သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲ ျပည္တြင္းကူးစက္မႈရွိေန


ကရင္ျပည္နယ္ထဲက ကိုဗစ္လူနာတခ်ိဳ ့ကုသမႈေပးနေစဥ္ ( ၁၁၊၈၊၂၀၂၁) (ဓာတ္ပံု - Saw Kwe via AP)

ျမန္မာႏိုင္ငံမွာ Omicron ကိုဗစ္မ်ိဳးကြဲ ပထမဆုံးျပည္တြင္းကူးစက္သူ ၂ ေယာက္ ရန္ကုန္ၿမိဳ႕က ဇီဝကကိုဗစ္ကုသေရးစင္တာမွာ ကုသမႈခံယူေနပါတယ္။ ဒီ့မတိုင္ခင္က အမ်ားျပည္သူသြားလာတဲ့ေနရာေတြကို သူတို႔သြားခဲ့ၾကေပမဲ့ ဘယ္သူေတြနဲ႔ ထိေတ့ြခဲ့တယ္ဆိုတာ သိႏိုင္ဖို႔ မလြယ္လွဘူးလို႔ ကိုဗစ္လူနာ ၂ ေယာက္ကို ကူညီေပးေနကေျပာပါတယ္။ တခ်ိန္ထဲမွာ ျမန္မာႏိုင္ငံ တခ်ိဳ႕ေနရာေတြမွာ လူအမ်ားအျပား ကိုဗစ္ကူးစက္မႈေတြ ရွိေနတဲ့အေၾကာက္း ရန္ကုန္ကလာတဲ့သတင္းကို နန္းေလာဝ္ေျပာျပပါမယ္။
ျမန္မာႏိုင္ငံမွာ Omicron ကိုဗစ္မ်ိဳးကြဲကူးစက္သူ အတည္ျပဳလူနာ ၇၆ ေယာက္ရွိတဲ့ထဲမွာ ၂ ေယာက္က ျပည္တြင္းမွာ ပထမဆုံးကူးစက္ၾကတာျဖစ္ပါတယ္။ ႏိုင္ငံျခားက ျပန္လာသူေတြထဲက Omicron ပိုးကူးေနတဲ့ ကိုဗစ္အတည္ျပဳလူနာနဲ႔ အနီးကပ္ထိေတ့ြခဲ့တဲ့ မိသားစုဝင္ေတြျဖစ္တယ္လို႔ က်န္းမာေရးဌာနက ဇန္နဝါရီလ ၁၅ ရက္က သတင္းထုတ္ျပန္ထားပါတယ္။

ရန္ကုန္ၿမိဳ႕က Omicron အတည္ျပဳလူနာ ႏွစ္ယာက္ကို သကၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰမွာရွိတဲ့ ဇီဝကကုသေရး စင္တာကို တနဂၤေႏြေန႔က ပို႔ေဆာင္ေပးခဲ့တယ္လို႔ ကူညီ႐ြက္ေပးခဲ့သူတဦးက ေျပာပါတယ္။ အဲဒီ ၂ ေယာက္လုံး အမ်ားျပည္သူသြားလာတဲ့ ေနရာေတြကို သြားထားတာရွိေပမဲ့ ဘယ္သူေတြနဲ႔ ထိေတ့ြခဲ့တယ္ဆိုတာ သိႏိုင္ဖို႔ခက္တယ္လို႔ သူကေျပာပါတယ္။

"ႏွစ္ေယာက္လုံးေနေကာင္း က်န္းမာပါတယ္ခင္ဗ်။ ႏွစ္ေယာက္လုံး ကာကြယ္ေဆးထိုးၿပီးသားဆိုေတာ့ နည္းနည္းအေျခအေနေကာင္းပါတယ္။ Contact လိုက္ဖို႔ေတာ့ နည္းနည္းခက္တာေပါ့။ ဘာျဖစ္လို႔လဲဆို သူတို႔ဘာသူတို႔ Public area ေတြ သြားထားတာရွိတယ္။ ေနာက္ Secondary contact စုံစမ္းဖို႔က နည္းနည္းျပႆနာရွိေလာက္မယ္ ထင္တယ္ဗ်။ ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ စုံစမ္းစနည္းနာ ဒီေလာက္ပဲရွိမွာပဲေလ။ ဒီကာယကံရွင္ေတြ ကိုယ္တိုင္က ေဆးခန္းေရာက္မွပဲ သိမွာပဲေလ။ အခုျဖစ္ေနတာက ေတာ္႐ုံသင့္႐ုံလကၡဏာေတြပဲဆိုေတာ့ ေတာ္႐ုံတန္႐ုံေရာဂါနဲ႔လည္း ေရာႏိုင္တယ္ေလ။ ကိုယ္တိုင္သတိရွိမွပဲ အဆင္ေျပမယ့္အေနအထားျဖစ္မယ္လို႔ ထင္တာပဲဗ်။ ထပ္ၿပီးေတာ့ ဒီထက္မမ်ားလာပါေစနဲ႔ပဲ ဆုေတာင္းရမွာေပါ့ဗ်ာ။"

