သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားမြူမှုန် အလင်းထက် မြန်ဆန်

နျူကလီးယားမြူမှုန် အလင်းထက် မြန်ဆန်
နျူကလီးယားမြူမှုန် အလင်းထက် မြန်ဆန်

နျူထရီနို (Neutrino) လို့ခေါ်တဲ့ အင်မတန်သေးငယ်တဲ့ အနုမြူမှုန်လေးတခုဟာ အလင်းမြန်နှုန်းထက်ကို ပိုပြီး မြန်မြန်သွားနိုင်တာကို တိုင်းတာတွေ့ရှိတယ်လို့ နိုင်ငံတကာ သုတေသီတွေပါဝင်တဲ့ အဖွဲ့တခုက ကြေညာလိုက်တဲ့အတွက် ဒါကိုသာ အတည်ပြုနိုင်ရင် ရူပဗေဒ နိယာမတွေကို ပြန်လည်ပြင်ဆင်ရတော့မလို ဖြစ်နေပါတယ်။

ဆွစ်ဇာလန်နိုင်ငံ (Switzerland) မှာရှိတဲ့ ဥရောပနျူကလီးယား သုတေသနဌာနကနေ မိုင်ပေါင်း ၄၅၄ မိုင်လောက် အက ွာ အီတလီမှာရှိတဲ့ စမ်းသပ်ခန်းတခုဆီကို နျူထရီနို ရောင်ခြည်တန်းတခုကို အရှိန်နဲ့ ပို့လွှတ်ခဲ့တာမှာ နျူထရီနိုတွေက အလင်းထက်ကို ၆၀ နန်နိုစက္ကန့် (nanosecond) ထက်စောပြီး ရောက်သွားတာကို တွေ့ခဲ့ရလို့ အင်မတန် အံသြခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အလင်းမြန်နှုန်းထက် ဘယ်အရာကမှ ပိုမမြန်ဘူးဆိုတဲ့ ယူဆချက်ပေါ်မှာ အခြေခံထားတဲ့ Albert Einstein ရဲ့ အနုမာနယူဆချက် Relativity Theory ဟာ ခေတ်သစ် သိပ္ပံလောကမှာ အခြေခံဖြစ်ပါတယ်။ တကယ်လို့သာ အခု နောက်ဆုံးတွေ့ရှိမှုကို သက်သေပြနိုင်မယ်ဆိုရင် စကြဝဠာကြီး ဘယ်လို လည်ပတ်နေသလဲဆိုတာအပေါ် လွန်ခဲ့တဲ့ ရာစုနှစ်တွေက တွေ့ရှိမှုတွေကို ရူပဗေဒ ပညာရှင်တွေ ပြန်ပြီး စဉ်းစားစရာဖြစ်ပါလိမ့်မယ်။

This item is part of
XS
SM
MD
LG