သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါငလျင် သေဆုံးသူ ၂၂၀၀ ကျော်


ငလျင်ဘေးသင့်ြ့ပည်သူတွေအတွက် ယာယီတဲများ ဝေပေးနေစဉ်။
ငလျင်ဘေးသင့်ြ့ပည်သူတွေအတွက် ယာယီတဲများ ဝေပေးနေစဉ်။

နီပေါလ်နိုင်ငံ ခတ္တမန္ဒုမြို့တော်မှာ ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း ပြင်းအား ၆.၇ Magnitude ရှိတဲ့ နောက်ဆက်တွဲ လှုပ်ခတ်ခဲ့ပါတယ်။ မနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်သေဆုံးရသူ အရေအတွက်ဟာလည်း၂၂၀၀ ကျော်သွားပြီ ဖြစ်ပြီး အိုးအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေလည်း ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။

ငလျင်ဘေးဒဏ်ကနေ ကူညီကယ်ဆယ်ရေး အတွက် အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကလည်း အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်နေကြပါတယ်။

ဒီကနေ့ လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဟာ ခတ္တမန္ဒု မြို့တော် အရှေ့ဘက် မိုင် ၄၀ခန့် အကွာ မြေအောက် အနက်ပေ ၃သောင်းကျော်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး စတုရန်းမိုင် ၃၀ နီးပါး သက်ရောက်မှု ရှိခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ သုသေတအဖွဲ့က ပြောပါတယ်။

နီပေါလ်နိုင်ငံ မြို့တော် ခတ္တမန္ဒူမြို့တော်ရဲ့ မြောက်ဘက် မိုင်အနည်းငယ် အကွာက တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာလည်း ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေနဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဗွီအိုအေကို ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၃၄ ယောက် သေဆုံးခဲ့ရသလို တခြား ဘင်္ဂလားဒေရှ့်၊ ဘူတန်နဲ့ တရုတ် -နီပေါလ် နယ်စပ် ဒေသတလျှောက်မှာလည်း ငလျင်ရဲ့ ရိုက်ခတ်မှုကြောင့် အပျက်အစီးတွေ ရှိခဲ့ပါတယ်။

ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက် အမေရိကန် ပြည်ထောင်စုက ဝမ်းနည်း ကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို ငလျင်ဒဏ် ကယ်ဆယ်ရေး အတွက် ရံပုံငွေ ဒေါ်လာ ၁ သန်း ချက်ချင်းပေးသွားမယ်လို့လည်း ကတိပြုထားပါတယ်။

XS
SM
MD
LG