သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဒေလီမြို့တော် ညစ်ညမ်းလေထု ဖုံးလွှမ်း


Pedestrians walk along the Kartavya Path in front of the India Gate amid heavy smoggy conditions in New Delhi on November 13, 2023.
Pedestrians walk along the Kartavya Path in front of the India Gate amid heavy smoggy conditions in New Delhi on November 13, 2023.

အိန္ဒိယနိုင်ငံမှာ တောင်ယာမီးရှို့မှုတွေ မလုပ်ကြဖို့ တရားရုံးက အမိန့်ထုတ်ထားတဲ့ကြားကဘဲ အနားကပြည်နယ်တွေမှာ ဆက်ပြီးမီးရှို့နေကြတာကြောင့် နယူးဒေလီမြို့တော်မှာ ထူထပ်တဲ့ မီးခိုးတွေ ဖုံးလွှမ်းနေပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နယူးဒေလီမြို့တော်ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့ အညွှန်းကိန်း ၄၅၀ ကျော်ကိုရောက်နေပါတယ်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူခက်ခဲတယ်လို့ ဒေသခံတွေ ပြောနေကြသလို အိမ်ပြင်ထွက် လုပ်ကိုင်နေတဲ့ ပုံမှန်အလုပ်တွေတောင် လုပ်လို့မရကြဘူးလို့ ပြောပါတယ်။ ဒေလီရဲ့ မြောက်ဘက်မှာရှိတဲ့ ပန်ဂျပ်ပြည်နယ်ထဲမှာ ဗဟိုတရားရုံးချုပ်ရဲ့အမိန့်ကို ဖီဆန်ပြီး လယ်သမားတွေက တောင်ယာမီးရှို့မှု ၂,၅၀၀ ကျော်လုပ်ခဲ့ကြတယ်လို့ ဒေသတွင်းကလာတဲ့သတင်းတွေမှာ ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဥပဒေချိုးဖောက်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လေထုညစ်ညမ်းမှု အနည်းငယ် သက်သာခဲ့ပေမယ့် အခုသီတင်းပတ် အစောပိုင်းကစပြီး ပြန်ဆိုးလာတာကြောင့် ဒါကို ထိန်းသိမ်းကာကွယ်ဖို့ အိန္ဒိယ တာဝန်ရှိသူတွေ ဆေးနွေးနေကြပါတယ်။ လေထုညစ်ညမ်းမှုသက်သာအောင် မိုးအတုရွာအောင်လုပ်မယ့် အစီအစဉ်ဟာလည်း မိုးလေဝသအခြေအနေ မပေးတာကြောင့် ဖျက်ခဲ့ရပါတယ်။
မော်တော်ယာဉ်တွေ၊ စက်ရုံ အလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေက ထွက်လာတဲ့ ဖုန်မှုန့်တွေနဲ့ အခုလို တောင်ယာ မီးရှို့မှုတွေကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ် ဆောင်းရာသီရောက်တိုင်း အခုလို လေထုညစ်ညမ်းမှုတွေ၊ မီးခိုးငွေ့တွေ ထူထပ်မှုတွေ ဖြစ်‌ပေါ်လေ့ ရှိပါတယ်။ လက်ရှိမှာတော့ နယူးဒေလီမြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းဖို့ အမိန့်ထားပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

XS
SM
MD
LG