သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

United လေကြောင်းလိုင်း ခရီးသည်နှစ်ဦး အီဘိုလာသံသယနဲ့ CDC ခေါ်သွား


CDC ဌာနက ထုတ်ပြန်ထားသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုး ရုပ်ပုံ။
CDC ဌာနက ထုတ်ပြန်ထားသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုး ရုပ်ပုံ။

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ စနေနေ့က ဆိုက်လာတဲ့ United Airlines လေယာဉ်ပေါ်ပါ ခရီးသည်နှစ်ဦးထဲ က တဦးဆီမှာ အီဘိုလာရောဂါပိုးကူးစက်ထားတာ ဖြစ်နိုင်တဲ့ အရိပ်လက္ခဏာတွေတွေ့ရတဲ့အတွက် ပြည်ထောင်စု ကျန်းမာရေး ဆိုင်ရာတာဝန်ရှိသူတွေကို သူတို့ကို ခေါ်ဆောင်သွားပါတယ်။

ခရီးသည်တွေကတော့ လိုင်ဘေးရီးယားကလာတာလို့ ယူဆတဲ့ အမျိုးသားတဦးနဲ့ သူ့ရဲ့သမီးတို့ဖြစ်တယ်လို့ ABC ရုပ်သံသတင်း ဌာနကပြောပါတယ်။ ဖခင်ဖြစ်သူဟာ လေယာဉ်ပေါ်မှာ အန်လာတယ် လို့ ပြောကြပေမယ့် သူ့မှာ အီဘိုလာရှိနေတယ်ဆိုတဲ့ သိသာတဲ့ အရိပ် လက္ခဏာမတွေ့ရဘူးလို့ အခြေအနေကို ရှင်းလင်းပြောပြတဲ့ တာဝန်ရှိသူ တဦးကို ကိုးကားပြီး ABC သတင်းဌာနက ပြောပါတယ်။

ဘေးအန္တရာယ်ကနေ ကာကွယ်တဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ရောဂါပိုး ထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန CDC တာဝန် ရှိသူတွေက ခရီးသည် နှစ်ဦးစလုံးကို ခေါ်ထုတ်သွားတာပါ။

သူတို့လိုက်ပါလာတဲ့ United လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၉၉၈ ဟာ ဘရပ်ဆဲလ်မြို့တော်ကနေ ထွက်ခွာလာပြီး Newark Liberty အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆိုက်ရောက်တာပါ။

ကျန်တဲ့ခရီးသည်တွေကိုတော့ လိုရာခရီး ဆက်သွားဖို့ ခွင့်ပြုခဲ့တယ်လို့ သတင်းတွေကပြောပါတယ်။

XS
SM
MD
LG