သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်ကို တိုက်ခိုက်ဖို့ IS ခြိမ်းခြောက်


ဝါရှင်တန်ဒီစီ လွှတ်တော်။
ဝါရှင်တန်ဒီစီ လွှတ်တော်။

IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ကလို့ မှတ်ယူရတဲ့ ဗွီဒီယိုမှတ်တမ်းခွေတခုထဲမှာ ပါရီမြို့မှာ တိုက်ခိုက်ခံရတဲ့ပုံစံမျိုးနဲ့ အမေရိကန် ဝါရှင်တန်မြို့တော်ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီကနေ့ လူမှုကွန်ရက်တွေပေါ်တက်လာတဲ့ ဗွီဒီယိုထဲမှာတော့ စစ်သွေးကြွ ချေမှုန်းရေး စစ်ဆင်ရေးလုပ်ငန်းတွေမှာ ပါဝင်နေကြတဲ့ နိုင်ငံအားလုံးကို ပြင်သစ်နိုင်ငံ ကြုံတွေ့ခဲ့ရသလို ကံကြမ္မာမျိုးနဲ့ ကြုံရစေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီဗွီဒီယိုခွေထဲမှာ ခြိမ်းခြောက်ပြောဆိုနေတဲ့သူကတော့ အထူးသဖြင့် အမေရိကန်နိုင်ငံ မြို့တော်ကို တိုက်ခိုက်မယ်လို့ ပြောဆိုထားပါတယ်။ ဒီဗွီဒီယိုခွေ ဘယ်လောက်အထိ စစ်မှန်မှုရှိသလဲ ဆိုတာတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအရာရှိတွေက မှတ်ချက်ပေးပြောဆိုတာလည်း မရှိသေးပါဘူး။

XS
SM
MD
LG