ေရာဂါပိုးရွိသူေတြကို ကိုဗစ္ကုသေရးစင္တာမွာ သီးျခားခြဲကုသေပးေနေပမဲ့ ေရာဂါကာကြယ္ေရးနဲ႔ ပတ္သက္တဲ့နည္းလမ္းေတြနဲ႔ စည္းမ်ဥ္းေတြကိုေတာ့ လမ္းထဲမွာ အထူးတလည္ခ်မွတ္ထားတာမ်ိဳး မရွိဘူးလို႔ ကပ္လ်က္လမ္းမွာ ေနသူက ခုလိုေျပာပါတယ္။

"အခုက အဖြားနဲ႔ အေမနဲ႔ကိုေတာ့ ၿပီးခဲ့တဲ့ ၃ ရက္ကေခၚသြားၿပီ။ ေကာင္ေလးက ေလယာဥ္ေမာင္ဆိုေတာ့ ေလယာဥ္ကြင္းက Quarantine မွာပဲ ထားထားတယ္ေျပာတယ္။ ကူးတာေတာ့ ဘယ္လိုကူးၾကလဲ မသိဘူး။ ေကာင္ေလးက ေလယာဥ္ကြင္းေရာက္ေတာ့ စစ္လိုက္ေတာ့ေတြ႕တယ္။ ေတြ႕ေတာ့ ဒီမွာကလည္း ၿပီးခဲ့တဲ့ရက္ေတြက ရွိတာေတြ႕ေတာ့ စစ္လိုက္ေတာ့ အဲလိုေတြ႕တယ္လို႔ေျပာတာပဲ။ ပထမတေခါက္က မထြက္ခင္မွာ သူက ေလယာဥ္နဲ႔အသြားအျပန္လုပ္ေနတာ ဆိုေတာ့ ေရွ႕တေခါက္ကပဲ ကူးသလား မေျပာတတ္ဘူး။ ရပ္ကြက္ထဲမွာေတာ့ ေအးေအးေဆးေဆးပဲ။"

ကိုဗစ္တတိယလႈိင္း ျပင္းထန္ခဲ့ခ်ိန္တုန္းက ကူးစက္ ေသဆုံးသူမ်ားခဲ့တဲ့ ျမန္မာႏိုင္ငံမွာ Omicron အႏၲရာယ္ သတိရွိဖို႔ကိုလည္း က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ကြၽမ္းက်င္သူေတြက သတိေပးေနပါတယ္။ တခ်ိန္တည္းမွာပဲ ဗဟိုဝန္ထမ္းတကၠသိုလ္ (ေဖာင္ႀကီး) မွာ တက္ေရာက္ေနတဲ့ သင္တန္းသား ၁၁၁ ဦးမွာ အစုလိုက္ အၿပဳံလိုက္ ေရာဂါပိုးေတြ႕ရွိတယ္လို႔ အေျခခံပညာဦးစီးဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တဲ့ စာတေစာင္ လူမႈကြန္ယက္ေပၚမွာ ေပၚေပါက္ခဲ့ပါတယ္။ လူမႈကြန္ယက္မွာ ဒီသတင္းပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ဗဟိုဝန္ထမ္းတကၠသိုလ္ (ေအာက္ျမန္မာျပည္) မွာ ေရာဂါပိုးေတြ႕ရွိတဲ့ ဓာတ္ခြဲနမူနာ ၄၅ ခုမွာ Omicron ပိုး မပါဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ရခိုင္ျပည္နယ္ထဲက စစ္ေတြၿမိဳ႕လည္း ေျပးခုန္ပစ္အားကစားသမား ၈ ဦးမွာလည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနတာ ေဆးစစ္ေတ့ြရွိခဲ့ပါတယ္။

သူတို႔ ၈ ေယာက္ကို ေဆး႐ုံႀကီးမွာ သီးျခားထားထားေပမယ့္ သူတို႔မွာေတြ႕ရွိတဲ့ပိုးက Delta ကိုဗစ္ပိုးလား၊ Omicron ကိုဗစ္ပိုးလားဆိုတာ အတိအက်မသိရေသးဘူးလို႔ ရခိုင္ျပည္ ကိုဗစ္ေစာင့္ၾကည့္ေရးအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"Delta ျဖစ္ဖို႔မ်ားပါတယ္။ ရခိုင္မွာက အဲဒီ Delta ေတြပဲ မ်ားတာေပါ့ေနာ္။ ေလာေလာဆယ္ကေတာ့ Omicron နဲ႔ပတ္သက္ၿပီးေတာ့ သတင္းေတြဘာေတြေတာ့ မၾကားေသးပါဘူး။ ဒီေရာဂါက ေႏွာင့္ေႏွးသြားၿပီဆိုရင္ လူေတြက ပိုၿပီးေတာ့ ေပါ့ဆလာတာေတြ ရွိတာေပါ့ေနာ္။ ဒီကာလမွာကေတာ့ ဘာပဲျဖစ္ျဖစ္ စီးပြားေရး၊ က်န္းမာေရး၊ လူမႈေရးကအစ နည္းနည္း အခက္အခဲေတြရွိေနေတာ့လည္း ကိုယ့္ကိုယ္ကိုယ္မေပါ့ေလ်ာ့တာက ပိုေကာင္းတယ္လို႔ပဲ က်ေနာ္တို႔ျမင္တာေပါ့ေနာ္။"

ျမန္မာႏိုင္ငံမွာ Omicron ကိုဗစ္ကပ္ေရာဂါပိုးကူးစက္ခံရသူေတြရွိေနခ်ိန္မွာ စစ္ေကာင္စီရဲ႕ ကိုဗစ္ကပ္ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ဗဟိုေကာ္မတီကေတာ့ ကပ္ေရာဂါၫႊန္ၾကားခ်က္ေတြကို အခုလကုန္တဲ့အထိ ဆက္ၿပီးလိုက္နာၾကဖို႔ကို သတိေပးထားပါတယ္။ ဒါ့အျပင္ ျပည္ပေလေၾကာင္းခရီးစဥ္ေတြကိုလည္း ျပန္လည္ခြင့္မျပဳေသးေပမယ့္ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေရာက္လာသူေတြကိုေတာ့ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိဓာတ္ခြဲစစ္ေဆးေနၿပီး Quarantine ကန႔္သတ္ခ်က္ေတြကိုလည္း လိုအပ္သလို တိုးျမႇင့္ေဆာင္႐ြက္ေနတယ္လို႔ သတင္းထုတ္ျပန္ေနပါတယ္။ ျပည္သူေတြအေနနဲ႔ ကိုဗစ္ကာကြယ္ေရးစည္းကမ္းေတြကို သတိထားလိုက္နာၾကဖို႔ ပရဟိ ကူညီေဆာင္႐ြက္ေပးသူေတြက တိုက္တြန္းေနၾကတာပါ။

.........................................................................................

Omicron ကိုဗစ်မျိုးကွဲ ပြည်တွင်းကူးစက်မှုရှိနေ

မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲ ပထမဆုံးပြည်တွင်းကူးစက်သူ ၂ ယောက် ရန်ကုန်မြို့က ဇီဝကကိုဗစ်ကုသရေးစင်တာမှာ ကုသမှုခံယူနေပါတယ်။ ဒီ့မတိုင်ခင်က အများပြည်သူသွားလာတဲ့နေရာတွေကို သူတို့သွားခဲ့ကြပေမဲ့ ဘယ်သူတွေနဲ့ ထိတေ့ွခဲ့တယ်ဆိုတာ သိနိုင်ဖို့ မလွယ်လှဘူးလို့ ကိုဗစ်လူနာ ၂ ယောက်ကို ကူညီပေးနေကပြောပါတယ်။ တချိန်ထဲမှာ မြန်မာနိုင်ငံ တချို့နေရာတွေမှာ လူအများအပြား ကိုဗစ်ကူးစက်မှုတွေ ရှိနေတဲ့အကြောက်း ရန်ကုန်ကလာတဲ့သတင်းကို နန်းလောဝ်ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲကူးစက်သူ အတည်ပြုလူနာ ၇၆ ယောက်ရှိတဲ့ထဲမှာ ၂ ယောက်က ပြည်တွင်းမှာ ပထမဆုံးကူးစက်ကြတာဖြစ်ပါတယ်။ နိုင်ငံခြားက ပြန်လာသူတွေထဲက Omicron ပိုးကူးနေတဲ့ ကိုဗစ်အတည်ပြုလူနာနဲ့ အနီးကပ်ထိတေ့ွခဲ့တဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ ကျန်းမာရေးဌာနက ဇန်နဝါရီလ ၁၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့က Omicron အတည်ပြုလူနာ နှစ်ယာက်ကို သင်္ကန်းကျွန်းမြို့နယ် သုဝဏၰမှာရှိတဲ့ ဇီဝကကုသရေး စင်တာကို တနင်္ဂနွေနေ့က ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီရွက်ပေးခဲ့သူတဦးက ပြောပါတယ်။ အဲဒီ ၂ ယောက်လုံး အများပြည်သူသွားလာတဲ့ နေရာတွေကို သွားထားတာရှိပေမဲ့ ဘယ်သူတွေနဲ့ ထိတေ့ွခဲ့တယ်ဆိုတာ သိနိုင်ဖို့ခက်တယ်လို့ သူကပြောပါတယ်။

"နှစ်ယောက်လုံးနေကောင်း ကျန်းမာပါတယ်ခင်ဗျ။ နှစ်ယောက်လုံး ကာကွယ်ဆေးထိုးပြီးသားဆိုတော့ နည်းနည်းအခြေအနေကောင်းပါတယ်။ Contact လိုက်ဖို့တော့ နည်းနည်းခက်တာပေါ့။ ဘာဖြစ်လို့လဲဆို သူတို့ဘာသူတို့ Public area တွေ သွားထားတာရှိတယ်။ နောက် Secondary contact စုံစမ်းဖို့က နည်းနည်းပြဿနာရှိလောက်မယ် ထင်တယ်ဗျ။ လောလောဆယ်ကတော့ ကျနော်တို့ စုံစမ်းစနည်းနာ ဒီလောက်ပဲရှိမှာပဲလေ။ ဒီကာယကံရှင်တွေ ကိုယ်တိုင်က ဆေးခန်းရောက်မှပဲ သိမှာပဲလေ။ အခုဖြစ်နေတာက တော်ရုံသင့်ရုံလက္ခဏာတွေပဲဆိုတော့ တော်ရုံတန်ရုံရောဂါနဲ့လည်း ရောနိုင်တယ်လေ။ ကိုယ်တိုင်သတိရှိမှပဲ အဆင်ပြေမယ့်အနေအထားဖြစ်မယ်လို့ ထင်တာပဲဗျ။ ထပ်ပြီးတော့ ဒီထက်မများလာပါစေနဲ့ပဲ ဆုတောင်းရမှာပေါ့ဗျာ။"

ရောဂါပိုးရှိသူတွေကို ကိုဗစ်ကုသရေးစင်တာမှာ သီးခြားခွဲကုသပေးနေပေမဲ့ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့နည်းလမ်းတွေနဲ့ စည်းမျဉ်းတွေကိုတော့ လမ်းထဲမှာ အထူးတလည်ချမှတ်ထားတာမျိုး မရှိဘူးလို့ ကပ်လျက်လမ်းမှာ နေသူက ခုလိုပြောပါတယ်။

