သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိဘဏ်တွေ ပြန်ဖွင့်ခွင့် ရတော့မည်


ဂရိဘဏ် ငွေထုတ်စက် (ဇူလိုင် ၃၊ ၂၀၁၅)
ဂရိဘဏ် ငွေထုတ်စက် (ဇူလိုင် ၃၊ ၂၀၁၅)

ဂရိနိုင်ငံဟာ ဥရောပ အိမ်နီးချင်းနိုင်ငံတွေဆီကနေ ကြာသပတေးနေ့က ဘဏ္ဍာငွေ အကူအညီ ရလိုက်တာကြောင့် သီတင်း နှစ်ပတ်ကျော်ကြာ ပိတ်ထားရတဲ့ ဘဏ်တွေ ပြန်ဖွင့်ခွင့်ရတော့မှာဖြစ်ပါတယ်။

ဂရိဘဏ်တွေအတွက် အရေးပေါ် ရန်ပုံငွေကို ဒေါ်လာ ၉၇၈ သန်းအထိ ဥရောပဗဟိုဘဏ် ECB က တိုးမြှင့်ပေးလိုက်တာပါ။ အဲဒါကြောင့် ဘဏ်တွေကို တနင်္လာနေ့မှာ ပြန်ဖွင့်ခွင့်ရစေမယ်လို့ ဂရိအစိုးရကပြောပါတယ်။ ဘဏ်တွေမှာရှိတဲ့အပ်ငွေတွေကို အပြေးအလွှား လာထုတ်ကြမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဇွန်လနှောင်းပိုင်းမှာ ဘဏ်တွေကို ပိတ်ထားခဲ့တာပါ။

နောက်ထပ် ချေးငွေ ရဖို့အတွက် ခြိုးခြံချွေတာရေး အစီအစဉ်သစ်တွေအပေါ် ဥရောပ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ မြီရှင်တွေနဲ့ သဘောတူညီ ချက်တခုရဖို့ အပြင်းအထန် ဆွေးနွေးခဲ့ရတာနဲ့အမျှ ဘဏ်တွေကို ပိတ်ထားခဲ့တာပါ။

လမ်းဘေးတွေမှာရှိတဲ့ ငွေထုတ်စက်ထုတ်တွေကနေ တရက်ကို ယူရိုငွေ ၆၀ ပဲထုတ်ယူဖို့ ငွေအပ်ထားသူတွေကို ကန့်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ်တွေ ပြန်ဖွင့်ခွင့်ရတာနဲ့အမျှ သီတင်းတပတ်မှာ ငွေထုတ်ယူနိုင်တဲ့ပမာဏ ကန့်သတ်ချက်ကို လျှော့ပေါ့ပေး သွားဖွယ်ရှိတယ်လို့ အစိုးရကပြောပြီး ငွေပမာဏ ဘယ်လောက်ဆိုတာကိုတော့ မပြောပါဘူး။

XS
SM
MD
LG