သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးသစ်နှစ်ဦး အမည်စာရင်း တင်သွင်းမည်


ပြည်ထောင်စုလွှတ်တော် (MOI)
ပြည်ထောင်စုလွှတ်တော် (MOI)

ဒေါ်အောင်ဆန်းစုကြည် ပူးတွဲတာဝန်ယူထားတဲ့ ဝန်ကြီးဌာနတွေထဲက နှစ်ခုကို ဝန်ကြီးသစ်နှစ်ဦး နဲ့ ပြောင်းလဲခန့်ထားဖို့ ဧပြီလ ၄ ရက် တနင်္လာနေ့ ကျင်းပ မယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သမ္မတက အမည်စာရင်း တင်သွင်းမှာဖြစ်ပါ တယ်။ ဝန်ကြီးသစ်နှစ်ဦးအဖြစ် အမည်စာရင်း တင်သွင်းဖို့ လျာထားသူတွေနဲ့ ဘယ်ဝန်ကြီးဌာနတွေအတွက်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရတဦးဖြစ်သူ ဦးဝင်းထိန်က ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနအတွက် ဦးမျိုးသိန်းကြီး။ ဦးမျိုးသိန်းကြီးက ပညာရေးဌာနမှာ ပါမောက္ခချုပ်တို့ ညွှန်ချုပ်တို့ လုပ်ခဲ့တဲ့ပုဂ္ဂိုလ် ပါ။ နောက်ပြီးတော့ လျှပ်စစ်နဲ့ စွမ်းအင်ကျတော့ ဦးဖေဇင်ထွန်း။ ဦးဖေဇင်ထွန်းက အရင်တုန်းက စွမ်းအင်မှာ အတွင်းဝန်အဖြစ်နဲ့ ဆောင်ရွက်ခဲ့ဲတဲ့ပုဂ္ဂိုလ်ပါ။”

ဝန်ကြီးသစ်နှစ်ဦးအပြင် ရှေ့နေချုပ်နဲ့ စာရင်းစစ်ချုပ်အဖြစ် ခန့်ထားမယ့်သူတွေရဲ့ အမည်စာရင်းကိုလည်း တဆက်ထဲ တင်သွင်းမှာဖြစ်ပြီး ဒီတာဝန်တွေအတွက် လျာထားသူတွေကိုလည်း ဦးဝင်းထိန်က အတည်ပြု ပြောပါတယ်။

“ရှေ့နေချုပ်က ဦးထွန်းထွန်းဦးဖြစ်မယ်၊ နောက် စာရင်းစစ်ချုပ်က ဦးမော်သန်းဖြစ်မှာပါ။”

ဦးထွန်းထွန်းဦးဟာ သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်က ဒုတိယရှေ့နေချုပ် ဖြစ်ပြီး တပ်မတော်အရာရှိဟောင်းတဦးဖြစ်ပါတယ်။ ဦးမော်သန်းကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် က အငြိမ်းစား ပါမောက္ခချုပ်ဖြစ်ပါတယ်။

XS
SM
MD
LG