"အခုက အဖွားနဲ့ အမေနဲ့ကိုတော့ ပြီးခဲ့တဲ့ ၃ ရက်ကခေါ်သွားပြီ။ ကောင်လေးက လေယာဉ်မောင်ဆိုတော့ လေယာဉ်ကွင်းက Quarantine မှာပဲ ထားထားတယ်ပြောတယ်။ ကူးတာတော့ ဘယ်လိုကူးကြလဲ မသိဘူး။ ကောင်လေးက လေယာဉ်ကွင်းရောက်တော့ စစ်လိုက်တော့တွေ့တယ်။ တွေ့တော့ ဒီမှာကလည်း ပြီးခဲ့တဲ့ရက်တွေက ရှိတာတွေ့တော့ စစ်လိုက်တော့ အဲလိုတွေ့တယ်လို့ပြောတာပဲ။ ပထမတခေါက်က မထွက်ခင်မှာ သူက လေယာဉ်နဲ့အသွားအပြန်လုပ်နေတာ ဆိုတော့ ရှေ့တခေါက်ကပဲ ကူးသလား မပြောတတ်ဘူး။ ရပ်ကွက်ထဲမှာတော့ အေးအေးဆေးဆေးပဲ။"

ကိုဗစ်တတိယလှိုင်း ပြင်းထန်ခဲ့ချိန်တုန်းက ကူးစက် သေဆုံးသူများခဲ့တဲ့ မြန်မာနိုင်ငံမှာ Omicron အန္တရာယ် သတိရှိဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ တချိန်တည်းမှာပဲ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှာ တက်ရောက်နေတဲ့ သင်တန်းသား ၁၁၁ ဦးမှာ အစုလိုက် အပြုံလိုက် ရောဂါပိုးတွေ့ရှိတယ်လို့ အခြေခံပညာဦးစီးဌာနက ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စာတစောင် လူမှုကွန်ယက်ပေါ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ လူမှုကွန်ယက်မှာ ဒီသတင်းပျံ့နှံ့ခဲ့ပြီးနောက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှာ ရောဂါပိုးတွေ့ရှိတဲ့ ဓာတ်ခွဲနမူနာ ၄၅ ခုမှာ Omicron ပိုး မပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့လည်း ပြေးခုန်ပစ်အားကစားသမား ၈ ဦးမှာလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်နေတာ ဆေးစစ်တေ့ွရှိခဲ့ပါတယ်။

သူတို့ ၈ ယောက်ကို ဆေးရုံကြီးမှာ သီးခြားထားထားပေမယ့် သူတို့မှာတွေ့ရှိတဲ့ပိုးက Delta ကိုဗစ်ပိုးလား၊ Omicron ကိုဗစ်ပိုးလားဆိုတာ အတိအကျမသိရသေးဘူးလို့ ရခိုင်ပြည် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"Delta ဖြစ်ဖို့များပါတယ်။ ရခိုင်မှာက အဲဒီ Delta တွေပဲ များတာပေါ့နော်။ လောလောဆယ်ကတော့ Omicron နဲ့ပတ်သက်ပြီးတော့ သတင်းတွေဘာတွေတော့ မကြားသေးပါဘူး။ ဒီရောဂါက နှောင့်နှေးသွားပြီဆိုရင် လူတွေက ပိုပြီးတော့ ပေါ့ဆလာတာတွေ ရှိတာပေါ့နော်။ ဒီကာလမှာကတော့ ဘာပဲဖြစ်ဖြစ် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ နည်းနည်း အခက်အခဲတွေရှိနေတော့လည်း ကိုယ့်ကိုယ်ကိုယ်မပေါ့လျော့တာက ပိုကောင်းတယ်လို့ပဲ ကျနော်တို့မြင်တာပေါ့နော်။"

မြန်မာနိုင်ငံမှာ Omicron ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံရသူတွေရှိနေချိန်မှာ စစ်ကောင်စီရဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကတော့ ကပ်ရောဂါညွှန်ကြားချက်တွေကို အခုလကုန်တဲ့အထိ ဆက်ပြီးလိုက်နာကြဖို့ကို သတိပေးထားပါတယ်။ ဒါ့အပြင် ပြည်ပလေကြောင်းခရီးစဉ်တွေကိုလည်း ပြန်လည်ခွင့်မပြုသေးပေမယ့် ကယ်ဆယ်ရေးလေယာဉ်နဲ့ ရောက်လာသူတွေကိုတော့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိဓာတ်ခွဲစစ်ဆေးနေပြီး Quarantine ကန့်သတ်ချက်တွေကိုလည်း လိုအပ်သလို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်နေပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေကို သတိထားလိုက်နာကြဖို့ ပရဟိ ကူညီဆောင်ရွက်ပေးသူတွေက တိုက်တွန်းနေကြတာပါ။

XS
SM
MD
LG