သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးသစ် ခန့်အပ်


အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးသစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန်လဲဖြစ် အာဆီယံ ရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်လင်းကို ခန့်အပ်လိုက်တဲ့အပေါ် အမေရိကန်သံရုံးက ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်နေ့တုန်းက ခန့်အပ်ကြောင်း ကြေညာခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဝမ်းသာ ဂုဏ်ယူကြောင်းနဲ့ သံအမတ်ကြီးဖြစ်လာမယ့် ဦးအောင်လင်းနဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ထားကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။

ဦးအောင်လင်းဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူးတာဝန်နဲ့ ၁၉၈၃ ခုနှစ်မှာစတင် တာဝန်ထမ်းခဲ့ပါတယ်။ အဲဒီနောက် ဟောင်ကောင်၊ တောင်အာဖရိကနဲ့ New York မြို့တွေက မြန်မာသံရုံးတွေမှာ သံအရာရှိအနေနဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်က အမေရိကန်နဲ့ မြန်မာကြား သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ပြီး၊ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာမှ ၂ နိုင်ငံ သံအမတ်အဆင့်ကို ပြန်လည်တိုးမြှင့်ခန့်အပ်ခဲ့ပါတယ်။ အဲဒီလို သံအမတ်အဆင့် ပြန်လည်တိုးမြှင့်လိုက်ပြီးနောက်မှာ အခု ခန့်အပ်လိုက်တဲ့ ဦးအောင်လင်းက တတိယမြောက် အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG