သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါငလျင် ဝမ်းနည်း အထိမ်းအမှတ် ၃ ရက်


စနေနေ့က အင်အားပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၅ ထောင်နီးပါးသေဆုံးကာ ထောင်ပေါင်း များစွာသော လူတွေအတွက် ကူညီထောက်ပံ့မှု အကူညီတွေ လိုအပ်နေတဲ့ နီပေါနိုင်ငံမှာ သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှု ကာလအဖြစ် သတ်မှတ်ကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

ရုပ်သံကတဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နီပေါ ဝန်ကြီးချုပ် Sushil Koirala က ကူညီထောက်ပံ့မှုတွေ ပေးတဲ့ အလှုရှင်တွေကို ကျေးဇူး တင်ကြောင်း ပြောဆိုလိုက်သလို၊ ကျေးလက်ဒေသတွေမှာတော့ အကူညီတွေရရှိဖို့ အတွက် စိန်ခေါ်မှုတွေ အများကြီးရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် လူပေါင်း ၈ သန်းအပေါ် သက်ရောက်မှုရှိခဲ့ပြီး လူ ၁.၄ သန်း ဟာ အစားအသောက်တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေထဲက ဒေါ်လာ ၁၅ သန်းကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် အသုံးပြုမယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ သေဆုံးသူအရေတွက်ဟာ ၄၆၀၀ ကျော်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူအရေတွက် ကတော့ ၉ ထောင် ဝန်းကျင် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစွန်အဖျားဒေသတွေမှာ ပြိုကျနေတဲ့ အဆောက်ဦတွေကို အလုပ်သမားတွေက ဖယ်ရှားတဲ့အခါ သေဆုံးသူ အရေတွက် ပိုတိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

ဒဏ်ရာရရှိသူတွေအတွက် ဆေးကုသစားရိတ်နဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ သမိုင်းဝင်အထိမ်းမှတ် အဆောက်အုံတွေ ပြန်လည်ဆောက်လုပ်ရေးတွေကို အခမဲ့ ဆောင်ရွက်ပေးမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ပြည်သူတွေ အဆင်ပြေရေးကို အစိုးရအနေနဲ့ ဦးစားပေးကိစ္စ အဖြစ် ဆောင်ရွက်ပေးပါမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG