အေမရိကန္ဒုသမၼတေဟာင္း Mike Pence ရဲ႕ Indianapolis ၿမိဳ႕က ေနအိမ္ကို ေသာၾကာေန႔က FBI တာဝန္႐ွိသူေတြ ႐ွာေဖြရာမွာ သက္ဆိုင္သူေတြသာ သီးသန္႔ ဖတ္ရန္လို႔ ေရးထားတဲ့ အစိုးရစာ႐ြက္တခုကို ေတြ႔႐ွိခဲ့တယ္လို႔ FBI ကေျပာပါတယ္။ ဒုသမၼတေဟာင္း Pence ရဲ႕ ေနအိမ္မွာ အလားတူ သက္ဆိုင္သူသာ ဖတ္ခြင့္႐ွိတဲ့ စာ႐ြက္စာတမ္းတခ်ဳိ ႔ ေတြ႔႐ွိခဲ့ၿပီးေနာက္ အခုလို FBI က ထပ္မံ႐ွာေဖြခဲ့တာပါ။
ဒုသမၼတေဟာင္း Pence ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ႐ွာေဖြမႈအတြင္း သူ႔ရဲ႕ေ႐ွ႕ေန ကနဦးစစ္ၾကည့္စဥ္ မေတြ႔ခဲ့တဲ့ စာမ်က္ႏွာ ၆ ခုကိုလည္း ထပ္ေတြ႔တယ္လို႔ တရားေရးဌာနက ေျပာပါတယ္။ အဲဒီစာမ်က္ႏွာေတြေပၚမွာေတာ့ လွ်ဳိ ႔ဝွက္ထားရမယ္ဆိုတဲ့ သတိေပးေရးသားခ်က္ေတြ မပါဘူးလို႔လည္း ေျပာပါတယ္။ တရားေရးဌာန တာဝန္႐ွိသူေတြ တအိမ္လုံးကို အတားအဆီးမ႐ွိ ႐ွာေဖြခြင့္ရခဲ့ၿပီး ႐ွာေဖြခ်ိန္မွာေတာ့ ဒုသမၼတေဟာင္း Pence နဲ႔ ဇနီးသည္တို႔ ေနအိမ္မွာ ႐ွိမေနၾကပါဘူး။
ဒုသမၼတေဟာင္းရဲ႕ ေနအိမ္မွာ သီးသန္႔ဖတ္ရန္လို႔ သတ္မွတ္ေရးသားခ်က္ေတြပါတဲ့ လွ်ဳိ ႔ဝွက္စာ႐ြက္စာတမ္းတခ်ဳိ ႔ေတြ႔တယ္လို႔ သူ႔ရဲ႕ေ႐ွ႕ေန Greg Jacobs က အမ်ိဳးသားေမာ္ကြန္းတိုက္ကို ဇန္နဝါရီလမွာ စာေရးသားအေၾကာင္းၾကားခဲ့တာပါ။ သမၼတ Joe Biden ဟာလည္း ဒုသမၼတ ျဖစ္ခဲ့စဥ္အခ်ိန္က အလားတူလွ်ဳိ ႔ဝွက္ထားရမယ့္ စာ႐ြက္စာတမ္းေတြကို သူ႔ရဲ႕တတ္သိပညာ႐ွင္မ်ားအဖြဲ႔ ႐ုံးခန္းမွာေရာ Delaware ၿမိဳ႕ ေနအိမ္မွာပါ ေတြ႔ခဲ့တဲ့အတြက္ အမ်ိဳးသားေမာ္ကြန္းတိုက္ကို အေၾကာင္းၾကားခဲ့ရပါတယ္။
FBI ကလည္း သမၼတပိုင္ Delaware ၿမိဳ႕ကေနအိမ္ကို ႐ွာေဖြခဲ့ေပမဲ့ စာ႐ြက္စာတမ္းေတြ ထပ္မံမေတြ႔ခဲ့ပါဘူး။ လွ်ဳိ ႔ဝွက္ထားရမယ့္ အစိုးရစာ႐ြက္စာတမ္းေတြ ေမာ္ကြန္းတိုက္ကို ျပန္မအပ္ဘဲ ပုဂၢိဳလ္ေရးပိုင္ ေနရာေတြမွာ ေတြ႔တဲ့ကိစၥကို စုံံစမ္းဖို႔လည္း တရားေရးဌာနက အထူးစုံစမ္းစစ္ေဆးေရးမႉး ခန္႔အပ္တာဝန္ေပးထားပါတယ္။
သမၼတေဟာင္း Donlad Trump ရဲ႕ Florida ျပည္နယ္က အိမ္ကို FBI က ဝင္ေရာက္႐ွာေဖြစဥ္ကလည္း လွ်ဳိ ႔ဝွက္သိမ္းဆည္းထားရမယ့္ စာ႐ြက္စာတမ္း အမ်ားအျပားေတြ႔ခဲ့တဲ့အတြက္ အထူးစုံစမ္းေရးမႈးက စုံစမ္းစစ္ေဆးေနပါတယ္။
