သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charlie Hebdo စာစောင်သစ်မျက်နှာဖုံး တမန်တော်မိုဟာမက်ပုံနှင့် ထုတ်မည်


"I am Charlie"
"I am Charlie"

ပြင်သစ်နိုင်ငံက Charlie Hebdo အပတ်စဉ်မဂ္ဂဇင်းက ထုတ်ဝေမယ့် နောက်လာမယ့် စာစောင်မျာနှာဖုံးကို တမာန်တော် မိုဟာမက်ပုံနဲ့ ထုတ်ဝေမှာဖြစ်ပါတယ်။

တမာန်တော်မိုဟာမက်ဟာ “I am Charlie - ကျနော်ဟာ ချာလီ” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားမှာဖြစ်ပြီး အားလုံးကိုခွင့်လွှတ်တယ်ဆိုတဲ့ စာတန်းအောက်မှာ ရပ်နေတာဖြစ်တယ်လို့ ကြိုတင်ကြည့်ရှုခွင့်ရတဲ့ သတင်းဌာနတချို့က ပြောပါတယ်။

ပုံမှန်အားဖြင့် အပတ်စဉ် စောင်ရေ ၆၀,၀၀၀ ထုတ်ဝေရာကနေ အကြမ်းဖက်တိုက်ခိုက်မှုအပြီးစတင်ပြန်လည်ထုတ်ဝေရာမှာ စောင်ရေ သုံးသန်းထိ ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။ အစ္စလာမ် အစွန်းရောက် Cherif နဲ့ Said Kouachi တို့ဟာ Charlie မဂ္ဂဇင်းတိုက်ကို ဝင်ရောက်ပြီး ဝန်ထမ်း ၁၂ ဦးကို ပစ်သတ်ခဲ့ပါတယ်။ ဒီမဂ္ဂဇင်းဟာ အစ္စလာမ်အပါအဝင် တခြား ဘာသာတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး သရော်လှောင်ပြောင်တဲ့ ကာတွန်းတွေ ပါဝင်တဲ့ စာစောင်ကို ထုတ်ဝေပါတယ်ခင်ဗျာ။

XS
SM
MD
LG