သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီဝင် ငါဦး ပြန်လည်လွတ်မြောက်


ပြန်လည်လွတ်မြောက်လာတဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်(၅)ဦး ( မွန်ပြည်သစ်ပါတီ)
ပြန်လည်လွတ်မြောက်လာတဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်(၅)ဦး ( မွန်ပြည်သစ်ပါတီ)

မြန်မာအစိုးရနဲ့မကြာမီNCAလက်မှတ်ရေးထိုးဖို့ထုတ်ပြန်ထားတဲ့မွန်ပြည်သစ်ပါတီပါတီရဲ့ ထိန်းသိမ်းခံထားရတဲ့တပ်ဖွဲ့ဝင်(၅)ဦးကို ဒီကနေ့မှာ ကျိုက်မရောအကျဉ်းထောင်ကနေလွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ အစိုးရကဖမ်းဆီးထားတဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်(၅)ဦးကို နိုင်ငံတော်သမ္မတရုံးရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထား ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အရ မွန်ပြည်နယ်ကျိုက်မရော အကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင် (၅) ဦးကို ဒီမနက်မှာ ပြန်လည်လွှတ် ပေးလိုက်ပြီးလို့ မွန်ပြည်သစ်ပါတီမော်လမြိုင်ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးထောနွန်က မွန်ဘာသာနဲ့အခုလို ပြောပါ တယ်။

"ပြန်လည်လွှတ်ပေးပြီးပြီး။ သထုံခရိုင်ကတပ်ဖွဲ့ဝင်တယောက်ကို ကြံတောရွာကိုပို့ထားပြီးပြီး။ ထားဝယ်ခရိုင်အဖွဲ့က ရေးမြို့ကိုပြန်ပြီး။ မော်လမြိုင်ခရိုင်ကတပ်ဖွဲ့ဝင် တယောက်ကိုလဲပို့လိုက်ပြီးပြီး။"

ဒီလိုလွတ်မြောက်လာတာဟာ နိုင်ငံတော်သမ္မတရုံးကနေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရလို့ တခြားမွန်ပြည်သစ်ပါတီတာဝန်ရှိ သူ တဦးကဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်(၅)ဦးဟာ လက်နက်ကိုင်ဆောင်မှု အကောက်ခွန်ကောက်ခံမှုနဲ့မနှစ်က မြန်မာအစိုးရကနေဖမ်းဆီးထိမ်းသိမ်း ထားခြင်းခံခဲ့ရတဲ့ သူတွေဖြစ်ကြပါတယ်။

မွန်ပြည်သစ်ပါတီအဖွဲ့ဝင်(၅)ဦးကို ပြန်လွှတ်ပေးတာဟာ မွန်ပြည်သစ်ပါတီအနေနဲ့ NCAအပစ်ရပ်လက်မှတ်ရေးထိုးဖို့ နိုင်ငံ တော် အကြီးအကဲတွေကိုကတိပြုထားတဲ့ ဖြစ်စဉ်နဲ့သက်ဆိုင်နေတယ်လို့ မွန်နိုင်ငံရေးလေ့လာသုံးသပ်သူနိုင်မင်းမင်းနွယ် ကဆိုပါတယ်။

"မွန်ပြည်သစ်ပါတီသွားလာတာတချို့က လက်နက်မယူ ဆောင်ရဆိုပြီးတော့ လက်နက်အတိုတွေယူလာ ဖမ်းမိတဲ့ဟာတွေရော နောက်ပြီးတော့သူတို့ရန်ပုံငွေကိစ္စတွေ လှုပ်ရှားတဲ့အခါမှာလဲ ဖမ်းဆီးထားတယ်ဆိုတော့အဲတာကို ဒါက NCA မထိုးလို့ ဒီလိုမျိုး ဖိအားပေးတဲ့ပုံစံမျိုး သွားဖြစ်နေတယ်။ အခုက NCAထိုးဖို့အလား အလာကနီးစပ်နေပြီး။ တကယ့်ကို နိုင်ငံတော်အတိုင်ပင်ခံနဲ့ညှိနှိုင်းပြီးသွားပြီး။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နဲ့လည်း ညှိနှိုင်းပြီး သွား ပြီး။"

မနှစ်ကဒီအချိန်မှာ မွန်ပြည်သစ်ပါတီကနေကျင်းပတဲ့မွန်အမျိုးသားနေ့အခမ်းအနားကို စစ်အင်အားနဲ့ကျင်းပခြင်းမပြုဖို့ တပ်မ တော်ကနေ တားဆီးပိတ်ပင်ခဲ့သလို လိုက်နာမှုမရှိတဲ့အတွက် မွန်ပြည်သစ်အကောက်ခွန်စခန်း(၃)ခုကို သိမ်းပိုက်ခဲ့ပါတယ်။ မွန်ပြည်သစ်အခြေပြုရာဒေသတွေမှာလည်း တပ်မတော်ကနေ အကြောင်းကြားခြင်းမရှိဘဲ ဝင်ထွက်မှုတွေလုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖွဲ့တပ်ဖွဲ့ အကြားတိုက်ပွဲဖြစ်ပွါးမှုတော့ မရှိခဲ့ပါဘူး။

ဇန်နဝါရီ ၂၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ကြ အပြီး မကြာခင် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ NCA လက်မှတ်ရေးထိုးသွားမယ့် အခြေအနေအပေါ် မွန်နိုင်ငံရေးလေ့လာသုံးသပ်သူနိုင်မင်းမင်းနွယ် က အခုလို သုံးသပ်ထားပါတယ်။

"ကောင်းကျိုးကဘာဖြစ်လာမလဲဆိုတော့ နိုင်ငံရေးအရ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ပေါင်းစည်းဆက်ဆံပြီးတော့ လုပ်ဆောင်သွား ဖို့အခန်းကဏ္ဍမှာလဲ နဲနဲကျယ်ကျယ်ပြန့်ပြန့်လေး လွတ်လွတ်လပ်လပ်လေး တခြားသော ပိတ်ပင်ခံရတဲ့အခွင့်အရေး တချို့တွေ လဲပြန်ပြီးတော့ ပွင့်လန်းလာမယ့် သဘောမျိုးအနေအထားမှာလဲရှိတယ်။"

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဟာ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီအဖွဲ့မှာ ပါဝင်နေသလို တကယ်လို့NCAလက်မှတ်ရေးထိုးခဲ့ရင် UNFCအတွင်းရှေ့ဆက်သွားဖို့ဟာ ခက်ခဲမဲ့အခြေ အနေမှာရှိနေပါတယ်။

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဟာဖေဖော်ဝါရီ ၁၀ ရက်နေ့မတိုင်မီ NCA လက်မှတ်ရေး ထိုးသွားမယ်လို့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး ထိပ်ပိုင်းခေါင်းဆောင်တွေက မီဒီယာတွေကိုပြောဆို မှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG