သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့ မြန်မာအစိုးရသစ် ဆက်ဆံရေးသစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ အခုလာမယ့် ဗုဒ္ဒဟူးနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ မိန်ခွန်းပြောကြားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့အတွက် ကုလသမဂ္ဂအနေနဲ့ နှစ်ပေါင်းများစွာကြာအောင် တိုက်တွန်းလာခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေ အရာရောက်လာပါပြီလား ဒေါ်အောင်ဆန်းစုကြည်လက်ထက် ကုလနဲ့ မြန်မာဆက်ဆံရေးအခြေအနေ ဘယ်လို ရှိလာမလဲ။ အင်္ဂါနေ့ ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဒီအကြောင်းဆွေးနွေးထားပါတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းများ CSO Forum ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မသိန္ဒီဦး၊ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တွဲဖက် တာဝန်ခံ ကိုဘိုကြည်တို့က ပင်တိုင် ဆွေးနွေးထားကြပါတယ်။

ကုလနဲ့ မြန်မာအစိုးရသစ် ဆက်ဆံရေးသစ်
please wait

No media source currently available

0:00 0:21:54 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG