သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple iPad အသစ်ထွက်ပြီ


Apple CEO Tim Cook
Apple CEO Tim Cook

Apple ကုမ္ပဏီက အကြီးဆုံး iPad Pro tablet ကွန်ပျူတာကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြသ မိတ်ဆက်လိုက်ပါတယ်။

အဆင့်မြင့်နည်းပညာ အသုံးပြုထားပြီး Smart Keyboard နဲ့ Apple ခဲတန်တို့ တွဲဘက်ထားတဲ့ ကွန်ပျူတာဟာ စီးပွားရေးကို အသုံးချမယ့်သူတွေအတွက် ရည်ရွယ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီရဲ့ iPad အသစ်ကို ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Tim Cook က San Francisco မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီးတော့ မိတ်ဆက်ပေးခဲ့တာပါ။ ဒါဟာ iPad ပေါ်ထွက်ပြီးခဲ့တဲ့နောက်ပိုင်း iPad နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ သတင်းပဲ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

လာမယ့် နိုဝင်ဘာလမှာ စတင်ဈေးကွက်တင်မှာ ဖြစ်ပြီးတော့ ဖွင့်ဈေးကတော့ ၇၉၉ ဒေါ်လာ ဖြစ်တယ်၊ CPU က ပြီးခဲ့တဲ့ နှစ်ကထုတ်ခဲ့တဲ့ ကိုယ်တိုင်သုံး သယ်ဆောင်သွားနိုင်တဲ့ ကွန်ပျူတာတွေထက် ၈၀% ပိုမြန်မယ်လို့ Apple ဒုတိယဥက္ကဌ Phil Schiller က ပြောပါတယ်။

iPad Pro ရဲ့ Battery ဟာ အားသွင်းထားပြီးရင် ၁၀ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ မျက်နှာပြင်က ၁၂.၉ လက်မ ရှိပါတယ်။

XS
SM
MD
LG