=== Unicode ====
အမေရိကန်ဒုသမ္မတဟောင်း Mike Pence ရဲ့ Indianapolis မြို့က နေအိမ်ကို သောကြာနေ့က FBI တာဝန်ရှိသူတွေ ရှာဖွေရာမှာ သက်ဆိုင်သူတွေသာ သီးသန့် ဖတ်ရန်လို့ ရေးထားတဲ့ အစိုးရစာရွက်တခုကို တွေ့ရှိခဲ့တယ်လို့ FBI ကပြောပါတယ်။ ဒုသမ္မတဟောင်း Pence ရဲ့ နေအိမ်မှာ အလားတူ သက်ဆိုင်သူသာ ဖတ်ခွင့်ရှိတဲ့ စာရွက်စာတမ်းတချို့ တွေ့ရှိခဲ့ပြီးနောက် အခုလို FBI က ထပ်မံရှာဖွေခဲ့တာပါ။
ဒုသမ္မတဟောင်း Pence ရဲ့ ခွင့်ပြုချက်နဲ့ ရှာဖွေမှုအတွင်း သူ့ရဲ့ရှေ့နေ ကနဦးစစ်ကြည့်စဉ် မတွေ့ခဲ့တဲ့ စာမျက်နှာ ၆ ခုကိုလည်း ထပ်တွေ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ အဲဒီစာမျက်နှာတွေပေါ်မှာတော့ လျှို့ဝှက်ထားရမယ်ဆိုတဲ့ သတိပေးရေးသားချက်တွေ မပါဘူးလို့လည်း ပြောပါတယ်။ တရားရေးဌာန တာဝန်ရှိသူတွေ တအိမ်လုံးကို အတားအဆီးမရှိ ရှာဖွေခွင့်ရခဲ့ပြီး ရှာဖွေချိန်မှာတော့ ဒုသမ္မတဟောင်း Pence နဲ့ ဇနီးသည်တို့ နေအိမ်မှာ ရှိမနေကြပါဘူး။
ဒုသမ္မတဟောင်းရဲ့ နေအိမ်မှာ သီးသန့်ဖတ်ရန်လို့ သတ်မှတ်ရေးသားချက်တွေပါတဲ့ လျှို့ဝှက်စာရွက်စာတမ်းတချို့တွေ့တယ်လို့ သူ့ရဲ့ရှေ့နေ Greg Jacobs က အမျိုးသားမော်ကွန်းတိုက်ကို ဇန်နဝါရီလမှာ စာရေးသားအကြောင်းကြားခဲ့တာပါ။ သမ္မတ Joe Biden ဟာလည်း ဒုသမ္မတ ဖြစ်ခဲ့စဉ်အချိန်က အလားတူလျှို့ဝှက်ထားရမယ့် စာရွက်စာတမ်းတွေကို သူ့ရဲ့တတ်သိပညာရှင်များအဖွဲ့ ရုံးခန်းမှာရော Delaware မြို့ နေအိမ်မှာပါ တွေ့ခဲ့တဲ့အတွက် အမျိုးသားမော်ကွန်းတိုက်ကို အကြောင်းကြားခဲ့ရပါတယ်။
FBI ကလည်း သမ္မတပိုင် Delaware မြို့ကနေအိမ်ကို ရှာဖွေခဲ့ပေမဲ့ စာရွက်စာတမ်းတွေ ထပ်မံမတွေ့ခဲ့ပါဘူး။ လျှို့ဝှက်ထားရမယ့် အစိုးရစာရွက်စာတမ်းတွေ မော်ကွန်းတိုက်ကို ပြန်မအပ်ဘဲ ပုဂ္ဂိုလ်ရေးပိုင် နေရာတွေမှာ တွေ့တဲ့ကိစ္စကို စုံစမ်းဖို့လည်း တရားရေးဌာနက အထူးစုံစမ်းစစ်ဆေးရေးမှူး ခန့်အပ်တာဝန်ပေးထားပါတယ်။
သမ္မတဟောင်း Donlad Trump ရဲ့ Florida ပြည်နယ်က အိမ်ကို FBI က ဝင်ရောက်ရှာဖွေစဉ်ကလည်း လျှို့ဝှက်သိမ်းဆည်းထားရမယ့် စာရွက်စာတမ်း အများအပြားတွေ့ခဲ့တဲ့အတွက် အထူးစုံစမ်းရေးမှုးက စုံစမ်းစစ်ဆေးနေပါတယ်။