သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလ်ငလျင် သေဆုံးသူ ၅၀၀၀ ကျော်

နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
1/9 နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
2/9 နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
3/9 နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
4/9 နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
People take refuge at a school after a massive earthquake Kathmandu, Nepal, April 25, 2015.
5/9 People take refuge at a school after a massive earthquake Kathmandu, Nepal, April 25, 2015.
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
Volunteers run with a stretcher to carry a dead body recovered from the debris of a building that collapsed after an earthquake in Kathmandu, Nepal, April 25, 2015.
6/9 Volunteers run with a stretcher to carry a dead body recovered from the debris of a building that collapsed after an earthquake in Kathmandu, Nepal, April 25, 2015.
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
People survey a site damaged by an earthquake, in Kathmandu, Nepal, April 25, 2015.
7/9 People survey a site damaged by an earthquake, in Kathmandu, Nepal, April 25, 2015.
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
People survey a site damaged by an earthquake, in Kathmandu, Nepal, April 25, 2015.
8/9 People survey a site damaged by an earthquake, in Kathmandu, Nepal, April 25, 2015.
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
Relief supplies are loaded into an Indian Air Force aircraft headed to Nepal, in New Delhi, India, April 25, 2015.
9/9 Relief supplies are loaded into an Indian Air Force aircraft headed to Nepal, in New Delhi, India, April 25, 2015.
နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်
Previous slide
Next slide

နီပေါလ်နိုင်ငံမှာ စနေနေ့က လှုပ်သွားတဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက် ဆက်လက်မြင့်မားလာနေပြီး ကုလသမဂ္ဂကတော့ ငလျင်ဗဟိုပြု လှုပ်သွားတဲ့နေရာတဝိုက်မှာ အစားအစာနဲ့ ဆေးဝါးတွေ စတင်ဖြန့်ဖြူးပေးနေပါပြီ။ စားရေရိက္ခာ နဲ့ ခိုလှုံနေထိုင်စရာလိုအပ်နေသူတွေအတွက် ဗုဒ္ဓဟူးနေ့မှာ ပို အဆင်ပြေစေရပါမယ်လို့ အစိုးရအရာရှိတွေ ကတိပြုသွားချိန်မှာပဲ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က Gorkha ဒေသတဝိုက်မှာ အခုလို ဖြန့်ဖြူးမှုတွေ လုပ်နေတာပါ။

တချိန်တည်းမှာပဲ ရှာဖွေကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေကို ဆက်ဖယ်ရှားပြီး ရှာဖွေနေကြပါတယ်။Kathmandu မြို့တော်က ပြိုကျနေတဲ့ နေအိမ်အောက်မှာ နာရီ ၈၀ ကျော်ပိတ်မိနေတဲ့ အမျိုးသားတဦး ကို ပြင်သစ် ကယ်ဆယ်ရေးအဖွဲ့က မနေ့က အင်္ဂါနေ့ညပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Kathmandu မြို့တော် အရှေ့ဖက်က Sankhu မြို့ကို ခေတ်မှီ ကယ်ဆယ်ရေး ပစ္စည်းအစုံအလင်နဲ့ နိုင်ငံခြားက ကယ်ဆယ်ရေး အဖွဲ့ရောက်ရှိသွားပေမယ့် ဒီလောက်အချိန်ကြာသွားတော့မှတော့ အသက်ရှင် ကျန်ရစ်သူကို တွေ့ရှိ ကယ်တင်နိုင်ဖို့ သိပ်ခက်သွားပြီလို့ တရုတ်ကယ်ဆယ်ရေး အဖွဲ့ဝင်တဦး က ပြောကြောင်း နီပေါမှာ ရောက်နေတဲ့ VOA သတင်းထောက် Steve Herman က ဆိုပါတယ်။

ဒီငလျင်ကြောင့် သေဆုံးသူအရေအတွက် ၅၀၀၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရထားသူ အရေအတွက် လူ တသောင်းကျော်တယ်လို့ အရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ လမ်းတွေရဲ့အခြေအနေဆိုးကြောင့် ဝေးလံခေါင်သီ တဲ့ဒေသတွေကို သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ဖို့ ကြန့်ကြာနေရသလို မိုးလည်းရွာထားတာကြောင့် ကုန်းလမ်းကို အသုံးပြုရတာ အထူး ခက်ခဲနေရပါတယ်။

နီပေါလူဦးရေရဲ့ လေးပုံတပုံကျော် - စုစုပေါင်း လူ ၈သန်း ငလျှင်ဘေးသင့်ခဲ့ပြီး လူပေါင်း တသန်းခွဲလောက်က စားရေရိက္ခာ အကူအညီလိုနေတယ်လို့ ကုလအမဂ္ဂက ခန့်မှန်းပါတယ်။ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေရဲ့ အခြေအနေကို အကဲဖြတ်ဖို့ ကုလအမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Valerie Amos က နီပေါနိုင်ငံကို ကြာသပတေးနေ့မှာ သွားရောက်မှာပါ။

ဒီကပ်ဘေးသင့်အခြေအနေကို အစိုးရက ကိုင်တွယ်တာ နှေးကွေးတဲ့အတွက် Kathmandu က လူအတော်များများက စိတ်ပျက်ပြီး နယ်က အမျိုးတွေဆီသွားနေဖို့ ဘတ်စ်ကားစောင့်နေသူ ထောင်ပေါင်းများစွာ ရှိပါတယ်။

နီပေါဝန်ကြီးချုပ် Sushil Koirala ကတော့ ရှေးဟောင်းသုတေသန၊ သမိုင်းကြောင်းနဲ့ ဘာသာရေးအရ အရေးပါတဲ့ အဆောက်အဦးတွေကို ပြန်ပြုပြင်တည်ဆောက်မယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောသွားပြီး ငလျင်ဒဏ်သင့်ဒုက္ခသည်တွေအတွက် ၃ရက်တာ ကြေကွဲဖွယ် အထိမ်းအမှတ်နေ့တွေ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG