအစဉ်ဟာ ကမ္ဘာလှည့် ခရီးတွေ ကြိုက်နှစ်သက်ကြတဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG